TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 7:9

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

¶ မိက္ခါကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ပါ။ ထာဝရဘုရား သည် ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူသည်ကို၎င်း ၊ ကောင်းကင် ဗိုလ်ခြေ အပေါင်း တို့သည် လက်ျာ တော်ဘက် လက်ဝဲ တော်ဘက် ၌ ရပ် နေကြသည်ကို၎င်းငါမြင် ပြီ။

တောင် များကို မ ဘော်၊ မြေကြီး နှင့် လောကဓါတ် ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍ ၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရား သခင်ဖြစ်တော်မူ၏။

ငါလျှောက် သော အချက်ဟူမူကား၊ အို အကျွန်ုပ် ၏ဘုရား ၊ အကျွန်ုပ် ကို အသက် ပျို စဉ် ပင် ပယ်ရှင်း တော် မ မူပါနှင့်။ ကိုယ်တော် ၏ နှစ် တို့သည် ကာလ အစဉ် အဆက်မြဲကြပါ၏။

¶ ဩဇိ မင်းကြီး အနိစ္စ ရောက်သော နှစ် တွင် ၊ ထာဝရ ဘုရားသည် အလွန်မြင့်မြတ် သောပလ္လင် ပေါ် မှာ ထိုင် တော်မူသည်ကို ငါမြင် ၏။ အဝတ် တော်တန်ဆာသည် ဗိမာန် တော်ကို ဖြည့် လေ၏။

ဧလံ ပြည်၌ ငါ ၏ပလ္လင် ကို တည် ထား၍ ၊ ရှင်ဘုရင် နှင့် မင်းသား တို့ကို သုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

ထို ရထားဘီး တို့၏ အဆင်း အရောင်သည်ကား ၊ ကျောက်မျက်ရွဲ အဆင်း အရောင်နှင့် တူ၏။ ထို လေး ခုတို့ သည် အဆင်း အရောင်တညီ တည်း ရှိကြ၏။ ပုံ သဏ္ဍာန်မူကား ၊ ဘီး တခုအထဲ ၌ ဘီး တခုတပ်သကဲ့သို့ ဖြစ် ၏။

ပိတ် အဝတ်ကိုဝတ် သောသူ အား လည်း ၊ ရထား ဘီး တို့အကြား မှာ ခေရုဗိမ် အောက် သို့ ဝင် လော့။ ခေရုဗိမ် အကြား မှာရှိသော မီးခဲ တို့ကို လက် နှစ်ဘက်နှင့် ကျုံးပြီးလျှင် ၊ မြို့ အပေါ် မှာ ဖြန့်ကြဲ လော့ဟု မိန့်တော်မူသည် အတိုင်း၊ ထိုသူသည် ငါ့ မျက်မှောက် ၌ သွား ၏။

လက် နှင့် မ ထုမလုပ်ဘဲ ကျောက် တလုံးသည် တောင် ပေါ်က အလိုလိုပဲ့ကွာ ၍၊ သံ ၊ ကြေးဝါ ၊ သရွတ် ၊ ငွေ ၊ ရွှေ တို့ကိုချိုးဖဲ့ သည် ကိုမြင် တော်မူသည်အကြောင်းအရာမှာ ၊ ပျက်စီး ခြင်းသို့မ ရောက်နိုင်သော နိုင်ငံ တခုကို ထို မင်းကြီး များလက်ထက် ၌ ကောင်းကင်ဘုံ ရှင်ဘုရားသခင် သည်တည်ထောင် စေတော်မူမည်။

ထိုသူတို့သည် နိုင်ငံ ကိုသိမ်းယူ ဝင်စား သောအချိန် ရောက်သည့် တိုင်အောင် ထို ချို သည် သန့်ရှင်း သူတို့ကို စစ် တိုက် ၍ နိုင် လေ၏။

အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ဘုရား သခင်၊ သန့်ရှင်း တော်မူသောဘုရား၊ ကိုယ်တော် သည် နိစ္စ ထာဝရ တည်တော်မူသည်မ ဟုတ်လော။ သို့ဟုတ်လျှင်၊ အကျွန်ုပ် တို့သည် သေ ခြင်းနှင့် ကင်းလွတ် ကြပါမည်။ အိုထာဝရ ဘုရား ၊ အကျွန်ုပ်တို့ကို စစ်ကြော စေခြင်းငှါ သူ တို့ကို ခန့် ထားတော်မူပြီ။ အိုကျောက် ထရံ၊ ဆုံးမ စေခြင်းငှါ သူ တို့ကို နေရာ ချတော်မူပြီ။

အဝတ် တော်လည်း ပြောင်လက် လျှက်၊ ဤမြေ ၌ အဘယ်ခဝါသည် မျှ မ တတ်နိုင် အောင် မိုဃ်းပွင့်ကဲ့သို့ အလွန် ဖြူ လျက်ရှိ၏။

ထိုသို့ ဘုရားသခင် သည် လက်ျာ လက်တော်နှင့် ချီးမြှောက် တော်မူသဖြင့်၊ ထိုသခင်သည် ဂတိ တော်နှင့် ယှဉ်သောသန့်ရှင်း သောဝိညာဉ် တော်ကို ခမည်းတော် ထံ၌ ခံ ပြီဖြစ်၍သင် တို့သိမြင် ကြား ရသောအရာကို သွန်းလောင်း တော်မူ၏။

ထို နှုတ်ကပတ် တော်ထံ၌ ငါတို့သည်ကြား ရ၍၊ သင် တို့အား ပြသ သောတရား စကားဟူမူကား၊ ဘုရားသခင် သည်အလင်း ဖြစ် တော်မူ၏။ ဘုရားသခင် ၌ မှောင်မိုက် အလျှင်း မ ရှိ ။

သူသည် မိုဃ်း ကောင်းကင်အလယ်၌ ပျံ တတ် သော ငှက် အပေါင်း တို့ကို ကြီး သောအသံ နှင့် ခေါ် ၍၊ လာ ကြလော့။ ရှင်ဘုရင် အသား ၊ စစ်သူကြီး အသား ၊ သူရဲ အသား ၊ မြင်း အသား ၊ မြင်းစီး သောသူ အသား၊ အစေခံ ကျွန်၊ လူ လွတ်၊ အကြီး အငယ် အမျိုးမျိုး သော လူတို့၏ အသား ကို စား အံ့သောငှာ၊ ကြီးမြတ် တော်မူသော ဘုရားသခင် ၏ ပွဲ တော်သို့ စည်းဝေး ကြလော့ဟု ဟစ်ကြော် ၏။