ယခုမှစ၍မြေ ၌လုပ် သောအခါ ပကတိ အတိုင်း အသီးအနှံ ကို မ ရရ။ မြေကြီး ပေါ် မှ ပြေးရသောသူ၊ အရပ်ရပ်လည် ရသောသူဖြစ် ရလိမ့်မည်ဟု မိန့် တော်မူ၏။
TSK
TSK · ကမ္ဘာဦးကျမ်း 8:21
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
မြေကြီး ပေါ် မှာ လူ အပြစ် ကြီး ၍ ၊ သူ ၏ စိတ်နှလုံး အကြံအစည် ရှိသမျှ တို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက် ရှိကြောင်းကို၊ ဘုရား သခင်သိမြင် တော်မူလျှင်၊
သင် တို့နှင့် ငါ ပြု သော ပိဋိညာဉ် ဟူမူကား ၊ ရေ လွှမ်းမိုး ခြင်းအားဖြင့် ၊ ခပ်သိမ်း သော သတ္တဝါ တို့သည် နောက် တဖန်မ ဆုံး ရကြ။ မြေကြီး ကို ဖျက်ဆီး ဘို့ ရာနောက် တဖန်ရေ လွှမ်းမိုးခြင်း မ ရှိ ရ။
သိုး တကောင်လုံး ကို ယဇ်ပလ္လင် ပေါ် မှာ မီးရှို့ ရမည်။ ထာဝရဘုရား အား မီးရှို့ သောယဇ်ဖြစ်၏။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍၊ မွှေးကြိုင် သော ပူဇော် သက္ကာဖြစ်၏။
ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင်ဆေး ရမည်။ ယဇ် ပုရောဟိတ်သည်၊ ထိုယဇ် တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။
အတောင် ပါလျက် ငှက်ကောင်ကိုခွဲ ဖွင့်၍ ၊ ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်ပေါ် ၌ရှိသောထင်း မီး အပေါ် မှာ မီး ရှို့ရမည်။ မီး ရှို့သောယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
ယခု မှာ ကျွန်တော် သခင် ရှင်ဘုရင် ၊ ကိုယ်တော် ကျွန် စကား ကို နားညောင်း တော်မူပါ။ ထာဝရဘုရား သည် ကိုယ်တော် ကို ကျွန်တော် တစ်ဘက် ၌ နှိုးဆော် တော်မူသည် မှန်လျှင် ၊ ယဇ် ပူဇော်ခြင်းကို လက်ခံ တော်မူပါစေသော။ သို့မဟုတ် လူ သား တို့သည် နှိုးဆော်သည် မှန်လျှင် ၊ ထာဝရဘုရား ရှေ့ တော်၌ ကျိန် ခြင်းကိုခံ ကြပါစေသော။ အကြောင်း မူကား၊ သူတို့က သွား တော့။ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု တော့ဟု ဆို လျက် ကျွန်တော် ကို ထာဝရဘုရား ၏ အမွေ တော်မြေ၌ မနေစေခြင်းငှါယနေ့ ပင် နှင်ထုတ် ကြပါသည်တကား။
လူ သည်အဘယ် သို့သောသူဖြစ်၍ သန့်ရှင်း နိုင်သနည်း။ မိန်းမ ဘွား သောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ် နိုင်သနည်း။
မတရား သောသူတို့ သည် အမိဝမ်း ထဲ မှစ၍ရိုင်း သောသဘောရှိကြ၏။ မွေး ကတည်းက လမ်း လွှဲ၍ မုသာ စကားကို ပြော တတ်ကြ၏။
ငါသည် ကိုယ် စိတ် နှလုံးကို စင်ကြယ် စေပြီ။ အပြစ် နှင့် ကင်းလွတ် ၏ဟု အဘယ် သူဆို နိုင်သနည်း။
ငါ့ နှမ ၊ ငါ့ခင်ပွန်း ၊ သင် ၏မေတ္တာ သည် အလွန် ချိုပေ၏။ သင် ၏မေတ္တာ သည် စပျစ်ရည် ထက် အထူးသဖြင့် ကောင်း ပေ၏။ သင်းထုံ သောနံ့သာ ဆီသည် နံ့သာမျိုး တကာ တို့ထက် အထူးသဖြင့်မွှေးကြိုင်ပေ၏။
