TSK

TSK · ဟေဗြဲဩဝါဒစာ။ 13:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

အံ့ဘွယ် သော အမှုတို့ကို တပါးတည်းသာ စီရင် တော်မူသောထာဝရ အရှင်ဘုရား သခင်၊ ဣသရေလ အမျိုး၏ ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။

အပြစ် သွေးဆောင်ရာသို့ မ လိုက် မပါစေဘဲ၊ မကောင်း သောအမှုအရာ မှ လည်း ကယ်နှုတ် တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော် သည် ကမ္ဘာ အဆက်ဆက် ကိုယ်တော်၌ ရှိ ပါ ၏။ အာမင် ဟု ဆုတောင်း ကြလော့။

ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ ၏အလို တော်ကိုဆောင် သောသူ သည် ငါ့ ညီ ၊ ငါ့နှမ ၊ ငါ့အမိ ဖြစ် သတည်း ဟု မိန့် တော်မူ၏။

ငါသည် သင် တို့အား ပေးသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် စေခြင်းငှာဆုံးမ ဩဝါဒပေးကြ လော့။ ငါ သည်လည်း ကပ် ကမ္ဘာကုန် သည်တိုင်အောင် သင် တို့နှင့်အတူ အစဉ်မပြတ် ရှိ သည် ဟု တပည့် တော်တို့ အား မိန့် တော်မူ၏။

ထို နေ့ ၌ သင်တို့သည် ငါ့ ကိုအလျှင်း မ မေးမြန်း ရကြ။ ငါအမှန်အကန် ဆို သည်ကား၊ သင် တို့သည်ငါ ၏ နာမ ကိုအမှီပြု ၍ ခမည်းတော် မှာ ဆုတောင်း သမျှ တို့ကို ခမည်းတော်သည် ပေး တော်မူမည်။

ခပ်သိမ်း သောအရာတို့သည် ကိုယ်တော် အထဲ က၎င်း ၊ ကိုယ်တော် အားဖြင့် ၎င်း ၊ ကိုယ်တော် အဘို့ အလိုငှာ၎င်း ဖြစ်ကြ၏။ ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင်

တဆူတည်းသာလျှင် ပညာနှင့် ပြည့်စုံ တော်မူသော ဘုရားသခင် သည်၊ ယေရှု ခရစ် အားဖြင့် ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင်

ထိုဘုရားသခင် သည်ကမ္ဘာ အဆက်ဆက်ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။

ထိုသို့ ခရစ်တော် အားဖြင့် ငါတို့နှစ် ဦးသည် စိတ် ဝိညာဉ်တလုံးတဝတည်း ဖြစ်၍၊ ခမည်းတော် ထံသို့ တိုးဝင်ရမည်အခွင့်ကို ရကြ ပြီ။

ယေရှု ခရစ် အားဖြင့် ဘုရားသခင် ၏ ဘုန်း အသရေတော်ကို ထင်ရှား စေတတ်သော ဖြောင့်မတ် ခြင်းအကျင့် နှင့် သင်တို့သည် ပြည့်စုံ ၍ ခရစ်တော် ၏ နေ့ရက် တိုင်အောင် စိတ်ကြည်ဖြူ လျက် ၊ တိမ်းလဲ ခြင်းအမှုနှင့် ကင်းလွတ် လျက်ရှိ မည်အကြောင်းကို၎င်း၊ ငါဆုတောင်း ပဌနာပြု၏။။

အကြောင်းမူကား ၊ သင် တို့သည် အလိုရှိ စေခြင်းငှာ၎င်း ၊ အကျင့်ကျင့် စေခြင်းငှာ၎င်း၊ သင်တို့အထဲ ၌ စေတနာ တော်အားဖြင့်ပြုပြင် တော်မူသောသူ ကား ဘုရားသခင် ပေတည်း။။

ယခုအခါ အရာရာ ၌ငါရ တတ်၏။ ဥစ္စာကြွယ်ဝ ၏။ မွှေးကြိုင် သောအနံ့ နှင့် ပြည့်စုံ၍၊ ဘုရားသခင် နှစ်သက် အားရတော်မူသော ယဇ် တည်းဟူသောသင် တို့ ပေးလိုက်သောအရာ တို့ကို ဧပဖြောဒိတ် လက်မှ ငါခံရ သည်ဖြစ်၍ကြွယ်ဝ လျက်ရှိ၏။။

စကား ပြောသော်၎င်း ၊ အမှုဆောင်ရွက် သော်၎င်း၊ သခင် ယေရှု ၏ နာမ တော်ကို ထောက်၍ ခပ်သိမ်း သောအမှုတို့ကို ပြုမူ လျက် ၊ ကျေးဇူး တော်ကြီးလှပါ၏ဟု ထိုသခင် ကို အမှီပြု ၍ ခမည်းတော် ဘုရားသခင် ရှေ့၌ ဝန်ခံကြလော့။။

