TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 13:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

တဖန်လည်း၊ ငါသည် ထိုမြို့ ကို ဖြူ ကောင်များနေရာ ၊ ရေ လွှမ်းမိုး ရာအရပ်ဖြစ် စေမည်။ ဖျက်ဆီး ခြင်း၏ တန်မြက်စည်း ဖြင့် လှည်း မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။

ဝံပို ငှက် နှင့် ဖြူ ကောင်တို့သည် ထိုပြည် ကို အမွေ ခံ၍ ၊ ဣဗိတ် ငှက် နှင့် ကျီးအ တို့သည်လည်း နေ ကြလိမ့်မည်။ ထိုမြေ အပေါ် မှာ လွတ်လပ် ခြင်း မျဉ်း ကြိုးကို တန်း ၍ ၊ လဟာ မှန် ထုပ်ကို စီရင်တော်မူလိမ့်မည်။

ထိုအရပ်၌ တောသားရဲ တို့သည် တောခွေး တို့ နှင့် တွေ့ကြုံ ကြလိမ့်မည်။ မျောက် တို့သည် အချင်းချင်း တကောင်ကို တကောင် မြည် ကြလိမ့်မည်။ ထို အရပ်၌ လိလိတ် ငှက်သည်လည်း နား ၍ခိုလှုံရာကို တွေ့ လိမ့်မည်။

ထိုနောက်မှ ကောင်းကင်တမန် တစ်ပါး သည် ကြီးစွာ သော တန်ခိုး နှင့်ပြည့်စုံ ၍ ကောင်းကင် က ဆင်းသက် သည်ကို ငါမြင် ၏။ သူ ၏ ရောင်ခြည် အားဖြင့် မြေကြီး ထွန်းလင်း လျက်ရှိ၏။