TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 37:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

အဗရှလုံ နှင့် ဝိုင်း ၍ ပုန်ကန်သော လူစုထဲမှာ ၊ အဟိသောဖေလ လည်း ပါကြောင်းကို ဒါဝိဒ် သည် ကြား လျှင် ၊ အိုထာဝရဘုရား ၊ အဟိသောဖေလ ပေးသောအကြံ ကို မိုက် သောအကြံဖြစ်စေတော်မူပါဟု ဆုတောင်း လေ၏။

ထိုအခါ အာမုတ် သား ဟေရှာယ သည် ဟေဇကိ မင်းထံသို့ စေလွှတ် ၍ ၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည်အာရှုရိ ရှင်ဘုရင် သနာခရိပ် အကြောင်း ကြောင့် ငါ့ ရှေ့ မှာ ပြု သောပဌနာစကားကို ငါကြား ရပြီ

သူသည် ငါ့ ကိုခေါ် သောအခါ ငါထူး မည်။ ဒုက္ခ ခံရသောအခါ သူ့ ဘက် မှာ ငါ နေ၍ ချမ်းသာ ပေးမည်။ သူ ၏ဘုန်း ကိုလည်း ထင်ရှားစေမည်။

စုံလင် သော စိတ် နှလုံးနှင့် ကျင့်၍၊ နှစ်သက်တော်မူသည်အတိုင်း ပြု ကြောင်းကို အောက်မေ့ တော်မူ ပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန် ငိုကြွေး လျက်၊ ထာဝရဘုရား ကို ဆုတောင်း လေ၏။

သို့ပြုလျှင် ၊ ထာဝရဘုရား သည်၊ သင်ခေါ် သောအခါ ထူး တော်မူလိမ့်မည်။ အော်ဟစ် သောအခါ ၊ ငါ ရှိ သည်ဟု မိန့် တော်မူလိမ့်မည်။ သင်သည် သင် ၏အထဲ က ထမ်းဘိုး ကို၎င်း၊ လက်ညှိုး ထိုး ခြင်းကို၎င်း၊ ကဲ့ရဲ့ သော စကားကို၎င်းပယ်ရှား ၍၊

ထိုသို့ဆုတောင်း ပဌနာပြု၍၊ ကိုယ် အပြစ် ကို၎င်း ၊ အမျိုးသား ချင်း ဣသရေလ လူတို့၏ အပြစ် ကို၎င်းဘော်ပြ တောင်းပန်၍ ၊ ငါ ကိုးကွယ်သော ဘုရား သခင်၏ သန့်ရှင်း သော တောင် တော်အဘို့ ငါ ပြုသော ပဌနာ စကားကို၊ ငါ ၏ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ဆက်ကပ်လျက်နေ၍၊