TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 7:22

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သန့်ရှင်း သူတို့သည် ဘုန်းကြီး ၍ ဝမ်းမြောက် ဝမ်းသာကြစေ။ ကျိန်းဝပ် ရာပေါ် မှာ ရွှင်လန်းစွာ သီချင်း ဆိုကြစေ။

ထိုအခါ ငါကြည့်ရှု စဉ် ၊ ရာဇ ပလ္လင်များကို တည် ထားလျက်ရှိ၍ ၊ အသက်ကြီးသော သူတဦးသည် ထိုင် တော်မူ၏။ အဝတ် တော်သည် မိုဃ်းပွင့် ကဲ့သို့ ဖြူ ၏။ ဆံပင် တော်သည် ဖြူ သော သိုးမွှေး နှင့် တူ၏။ ပလ္လင် တော်သည် မီး လျှံ ဖြစ်၏။ ပလ္လင်တော်အောက်၌ မီး စက်လှည်းဘီး ရှိ၏။

¶ ယေရှု က၊ ငါအမှန် ဆို သည်ကား၊ အလုံးစုံသောအရာတို့ကို အသစ် ပြုပြင်သောကာလ၌ လူ သား သည် ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောအခါ ၊ ငါ့ နောက်သို့လိုက် ကြသောသင် တို့သည် တစ်ဆယ့်နှစ် ခု သော ပလ္လင် ပေါ်မှာ ထိုင် လျက်၊ ဣသရေလ လူတစ်ဆယ့်နှစ် မျိုး ကို စစ်ကြော စီရင်ရကြလတံ့။

သန့်ရှင်း သူတို့သည် လောကီ နိုင်ငံကို တရား စီရင်မည်ဟု မ သိ ကြသလော။ သင် တို့သည် လောကီ နိုင်ငံကို စီရင် ရသည်မှန်လျှင် ၊ အငယ်ဆုံး သော အမှုများကို မ စီရင် ထိုက်သလော။

မိမိ ခမည်းတော် ဘုရားသခင့် ရှေ့ ၌ ငါ တို့ကို ရှင်ဘုရင် အရာ၌၎င်း၊ ယဇ် ပုရောဟိတ်အရာ၌ ခန့်ထား တော်မူသောသူသည်၊ ကမ္ဘာ အဆက်ဆက်ဘုန်း အသရေ၊ အစွမ်း သတ္တိရှိ တော်မူစေသတည်း။ အာမင် ။

အကျွန်ုပ် တို့၏ ဘုရားသခင် ရှေ့မှာ၊ ရှင်ဘုရင် အရာ၌၎င်း ၊ ယဇ် ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား ၍ ၊ မြေကြီး ပေါ်မှာ စိုးစံ ရသော အခွင့်ကိုပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင် ကို ခံယူ ၍တံဆိပ် တို့ကို ဖွင့် ထိုက် တော်မူ၏ဟု အသစ် သောသီချင်း ကိုသီ ၍ လျှောက်ဆို ကြ၏။

ဘုရားသခင် ကိုကြောက်ရွံ့ ၍ ချီးမွမ်း ကြလော့။ တရား စီရင်တော်မူသော အချိန် ရောက်လာ ပြီ။ ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ နှင့် စမ်း ရေ တွင်းတို့ကို ဖန်ဆင်း တော်မူသောအရှင် ကို ကိုးကွယ် ကြလော့ဟု ကြီး သော အသံ နှင့် ပြောဆို ၍ ကောင်းကင် အလယ်၌ ပျံဝဲ လျက် ရှိသည်ကို ငါမြင် ၏။

ပလ္လင် များကိုလည်း ငါမြင် ၏။ ပလ္လင် ပေါ်မှာ ထိုင် သော သူ တို့သည် တရား စီရင်ရသောအခွင့်ကို ရကြ၏။ သားရဲ နှင့် သူ ၏ရုပ်တု ကိုမ ကိုးကွယ် ၊ သူ တို့၏ တံဆိပ် လက်မှတ်ကို နဖူး ၌ မ ခံ ၊ လက် ၌ မခံဘဲနေ၍ ယေရှု ၏ သက်သေခံ တော်မူချက်နှင့် ဘုရားသခင် ၏ နှုတ်ကပတ် တော်ကြောင့် ၊ လည်ပင်း ဖြတ်ခြင်းကို ခံရသော သူ တို့၏ ဝိညာဉ် များကို ငါမြင်၏။ သူတို့သည် အသက် ရှင်၍ အနှစ် တစ်ထောင် ပတ်လုံးခရစ်တော် နှင့်အတူ စိုးစံ ရကြ၏။