TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 45:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

အိုဘုရား သခင်၊ ကိုယ်တော်သည် အကျွန်ုပ် ကို ငယ် သောအရွယ်မှစ၍ သွန်သင် တော်မူပါပြီ။ ယခု တိုင်အောင် အံ့ဘွယ် သော အမှုတော်တို့ကို အကျွန်ုပ်ပြ ပါပြီ။

¶ တကျွန်း တနိုင်ငံ အရပ်တို့၊ ငါ့ ရှေ့ မှာ ငြိမ်ဝပ် စွာ နေကြ။ လူအမျိုးမျိုးတို့၊ အား ဖြည့် ကြ။ ချဉ်းကပ် ၍ ပြော ကြ။ တရား တွေ့ ကြကုန်အံ့။

ငါတို့သည် သိ ရမည်အကြောင်း ၊ ရှေ့ဦး စွာမှစ၍ အဘယ်သူ သည် ဟော ပြောသနည်း။ မှန် ပေ၏ဟု ငါတို့ သည် ဆို ရမည်အကြောင်း ၊ ရှေးမဆွ က အဘယ်သူသည် ဟောပြောသနည်း။ ဘော်ပြ သော သူတယောက်မျှမ ရှိ။ ဟော ပြောသော သူတယောက်မျှမ ရှိ။ သင် တို့စကား ကို ကြား သောသူတယောက်မျှမ ရှိ။

ရုပ်တု ဆင်းတုကို လုပ် သောသူအပေါင်း တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ သူ တို့နှမြော သောအရာ တို့သည် အကျိုး ကို မ ပေးနိုင်ကြ။ ငါတို့သည် မ မြင် တတ်၊ နား မလည်တတ်ဟု ရှက် စရာအကြောင်းကို ကိုယ်တိုင် သက်သေခံ ကြ၏။

ရှေး လူမျိုး ကို ငါ ခန့် ထားသည်မှစ၍ ၊ ငါ ကဲ့သို့ အဘယ်သူ သည် ဤအမှုတို့ကို ငါ့ အဘို့ ခေါ် ၍ ထုတ် ဘော် စီရင် နိုင်မည်နည်း။ ဖြစ် ဆဲသောအမှုနှင့် ဖြစ် လတံ့သော အမှုတို့ကို သူ တို့အား ဘော် ပြကြစေ။

တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အဲဂုတ္တု ပြည်၌ ဆည်းဖူး သောဥစ္စာ၊ ကုရှ ပြည်သား၊ အရပ် မြင့် သော သေဘ အမျိုးသား ပြုစုသော ကုန်သွယ် ဥစ္စာ သည် သင့် ဘက် သို့ ရောက် ၍ ၊ သင် ၏ ဥစ္စာဖြစ် ရလိမ့်မည်။ ထိုသူတို့သည် သင့် နောက် သို့ လိုက် ၍ သံကြိုး နှင့် ချည်နှောင် လျက် လမ်း၌ ရှောက် သွားကြလိမ့်မည်။ သင့် ရှေ့ မှာပြပ်ဝပ် ၍၊ အကယ် စင်စစ်ကိုယ်တော် ၌ ဘုရား သခင်ရှိ တော်မူ၏။ ထိုဘုရားမှတပါး အခြား သော ဘုရား သခင်မည်မျှမ ရှိပါဟူ၍ တောင်းပန် ကြလိမ့်မည်။

ဣသရေလ အမျိုးသား အပေါင်း တို့သည် ထာဝရဘုရား အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်၍ ဝါကြွား ကြ လိမ့်မည်။

ဖြစ်ဘူးသောအရာတို့ကို အထက် က သင်တို့အား ငါဟော လေပြီ။ ထိုအရာ တို့သည် ငါ့ နှုတ် မှ ထွက် ၍ ထင်ရှား ကြပြီ။ ချက်ခြင်း ငါပြု သောကြောင့် ဖြစ် ကြပြီ။

¶ တင့်တယ် သော အဝတ် တန်ဆာဆင်ခြင်း၊ ကြီး သောတန်ခိုး ကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုး သော အဝတ် ကိုဝတ်လျက်၊ ဧဒုံ ပြည်ဗောဇရ မြို့မှ လာ သော ဤ သူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ဖြောင့်မတ်ခြင်းတရား ကို ဟော ၍၊ ကယ်တင် ခြင်းငှာ တန်ခိုးကြီး သောငါ ပေတည်း။

လူမျိုး တို့တွင် သိတင်းကြားပြော ကြလော့။ ဝှက် ၍ မ ထားဘဲအလံ ကို ထူ ၍ ကြော်ငြာ ကြလော့။ ကြားပြော ရသောစကားဟူမူကား၊ ဗာဗုလုန် မြို့ကို တိုက်ယူ ကြပြီ။ ဗေလ ဘုရားသည် အရှက်ကွဲ ပြီ။ မေရောဒပ် ဘုရားသည် ကျိုး ပြီ။ ဗာဗုလုန်ရုပ်တု ဆင်းတု တို့သည် အရှက်ကွဲ ၍ကျိုးပဲ့ လျက်ရှိကြ၏။

သို့သော်လည်း၊ ထာဝရဘုရား သည် မြို့ အလယ် ၌ တရားသဖြင့် ပြုတော်မူ၏။ မ တရားသော အမှုကို ပြု တော်မ မူ။ နံနက် အစဉ်အတိုင်းမိမိ ဖြောင့်မတ် ကြောင်း ကို မချွတ်မယွင်း ဘော်ပြ တော်မူ၏။ သို့သော်လည်း ၊အဓမ္မ လူတို့သည် ရှက်ကြောက် ခြင်းမ ရှိ ကြ။

အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။

ငါတို့ကို ဆုံးမသွန်သင်၍၊ လူ အပေါင်း တို့ကို ကယ်တင် တတ်သော ဘုရားသခင် ၏ကျေးဇူး တော်သည် ထင်ရှား ပေါ်ထွန်းလျက်ရှိ၏။