သင်နှင့် ဝိုင်းညီ၍ အမှုဆောင်ရွက်သောသူ၊ သင် ငယ် သော အရွယ်မှစ၍ သင် နှင့် ဖောက်ကား ရောင်းဝယ်သောသူတို့သည် သင် ၌ ထိုသို့ ဖြစ် ကြ၍၊ ကိုယ်စီ ကိုယ်စီမိမိနေရာ အရပ်သို့ လွှဲ သွားသဖြင့်၊ သင့် ကို ကယ်တင် သောသူတစုံတယောက်မျှ မ ရှိရ။
ငါ တို့ရှိသမျှ သည် သိုး ကဲ့သို့ လမ်းလွဲ လျက်၊ ကိုယ် လမ်း သို့ အသီးအသီး လိုက်သွား ကြသည်ဖြစ်၍ ၊ ထာဝရဘုရား သည် ခပ်သိမ်း သော ငါ တို့၏အပြစ် များကို သူ့ အပေါ် ၌ တင် တော်မူ၏။
ငါ့ ရှေ့ မှာ စာရင်းမှတ် လျက်ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ် စွာမ နေ၊ အကျိုးအပြစ်ကို ဆပ် ပေးမည်။
စိတ် နှလုံးသည် ခပ်သိမ်း သော အရာထက် စဉ်းလဲ တတ်၏။ အလွန်ယိုယွင်း သော သဘောရှိ၏။ စိတ် နှလုံးသဘောကို အဘယ် သူသိ နိုင်သနည်း။
သင်တို့သည် ကွဲပြား လျက်နေသောအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါဆောင် ခဲ့၍ စုဝေး သောအခါ ၊ သင်တို့၌ပါသောနံ့သာပေါင်း အမွှေးအကြိုင် နှင့်တကွ၊ သင် တို့ကို ငါသည်လက်ခံ ၍၊ သင် တို့အားဖြင့် တပါးအမျိုးသား တို့ရှေ့မှာ ဂုဏ် အသရေထင်ရှားခြင်း ရှိလိမ့်မည်။
လူ ကို ညစ်ညူး စေသောအရာ ဖြစ် ကြ၏။ လက် မ ဆေးဘဲလျက် အစာကိုစား ခြင်းမူကား ၊ လူ ကိုညစ်ညူး စေသည်မ ဟုတ် ဟု မိန့် တော်မူ၏။
အကြောင်းမူကား ၊ ထိုသူတို့သည် ဘုရားသခင် ကို သိ လျက်ပင်၊ ဘုရားသခင် ကိုချီးမွမ်း သင့်သည် အတိုင်း မ ချီးမွမ်းကျေးဇူးတော်ကိုလည်းမ သိမမှတ်၊ အချည်းနှီး တွေးဆ ခြင်း၊ သတိ မရှိသောစိတ် နှလုံးမိုက်မဲ ခြင်းသို့ ရောက်ကြ၏။
အဘယ်ကြောင့် နည်းဟူမူကား ၊ ဇာတိ ပကတိ စိတ် သဘောသည် ဘုရားသခင် နှင့်ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင် ၏ တရား တော်အလို သို့ မ လိုက် တတ်။ ထိုမျှမကမ လိုက်နိုင်
¶ သင်တို့သည် အထက် ကလောကီ တရားသို့လိုက်၍ အာကာသ ကောင်းကင်၏ တန်ခိုး ကို အစိုးရ သော မင်းတည်းဟူသောငြင်းဆန် သော သူတို့၌ ပြုပြင်သော ဝိညာဉ် ၏အလိုနှင့်အညီ၊
ယခုအခါ အရာရာ ၌ငါရ တတ်၏။ ဥစ္စာကြွယ်ဝ ၏။ မွှေးကြိုင် သောအနံ့ နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက် အားရတော်မူသော ယဇ် တည်းဟူသောသင် တို့ ပေးလိုက်သောအရာ တို့ကို ဧပဖြောဒိတ် လက်မှ ငါခံရ သည်ဖြစ်၍ကြွယ်ဝ လျက်ရှိ၏။။
¶ သင် တို့တွင် စစ်တိုက် ခြင်း၊ ရန်တွေ့ခြင်း သည် အဘယ် အကြောင်းကြောင့်ဖြစ် သနည်း။ သင် တို့အင်္ဂါ များ၌ စစ် ပြိုင်သော ကိလေသာ ကာမစိတ် ကြောင့် ဖြစ်သည်မ ဟုတ်လော။
ငါတို့သည် ဘုရားသခင် နှင့်စပ်ဆိုင် သည်ကို၎င်း ၊ လောကီသား အပေါင်း တို့သည် မာရ်နတ် ၏လက်၌ ရှိကြသည်ကို၎င်း ငါတို့သိ ကြ၏။