ခါလဒဲ စစ်သူရဲ တို့သည် ရှင် ဘုရင်ကို လိုက် ၍ ယေရိခေါ လွင်ပြင် ၌ မှီ သဖြင့် ၊ ဇေဒကိ မင်း၏ စစ်သူရဲ အပေါင်း တို့သည် လွင့် ပြေးကြ၏
TSK
TSK · ယေရမိအနာဂတ္တိကျမ်း။ 21:7
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ကိုယ်ရံတော် မှူးသည် ယဇ်ပုရောဟိတ် မင်း စရာယ ၊ ဒုတိယ ယဇ်ပုရောဟိတ် ဇေဖနိ ၊ ဗိမာန်တော် တံခါးမှူး သုံး ယောက်တို့ကို ဘမ်းဆီး လေ၏
ကြည့်ရှု လော့။ ငွေ ကို ပမာဏ မ ပြု၊ ရွှေ ကိုအလို မ ရှိသော မေဒိ လူများကို သူ တို့ တဘက် ၌ ငါ နှိုးဆော် မည်။
ငါသည် ငါ ၏လူ တို့ကို အမျက်ထွက် သောကြောင့်၊ ငါ ၏ အမွေ ကို ရှုတ်ချ ၍ သင့် လက် သို့ အပ် လိုက် ၏။ သင်သည် သနား သောစိတ် မ ရှိ။ အသက်ကြီး သူတို့ အပေါ် မှာ လေးသော ထမ်းဘိုး ကို တင် လေပြီ။
သူတို့သည် အစာရှောင် ခြင်းအကျင့်ကို ကျင့် သောအခါ ၊ သူ တို့ အော်ဟစ် သံကို ငါ နား မ ထောင်။ မီးရှို့ ရာယဇ်ကိုသော်၎င်း၊ ပူဇော် သက္ကာကိုသော်၎င်း၊ ဆက်ကပ် သောအခါ ငါ လက် မ ခံ။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် ၊ သူ တို့ကို ငါ ဆုံး စေမည်ဟု မိန့်တော်မူလျှင်၊
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် သင်နှင့် သင် ၏ အဆွေ ခင်ပွန်းတို့၌ ၊ သင့် ကို ကြောက်မက် ဘွယ်သော အရာဖြစ် စေမည်။ သူတို့သည်လည်း ၊ သင့် မျက်မှောက် ၌ ရန်သူ ၏ထား ဖြင့် ဆုံး ကြလိမ့်မည်။ ယုဒ ပြည် တပြည်လုံး ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါအပ် သဖြင့် ၊ သူသည် ပြည်သား တို့ကို ဗာဗုလုန် မြို့သို့ သိမ်း သွား ၍ ၊ ထား နှင့် သတ် လိမ့်မည်။
ယုဒ ရှင်ဘုရင် ဇေဒကိ သည် ခါလဒဲ လူတို့ လက် နှင့် မ လွတ် ၊ ဗာဗုလုန် ရှင်ဘုရင် လက် သို့ ဆက်ဆက် ရောက် လိမ့်မည်။ မျက်နှာချင်းဆိုင်၍ စကားပြော လျက် ၊ တယောက်ကို တယောက်ကြည့်ရှုလျက် တွေ့ ရလိမ့်မည်။
သင်သည် ယုဒ ရှင်ဘုရင် ယောယကိမ် အား ပြော ဆိုရမည်မှာ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗာဗုလုန် ရှင် ဘုရင်သည် ဆက်ဆက်လာ ၍ ဤ ပြည် ကို ဖျက်ဆီး လိမ့်မည်။ လူ နှင့် တိရစ္ဆာန် အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလိမ့်မည်ဟူသောစကား ကို အဘယ်ကြောင့် ရေး ထားသနည်းဟု သင်သည်ဆို ၍ စာလိပ် ကိုမီးရှို့ ပြီ။
သို့မဟုတ် ၊ ကိုယ်တော် က၊ ငါမထွက်မသွားဟု ငြင်း လျှင် ၊ အကျွန်ုပ် အား ထာဝရဘုရား ပြ တော်မူသော အရာ ဟူမူကား၊
ဣသရေလ သည်အရပ်ရပ်သို့ လွင့်ပြေး ရသောသိုး ဖြစ်၏။ ခြင်္သေ့ တို့သည် နှောင့်ရှက် ကြပြီ။ အာရှုရိ ရှင် ဘုရင်သည် ရှေးဦးစွာ ကိုက်စား ပြီ။ နောက်မှ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် သူ ၏အရိုး တို့ကို ချိုးဖဲ့ပြီ။
ဇေဒကိ မျက်စိ ကိုလည်း ဖေါက် ပြီးမှ ၊ သူ့ ကို ကြေးဝါ ကြိုးနှင့် ချည်နှောင် ၍ ဗာဗုလုန် မြို့သို့ ယူသွား သဖြင့် ၊ သေ သည်တိုင်အောင် ထောင် ထဲမှာ လှောင်ထား လေ၏။
ဗာဗုလုန် ရှင်ဘုရင် သည် ဟာမတ် ပြည် ရိဗလ မြို့ ၌ ထိုသူ တို့ကို ဒဏ်ပေး ၍ ကွပ်မျက် လေ၏။ ထိုသို့ ယုဒ အမျိုးသည် မိမိ ပြည် မှ သိမ်း သွားခြင်းကိုခံရသတည်း။
ပွဲ သဘင်နေ့ ၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ် ပတ်လည် ၌ ကြောက်မက် ဘွယ်သော အရာတို့ကို ခေါ် ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက် တော် ထွက် သောနေ့ ၌ အဘယ်သူမျှမ လွတ် ၊ မကျန်ကြွင်း ရပါ။ အကျွန်ုပ်ချီပိုက် ကျွေးမွေးသောသူ တို့ ကို အကျွန်ုပ် ၏ ရန်သူ သည် ဖျက်ဆီး ပါပြီ။
ထိုကြောင့် ၊ ငါ သည် နှမြော စုံမက်ခြင်းမ ရှိဘဲ ငါ ၏အမျက် ကို လွှတ် လိုက်မည်။ သူတို့သည် ကျယ် သော အသံ နှင့်အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နား မ ထောင်ဟု မိန့်တော်မူ၏။
ထိုကြောင့် ၊ ငါ သည် နှမြော စုံမက်ခြင်းမ ရှိဘဲ၊ သူ တို့အကျင့် တို့၏ အကျိုးအပြစ်ကို သူ တို့ခေါင်း ပေါ် သို့ သက်ရောက် စေမည်ဟု ငါ့အား မိန့်တော်မူ၏။
ငါ သည် ပိုက်ကွန် နှင့် အုပ် ