TSK

TSK · ကမ္ဘာဦးကျမ်း 13:2

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထာဝရဘုရား သည် ကျွန်ုပ် ၏သခင် ကို အလွန် ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည်ကြီးမြတ် ခြင်းသို့ ရောက်လေပြီ။ သိုးစု ၊ နွားစု ၊ ရွှေ ၊ ငွေ ၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် နှင့် မြည်း များတို့ကိုပေး တော်မူပြီ။

သူ သည်ကြီးပွါး ၍ ၊ အလွန် စည်းစိမ် ကြီး သည် တိုင်အောင် တိုးတက် လျက် ၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ၏။

ထိုသို့ ယာကုပ် ၌ စည်းစိမ်တိုးပွား ၍ ၊ သိုး ၊ ဆိတ်၊ ကျွန် ယောက်ျား၊ ကျွန် မိန်းမ၊ ကုလားအုပ် ၊ မြည်း အများ ရှိ ကြ၏။

ဆင်းရဲ စေခြင်းငှါ၎င်း ၊ ရ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ပြု၍၊ နှိမ့်ချ သောအခွင့်၊ ချီးမြှောက် သောအခွင့်ရှိတော်မူ၏။

ကိုယ်တော် သည် သူ့ ကိုယ်မှစ၍သူ့ အိမ် နှင့် သူ့ ဥစ္စာ ရှိသမျှ ပတ်လည် ၌ စောင်ရန်းကာ တော်မူသည် မဟုတ် လော။ သူ ပြု လေသမျှတို့ကို ကောင်းကြီး ပေးတော်မူပြီ။ သူ့ သိုး နွားအစရှိသော တိရစ္ဆာန်တို့သည် မြေ ပေါ် မှာ အလွန်ပွားများ ကြပြီ။

¶ ထာဝရဘုရား ကို ကြောက်ရွံ့ ၍၊ ပညတ် တော်တို့ ၌ အလွန် မွေ့လျော် သောသူသည် မင်္ဂလာ ရှိ၏။

ထာဝရဘုရား ၏ ကောင်းကြီး မင်္ဂလာသည် စည်းစိမ် ကိုဖြစ်စေတတ်၏။ ထို စည်းစိမ်နှင့် လည်း၊ ဝမ်းနည်း ခြင်းအကြောင်း ကို ရောနှော တော်မ မူ။

ကိုယ် ကာယကိုဆုံးမ ခြင်းသည် များစွာ သော အကျိုး ကို မပေးတတ်။ ဘုရား ဝတ်၌ မွေ့လျော်ခြင်း မူကား ၊ ယခု ဘဝ၊ နောင် ဘဝနှင့် စပ်ဆိုင်သော ဂတိ တော်ကို ရ သည်ဖြစ် ၍