TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 10:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

မ စိုးရိမ် ကြနှင့်။ မ ကြောက် ကြနှင့်။ အထက် က ငါဟော ပြောပြသသည်မ ဟုတ်လော။ သင် တို့သည် ငါ ၏ သက်သေ ဖြစ်ကြ၏။ ငါ မှတပါး အခြားသော ဘုရား သခင်ရှိ သလော။ ငါမှတပါး အခြားသော မူလအမြစ်မ ရှိ။ တစုံတဦးကိုမျှငါမ သိ။

ထိုကြောင့် ၊ ယေရုရှလင် မြို့ကိုတဖန် တည်ထောင် ပြုစုစေခြင်းငှါ ၊ အမိန့် တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင် ၊ ခုနစ် သိတင်း နှင့် ခြောက် ဆယ်နှစ် သိတင်း ကြာလိမ့်မည်ဟု သိမှတ် နားလည် လော့။ အနှောင့် အရှက် ခံရသောကာလ ၌ မြို့လမ်း ကို တဖန် တည်ထောင် ပြုစုရမည်ဟု စီရင် ဆုံးဖြတ်ခြင်းရှိ၏။

¶ ငါ သည်လည်း မေဒိ အမျိုး ဒါရိ မင်းကြီးနန်းစံပဌမ နှစ် တွင် သူ့ကို နှိုးဆော် ၍ ခိုင်ခံ့ မြဲမြံစေခြင်းငှါ ကြိုးစား အားထုတ်လေ၏။

¶ ထို ကာလ ၌ သင့် အမျိုးသား ချင်းတို့၏အမှုကို စောင့် သော အရှင် ကြီး မိက္ခေလ သည် ပေါ် လာလိမ့်မည်။ လူမျိုး တစုံတမျိုးမျှဖြစ် သည်ကာလမှစ၍ထို ကာလ တိုင်အောင် ၊ မ ဖြစ် စဖူးသော ဆင်းရဲ ဒုက္ခကပ်ကာလ သည် ရောက် လိမ့်မည်။ ထို ကာလ အခါ စာစောင် ၌ စာရင်း ဝင်သမျှ သောသင် ၏အမျိုးသား ချင်းတို့သည် ကယ်လွှတ် ခြင်းသို့ ရောက်ကြလိမ့်မည်။

အကယ် စင်စစ်အရှင် ထာဝရဘုရား သည် မိမိ ကျွန် ပရောဖက် တို့အား မဘော် မပြဘဲ အဘယ်အမှုကိုမျှ စီရင် တော်မ မူ။

ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင် သည် ကမ္ဘာ ဦးမှစ၍ မိမိစီရင် တော်မူသမျှသော အမှုအရာတို့ကိုသိ တော်မူသည်။

ကောင်းကင် ၌ စစ် ဖြစ် ၏။ မိက္ခေလ နှင့် သူ ၏ ကောင်းကင်တမန် တို့သည် နဂါး ကို စစ်တိုက် ကြ၏။ နဂါး နှင့် သူ ၏တမန် တို့သည် စစ်တိုက် ၍ မ နိုင် ကြ။ ကောင်းကင် ၌ လည်း သူ တို့နေစရာ မ ရှိ ။