TSK

TSK · ရှင်ယာကုပ်ဩဝါဒစာ။ 2:13

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုအခါ သူတို့အချင်းချင်း ဆို ကြသည်ကား၊ အကယ်စင်စစ်ငါ တို့ သည် ညီ ၏အမှု၌ အပြစ် ကြီးကြ၏။ သူ သည် ငါ တို့ကိုတောင်းပန် သောအခါ ၊ သူ့ စိတ် ဆင်းရဲ ခြင်းကို ငါတို့သည် မြင် လျက်နှင့် နား မ ထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါ တို့အပေါ် မှာ ယခု ရောက် လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။

သူသည် ယေလ ခြေရင်း ၌ ကျ ၍ လဲ လျက် တုံးလုံးနေ၏။ ခြေရင်း ၌ ကျ လဲ ၍ ကျ ရာအရပ် ၌ သေ လျက် လဲ နေ၏။

သနား တတ်သောသူအား ကိုယ်တော်သည် သနား ခြင်းသဘောကို၎င်း၊ ဖြောင့်မတ် သောသူ အား ဖြောင့်မတ် ခြင်း သဘောကို၎င်း၊

ဆင်းရဲ သောသူ၏အော်ဟစ် သံကို မကြားလို၍၊ နား ကိုပိတ် သောသူသည် ကိုယ်တိုင် အော်ဟစ် ၍ ၊ အဘယ် သူမျှမ ကြားရ။

ဝါကြွား သောသူ မည်သည်ကား၊ ငါသည် မြေကြီး ပေါ် မှာ ချစ် သနားခြင်း၊ တရား သဖြင့် စီရင်ခြင်း၊ ဖြောင့်မတ် ခြင်းကို ပြု သောထာဝရ ဘုရား ဖြစ်ကြောင်း တည်းဟူသော၊ ငါ့ သဘောကို သိ နားလည် ခြင်း၌သာ ဝါကြွား စေ။ ငါသည် ထို အရာတို့၌ မွေ့လျော် သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

အပြစ် မှလွှတ် တော်မူထသော၊ ကျန် ကြွင်းသော အမွေ တော် လူတို့၏ လွန်ကျူး ခြင်းများကို သည်းခံ တော်မူထသော၊ ကရုဏာ ၌ မွေ့လျော် သောကြောင့် အစဉ် အမျက် ထွက် တော် မ မူသော ကိုယ်တော် ကဲ့သို့ အဘယ် ဘုရား ရှိပါသနည်း။

သင်တို့သည် သူတစ်ပါး တို့၏အပြစ်ကိုမ လွှတ် လျှင် ၊ သင် တို့အဘ သည် သင် တို့၏အပြစ် ကို လွှတ် တော်မ မူ။

ထို ကျွန် သည်ထွက်သွား ရာတွင် မိမိ ငွေဒေနာရိ တစ်ရာ ကြွေးတင် သော ကျွန်ချင်း တစ် ယောက်ကိုတွေ့ လျှင်၊ လည်ပင်း ကိုကိုင် ညှစ်၍ ငါ့ငွေကိုဆပ်ပေး လော့ဟုဆို ၏။

သူတစ်ပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မ ပြုကြနှင့်။ မ ပြုလျှင်သင်တို့သည် စစ်ကြော ဆုံးဖြတ်ခြင်း နှင့် ကင်းလွတ် ကြလိမ့်မည်။ သူတစ်ပါးကို အပြစ် မ စီရင်ကြနှင့် ။ မ စီရင်လျှင် သင်တို့သည် အပြစ် စီရင်ခြင်းနှင့် ကင်းလွတ် ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ် ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ် လိမ့်မည်။

ငါ တို့သည် ယေရှု ခရစ် အားဖြင့် သား အရာကို ရမည်အကြောင်း ၊ အလို တော်ရှိသောစေတနာ အတိုင်း ရှေးမဆွက ခွဲခန့် မှတ်သားတော်မူ၏။

နားထောင်ကြ၊ သင် တို့လယ်ကွက် ၌ ရိတ် သောသူ တို့ကို လှည့်စား ၍၊ အခ မပေးဘဲနေသောကြောင့်၊ ထိုအခ သည် ကြွေးကြော် လေ၏။ ရိတ် သောသူ တို့၏ အော်ဟစ် ခြင်းအသံသည်လည်း ၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရား၏ နား တော်ထဲသို့ ဝင် လေပြီ။

ချစ် ခြင်းမေတ္တာသည် ကြောက် ခြင်းသံဝေဂနှင့် မ ပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန် ခြင်းဝေဒနာကို ဖြစ် စေသောကြောင့် ၊ စုံလင် သောမေတ္တာ သည် သံဝေဂ ကိုပယ်ရှား တတ်၏။ သံဝေဂ ရှိသောသူ သည် မေတ္တာ နှင့် မ ပြည့်စုံ သေး။