TSK

TSK · ကမ္ဘာဦးကျမ်း 48:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သူတို့ကို စေခိုင်း သော လူမျိုး ကိုလည်း ငါ စီရင် မည်။ ထိုနောက်မှ ၊ သူတို့သည် များစွာ သောဥစ္စာ နှင့် ထွက် ကြလိမ့်မည်။

ယခု ဤပြည် ၌ တည်းခို ၍နေလော့။ သင့် ဘက် မှာ ငါနေ ၍ ကောင်းကြီး ပေးမည်။ အကြောင်းမူကား ၊ သင် နှင့် သင် ၏အမျိုးအနွယ် အား ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အဘ အာဗြဟံ အား ငါကျိန်ဆို သော စကားရှိသည်အတိုင်း ငါပြု မည်။

ဣသရေလ သည် သေ ရသောအချိန် နီး သော် ၊ သား ယောသပ် ကို ခေါ် ၍ ငါ့ကိုသနားလျှင် သင် ၏ လက် ကို ငါ့ ပေါင် အောက် ၌ ထားပါလော့။ ကရုဏာ သစ္စာ နှင့်အညီ ငါ ၌ ပြု ပါ။ အဲဂုတ္တု ပြည်၌ ငါ့ ကိုမ သင်္ဂြိုဟ် ပါနှင့်။

ယောသပ် ကလည်း ၊ ကျွန်ုပ် သေ တော့မည်။ အကယ် စင်စစ်ဘုရားသခင် သည် သင် တို့ကို အကြည့် အရှု ကြွလာတော်မူမည်။ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော ပြည် သို့ ၊ ဤ ပြည် မှ ဆောင်သွား တော်မူမည်ဟု အစ်ကို တို့အား ဆို ၏။

သင့် ရှေ့ မှာ ထာဝရဘုရား သည် ကိုယ်တိုင်ကြွ ၍ သင် နှင့် ရှိ တော်မူလိမ့်မည်။ သင့် ကိုစွန့် တော်မ မူ၊ ပစ် ထား တော်မ မူ။ မ စိုးရိမ် နှင့်၊ စိတ် မ ပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ ပြော ဆို၏။

သင့် ကို ငါမှာ ထားသည်မ ဟုတ်လော။ အား ယူ၍ ရဲရင့် ခြင်းရှိလော့။ မ ကြောက် နှင့်၊ စိတ် မ ပျက်နှင့်။ သွား လေရာရာ၌ သင် ၏ဘုရား သခင်ထာဝရဘုရား ရှိသည်ဟု မိန့်တော်မူ၏။

ငါ သော်ကား၊ မြေ သားအပေါင်း တို့သွားရာလမ်း သို့ ယနေ့ သွား လုပြီ။ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့အဘို့ မိန့် တော်မူသော ကောင်းကျိုး တစုံတပါးမျှ မ ယုတ်မလျော့ ၊ အကုန်အစင်ပြည့်စုံကြောင်းကို သင် တို့သည် စိတ် နှလုံးထဲ မှာ သိ ကြ၏။

¶ မြေကြီး သားအပေါင်း တို့၏ သွားရာလမ်း သို့ ငါ သွား ရမည်။ သို့ဖြစ်၍ အား ယူလော့။ ယောက်ျား ၏ ဂုဏ်သတ္တိရှိ လော့။

မင်း များမှစ၍ မကယ်တင် နိုင်သော လူသား ကို မ ကိုးစား ကြနှင့်။

ဘုရားသခင် ၏ကျေးဇူး တော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင် ၊ ဗျာဒိတ် တော်အတိုင်း ကိုယ်တော် ၏ကျွန် သည် ငြိမ်ဝပ် စွာ စုတေ့ ရသောအခွင့်ကို ကိုယ်တော်သည် ယခု တွင်ပေးတော်မူ၏။

ထိုမှတစ်ပါး ၊ သေ တတ်သောသူ တို့သည် ယခုအခါ ဆယ်ဘို့တစ်ဘို့ ကို ခံ လေ့ရှိ၏။ ထိုအခါမူကား အသက် ရှင် သည်ဟု သက်သေခံ ခြင်းကို ရသောသူသည် ဆယ်ဘို့တစ်ဘို့ကိုခံရ၏

ငါ တည်းခို ရာတဲကို မ ကြာမမြင့်မှီ ငါပစ် သွားရမည်အရာ ကို ငါသိမှတ် ၍၊ ဤ တဲ ၌ ရှိ နေစဉ်ကာလ ပတ်လုံး ၊ သင် တို့ကို သတိပေး ၍ နှိုးဆော် အပ်သည်ဟု ငါသဘော ရှိ၏။