သင် တို့အထဲ ကဖြစ် သောခရစ်တော် ၏ကျွန် ဧပဖြ သည် သင် တို့ကို နှုတ်ဆက် ၏။ သင်တို့သည် စုံလင် လျက် ၊ ဘုရားသခင် ၏ အလို တော်ကို အကုန်အစင်လေ့ကျက်လျက် တည်ကြည် မည်အကြောင်း သူသည် သင် တို့အဘို့ ကာလအစဉ် ကြိုးစား ၍ ဆုတောင်း တတ်၏။။

ကျေးဇူး တော်အားဖြင့် ကောင်း သော မြော်လင့် ခြင်းအကြောင်းကို၎င်း ပေး တော်မူသောငါ တို့အဘ တည်းဟူသောဘုရားသခင် နှင့်၊ ငါ တို့သခင် ယေရှု ခရစ် သည် ကိုယ်တော် တိုင်၊ သင် တို့စိတ် နှလုံးကို သက်သာ စေ၍ ၊ ကောင်း သောစကား ၊ ကောင်းသောအမှု အမျိုးမျိုး ၌ သင်တို့ကို မြဲမြံ စေတော်မူပါစေသော။

ကောင်း သောအကျင့် ကိုကျင့်၍ အသရေ ရှိသောသူ၊ သူငယ် တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည် ဝတ်ပြုခြင်း၊ သန့်ရှင်းသူ တို့၏ခြေ ကိုဆေး ခြင်း၊ ဆင်းရဲ သောသူတို့ကို လုပ်ကျွေး ခြင်း၊ ကောင်း သောအမှု ရှိသမျှ တို့၌ ကြိုးစားအားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင် ၊ စာရင်းအင်းဝင်စေ။

ထိုမျှမက၊ သခင် ဘုရားသည် မကောင်း သော အမှု ရှိသမျှ ကို ငါ့ ကိုကယ်နှုတ် ၍၊ မိမိ ကောင်းကင် နိုင်ငံ တော်သို့ တိုင်အောင်မစ ပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင် သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေ သတည်း။ အာမင် ။

ကောင်းကင် စာရင်း ၌ ဝင်သော သားဦး တို့၏ အသင်းတော် သို့၎င်း ၊ ခပ်သိမ်း သောသူတို့ကို တရား စီရင် တော်မူသော ဘုရားသခင် အထံတော်သို့၎င်း ၊ စုံလင် ခြင်းသို့ရောက်သောသူတော်ကောင်း တို့၏ စိတ် ဝိညာဉ်တို့ ထံသို့၎င်း ၊

အသက် ကျောက် များကဲ့သို့ အဆင့်ဆင့်အထပ်ထပ်တည်ဆောက် လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှု ခရစ် အားဖြင့် ဘုရားသခင် နှစ်သက် တော်မူရာ ဓမ္မ ယဇ် ကိုပူဇော် ရသော သန့်ရှင်း သော ယဇ် ပုရောဟိတ်မျိုး လည်း ဖြစ် ကြ၏။

ခရစ်တော် ယေရှု အားဖြင့် ငါ တို့ကို ထာဝရ ဘုန်း အသရေတော်သို့ ခေါ် တော်မူသော၊ ခပ်သိမ်း သော ကျေးဇူး ကိုပြုတော်မူသော ဘုရားသခင် သည် ခဏ ဆင်းရဲ ခံပြီးသော သင်တို့ကိုစုံလင် တည်ကြည် ခိုင်ခံ့ မြဲမြံ စေ တော်မူလိမ့်မည်။

လောက နှင့် လောကီတပ်မက် ခြင်းသည် ရွေ့သွားကွယ်ပျောက် တတ်၏။ ဘုရားသခင် ၏ အလို တော်နှင့်အညီကျင့် သောသူ မူကား ၊ နိစ္စ ထာဝရတည် ၏။

ငါ တို့ကို ကယ်တင် တော်မူသောအရှင်၊ တဆူတည်း သောဘုရားသခင် သည်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ၊ ယခု မှစ၍ကမ္ဘာ အဆက်ဆက်ဘုန်း တန်ခိုး အာနုဘော် နှင့် အစွမ်းသတ္တိအာဏာစက် ရှိတော်မူစေသတည်း အာမင်

ကိုယ်တော်သည် အသေ သတ်ခြင်းကို ခံတော်မူသောအားဖြင့် ၊ အသီးအသီး ဘာသာ စကားကို ပြောသော လူ အမျိုး အနွယ် ခပ်သိမ်းတို့အထဲ မှအကျွန်ုပ် တို့ကိုယူ၍၊ အသွေး တော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ် တော်မူ၏။