TSK

TSK · ဟေရှာယအနာဂတ္တိကျမ်း။ 60:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုမှတပါး ငါ ၏လူ ဣသရေလ အမျိုးနေရာ အရပ်ကို ငါပြင်ဆင် ပြီ။ သူတို့သည် နောက်တဖန် မ ပြောင်း မလဲ မိမိ တို့နေရာ ၌ နေ စေခြင်းငှါ ငါမြဲမြံ စေမည်။ မ တရားသောသူတို့သည် ရှေး ကာလ၌ ၎င်း၊

ဖြောင့်မတ် သောသူတို့၏ နေ့ရက် ကာလကို ထာဝရဘုရား သိ မှတ်တော်မူ၍ ၊ သူ တို့၏ အမွေ ဥစ္စာသည်အစဉ် အမြဲတည် လိမ့်မည်။

ဖြောင့်မတ် သောသူတို့သည် ပြည် တော်ကို အမွေ ခံ၍ အစဉ် အမြဲနေ ရကြလိမ့်မည်။

ထာဝရဘုရား သည် တရားစီရင် သောဝိညာဉ် ၊ မီးလောင် သောဝိညာဉ် တော်အားဖြင့် ၊ ဇိအုန် သတို့သမီး တို့၏အညစ်အကြေး ကို ဆေးကြော ၍၊ ယေရုရှလင် မြို့၏အသွေး ကိုမြို့ ထဲ က ပယ်ရှား တော်မူပြီးလျှင်၊

ထိုအမျိုးသား တို့သည် ငါ စီရင် သောအမှု ကိုမြင် လျှင် ၊ ငါ့ နာမ ကို မိမိ တို့တွင် ရိုသေ ကြလိမ့်မည်။ ယာကုပ် အမျိုး ၏ သန့်ရှင်း သောဘုရားကို ရိုသေ ၍ ၊ ဣသရေလ အမျိုး ၏ ဘုရား သခင်ကို ကြောက်ရွံ့ ကြလိမ့်မည်။

အိုယာကုပ် အမျိုး၊ ဤ အရာတို့ကို ဆင်ခြင် လော့။ အိုဣသရေလ အမျိုး၊ သင် သည် ငါ့ ကျွန် ဖြစ်၏။ သင့် ကို ငါဖန်ဆင်း သည်ဖြစ်၍၊ သင် သည် ငါ့ ကျွန် ဖြစ် ၏။ အိုဣသရေလ အမျိုး၊ သင့်ကို ငါ မ မေ့ မလျော့။

ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရား၊ ထိုအမျိုး ကို ဖန်ဆင်း သော ထာဝရဘုရား မိန့် တော်မူသည် ကား ၊ သင်တို့သည်ဖြစ် လတံ့သော အမှုတို့ကို ငါ့ ထံ၌ မေးမြန်း ကြလော့။ ငါ့ သား တို့အတွက် ၊ ငါ့ ကိုယ်တိုင်ပြု သောအမှုအတွက်ကြောင့် ၊ ငါ့ ကို စီရင် ကြလော့။

သင် တို့၏အဘ အာဗြဟံ နှင့် ၊ သင် တို့ကို ဘွား သော သူစာရာ တို့ကို ကြည့် ရှုကြလော့။ ငါသည် တ ယောက်တည်းသောသူ အာဗြဟံ ကို ခေါ် ၍ ၊ ကောင်းကြီး ပေးသဖြင့် များ ပြားစေ၏။

သင့် တစ်ဘက် ၌ လုပ် သောလက်နက် တစုံတခုမျှ အထမ မြောက် ရ။ သင့် ကိုတရား တွေ့သောသူ မည်သည်ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား ၏ ကျွန် တို့သည် ထိုသို့သော အမွေကို ခံရ၍၊ ငါ့ ကြောင့် ဖြောင့်မတ် ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

