TSK

TSK · ဒံယေလအနာဂတ္တိကျမ်း။ 9:5

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

¶ သိမ်း သွားသော ရန်သူ တို့၏ ပြည် ၌ နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ပြန် လာ၍ ၊ ဘိုးဘေး တို့အား ပေး တော်မူသော ပြည် ၊ ရွေး တော်မူသော မြို့ ၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊

အကြောင်း မူကား ဘိုးဘေး တို့သည် အဲဂုတ္တု ပြည်က ထွက် သော နေ့ မှစ၍ ယနေ့ တိုင်အောင် အစဉ် အဆက်တို့သည် ငါ့ ရှေ့ မှာ ဒုစရိုက် ကို ပြု ၍ ငါ့ အမျက် ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ၏

¶ အို အကျွန်ုပ် ဘုရား သခင်၊ ကိုယ်တော်သို့ မမျှော် မ ကြည့်ဝံ့၊ ရှက်ကြောက် ၍ မျက်နှာနီပါ၏။ အကျွန်ုပ် ဘုရား သခင်၊ အကျွန်ုပ် တို့ ပြုမိသော ဒုစရိုက် တို့သည် အကျွနုပ်တို့ ခေါင်း ပေါ် မှာ အထပ်ထပ် လွှမ်းမိုး၍ ၊ ကြီးစွာသော အပြစ် သည် မိုဃ်းကောင်းကင် သို့ မှီ ပါ၏။

ကိုယ်တော် မူကား အကျွန်ုပ် တို့အပေါ် သို့ရောက် စေသမျှ သော အမှု၌ တရား တော်မူ၏။ အကျွန်ုပ် တို့သည် မ တရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင် တော်မူပြီ။

အကျွန်ုပ် တို့သည် ဘိုးဘေး တို့နှင့်အတူ ပြစ်မှား ကြပါပြီ။ ဒုစရိုက် ကို ပြုကြပါပြီ။ မ တရားသောအမှုကို ပြုကြပါပြီ။

ငါ တို့ရှိသမျှ သည် သိုး ကဲ့သို့ လမ်းလွဲ လျက်၊ ကိုယ် လမ်း သို့ အသီးအသီး လိုက်သွား ကြသည်ဖြစ်၍ ၊ ထာဝရဘုရား သည် ခပ်သိမ်း သော ငါ တို့၏အပြစ် များကို သူ့ အပေါ် ၌ တင် တော်မူ၏။

ကိုယ်တော် ကို မြော်လင့် သောသူတို့အဘို့အလိုငှါ ကျေးဇူးပြု တော်မူသောဘုရား၊ ကိုယ်တော် မှတပါး အခြားသော ဘုရား သခင်ကို ကမ္ဘာဦး မှစ၍ အဘယ်သူမျှမ ကြား မ သိ ပါ။ နားဖြင့်မကြား၊ မျက်စိ ဖြင့်မ မြင် စဖူးပါ။

အကျွန်ုပ် တို့သည် ရှက် ကြောက်လျက် အိပ် ရကြ ၏။ အသရေ ပျက်ခြင်း၌ နစ်မွန်း ကြ၏။ အကြောင်း မူကား၊ အကျွန်ုပ် တို့သည် ငယ် သော အရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေး နှင့်တကွ အကျွန်ုပ် တို့၏ ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ကို ပြစ်မှား ပါ ပြီဟု ဆိုကြ၏။

အို ထာဝရဘုရား ၊ အကျွန်ုပ် တို့သည် ကိုယ် ဒုစရိုက် များနှင့် ဘိုးဘေး တို့၏ အပြစ် များကို ဝန်ချ ပါ၏။ ကိုယ်တော် ကို ပြစ်မှား ပါပြီ။

အိုထာဝရဘုရား ၊ ကြည့်ရှု တော်မူပါ။ အကျွန်ုပ် ပင်ပန်း ပါ၏။ ဝမ်း ၌ဆူလှိုင် ခြင်းရှိပါ၏။ နှလုံး မှောက် လျက် ရှိပါ၏။ အကျွန်ုပ် သည် အလွန် ပြစ်မှားပါပြီ။ ပြင် မှာ ထား ဘေးနှင့်တွေ့ရပါပြီ။ အတွင်း ၌ လည်း သေမင်း နေသကဲ့သို့ ရှိပါ၏။

ပတ်လည် ၌ရှိသော တိုင်းသူ ပြည်သားတို့သည် ငါ ၏စီရင် ထုံးဖွဲ့ချက်ပညတ် တရားကို လွန်ကျူးသည်ထက်၊ ထိုမြို့သားတို့သည်သာ၍မတရားသဖြင့် လွန်ကျူးကြပြီ။ ထို ပညတ်တရားတော်လမ်းသို့ မ လိုက် ဘဲ ငြင်းပယ် ကြပြီ။

အကယ်စင်စစ်ဣသရေလ အမျိုးသားအပေါင်း တို့ သည် ဗျာဒိတ်တော်အသံ ကို နား မ ထောင်၊ လွှဲ သွား၍ ပညတ် တရားတော်ကို လွန်ကျူး ကြပါပြီ။ သို့ဖြစ်၍ ၊ ကိုယ်တော် ကို ပြစ်မှား သော အပြစ်ကြောင့် ၊ ကျိန်ဆို တော်မူ ခြင်းတည်းဟူသော၊ ဘုရား သခင်၏ ကျွန် မောရှေ ၏ ပညတ္တိ ကျမ်း၌ မှတ်သား သော အကျိန် ကို အကျွန်ုပ် တို့ အပေါ် သို့ သွန်းလောင်း တော်မူ၏။

သင် သွား ၍ ပြည်တန်ဆာ မိန်းမ နှင့်တကွ သူဘွားမြင်သော သားသမီး တို့ကို သိမ်းပိုက် လော့။ အကြောင်း မူကား၊ ပြည်သား တို့သည် ထာဝရဘုရား ကိုစွန့်ပစ် ၍ အထပ်ထပ်မှားယွင်း ကြပြီဟု ဟောရှေ အား မှာ ထားတော်မူသည် အတိုင်း ၊

ညီအစ်ကို တို့၊ သင် တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ထံ တော်မှ ထွက်သွား သောအားဖြင့် မယုံကြည် တတ်၊ ဆိုးညစ် သော စိတ် နှလုံးမ ရှိ စေခြင်းငှာသတိပြု ကြလော့