တဖန် သူတို့သည် သုကုတ် အရပ်မှ ထွက် သွား၍ တော အနား ၊ ဧသံ မြို့၌ စားခန်းချ ကြ၏။
TSK
TSK · ယေရမိအနာဂတ္တိကျမ်း။ 21:13
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
တောင် ရိုးတို့သည် ယေရုရှလင် မြို့ကို ဝန်းရံ သကဲ့သို့ ၊ ထာဝရဘုရား သည် မိမိ လူ တို့ကို ယခု မှစ၍ ၊ ကာလ အစဉ်မပြတ်ဝန်းရံ တော်မူ၏။
ဤသည်ကား၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်ဖြစ်သတည်းဟု မုသာ စကား ကို ပြော သောသူတို့၌ မ မှီဝဲ ကြနှင့်။
ငါ့ ကိုယ်တိုင်လည်း အလွန်ပြင်းစွာထွက်သော အမျက် အရှိန်အားကြီး ၍ ၊ ဆန့် သောလက် ၊ သန်စွမ်း သော လက်ရုံး နှင့် သင် တို့ကို တိုက် မည်။
ငါ့ ထံသို့ အဘယ် ရန်သူရောက် လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိ စည်းစိမ် ၌ ကိုးစား လျက် ဖောက်ပြန် သောသတို့သမီး ၊ သင်သည် ချိုင့် တို့၌ အဘယ်ကြောင့် ဝါကြွား သနည်း။ သင် ၏ချိုင့် သည် အသွေးစီး ရာ ဖြစ်လိမ့်မည် ။
ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုမာန ကြီးသောသူ၊ သင့် တဘက် ၌ ငါ နေ၏။ အကယ် စင်စစ်သင် ၏အချိန် ၊ ဆုံးမ ခြင်းကိုခံရသော အချိန် ရောက် လေပြီ။
ရန် ပြုသောသူနှင့် စစ်တိုက် သောသူသည် ယေရုရှလင် မြို့တံခါး အတွင်းသို့ ဝင် နိုင်သည်ဟု၊ လောကီ ရှင်ဘုရင် နှင့် လောကီ သတ္တဝါ တစုံ တယောက်မျှမ ယုံ ကြ။
ကျောက် ကြား တို့၌ နေ ၍ မြင့် သောအရပ်ကို ခိုလှုံ လျက်၊ ငါ့ ကို မြေ သို့ အဘယ်သူ နှိမ့်ချ နိုင်သနည်းဟု အောက်မေ့ သော သူဖြစ် သောကြောင့်၊ သင် ၏မာန သည် သင့် ကို လှည့်စား ပြီ။