စိတ်မသာညည်းတွား သော ဇိအုန် မြို့သားတို့ အဘို့ စီရင် ၍၊ ပြာ အရာ ၌ ပေါင်း သရဖူ၊ ဝမ်းနည်း ခြင်း အရာ ၌ ဝမ်းမြောက် ခြင်းဆီ ၊ ညှိုးငယ် သောစိတ် သဘောအရာ ၌ ချီးမွမ်း ခြင်းအဝတ် တန်ဆာကို သူ တို့အား ပေး စေခြင်းငှါ ၎င်း၊ ငါ့ ကို စေလွှတ် တော်မူပြီ။ ထိုသူ တို့သည် ဖြောင့်မတ် ခြင်းသပိတ် ပင်၊ ဘုန်း အသရေတော်ဘို့ ထာဝရဘုရား စိုက်ပျိုး တော်မူသောအပင်ဟူ၍သမုတ် ခြင်းကိုခံ ရကြလိမ့်မည်။

သင့် ကို ၊ စွန့်ပစ် သောသူဟူ၍၎င်း၊ သင် ၏မြေ ကို ၊ လူဆိတ်ညံ သော မြေဟူ၍၎င်း နောက်တဖန် မ ခေါ် ရ။ သင် သည် ငါနှစ်သက် သောသူ၊ သင် ၏ မြေ သည်လက်ထပ် သောမြေဟူသော အမည် ကို ရလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် သင့် ကို နှစ်သက် တော်မူ၏။ သင် ၏မြေ ကိုလည်း လက်ထပ် ရလိမ့်မည်။

သူ တို့၌ ကျေးဇူး ပြုမည်ဟု ငါကြံစည်၍၊ ဤ ပြည် သို့ တဖန် ဆောင် ခဲ့ဦးမည်။ နောက် တဖန် မ ဖြို မဖျက်ဘဲ တည်ဆောက် မည်။ မ နှုတ် မပယ်ဘဲစိုက် ထားမည်။

အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သူ တို့ ကို ဖြန့်ကြဲ သော လူ အမျိုးမျိုးနေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ ၍ ၊ စုဝေး ပြီးလျှင် ၊ ဣသရေလ ပြည် ကိုပေး မည်။

သူ တို့နေရင်းအရပ် ၌ ငါစိုက် ထားမည်။ ငါ ပေး သော ပြည် မှ နောက် တဖန် အဘယ်သူမျှမ နှုတ် ရဟု၊ သင် ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။

ကျန် ကြွင်းသော ဣသရေလ အမျိုးသားတို့သည် မ တရားသောအမှုကို မ ပြု ရကြ။ မုသာ မ ပြော ရကြ။ သူ တို့ နှုတ် ၌ လှည့်စား တတ်သော လျှာ မ ရှိ ရ။ အဘယ်သူမျှမ ကြောက် စေဘဲ စားသောက် လျက် ၊ အိပ် လျက်နေရကြ လိမ့်မည်။

စိတ် နူးညံ့သိမ်မွေ့သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ပြည် တော်ကို အမွေ ခံရကြလတံ့။

ငါ ၌ အသီး မ သီး သောအခက် ရှိသမျှ တို့ကို ခုတ်ပစ် တော်မူ၏။ အသီး သီး သောအခက်ရှိသမျှ တို့ကို သာ၍ သီး စေခြင်းငှာ သုတ်သင် ရှင်းလင်းတော်မူ၏။

အကြောင်းမူကား ၊ ခရစ်တော် ကို မျှော်လင့် နှင့်သော ငါ တို့အားဖြင့်ဘုန်း တော်ကို ချီးမွမ်း စေခြင်း အကြောင်း ဖြစ် သတည်း။

အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်း သောအကျင့်တို့ကို ကျင့် ရမည်အကြောင်း ၊ ယေရှု ခရစ် ၌ ပြုပြင်၍ ဖန်ဆင်း တော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့် တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင် သည် ငါတို့ကို ပြင်ဆင် တော်မူနှင့်ပြီ။

ယခုရှိသမျှသောအရာတို့သည် ပျက်ရသော်လည်း ၊ ဖြောင့်မတ် ခြင်းတရားတည်နေရာမိုဃ်း ကောင်းကင်သစ် နှင့် မြေကြီး သစ် ကို ငါတို့သည် ဂတိ တော် နှင့်အညီ မြော်လင့် ကြ၏။

အောင်မြင် သောသူ သည် ဤ အရာတို့ကို အမွေ ခံရလိမ့်မည်။ ငါသည် သူ ၏ ဘုရားသခင် ဖြစ် မည်။ သူ သည်လည်း ငါ ၏သား ဖြစ် လိမ့်မည်။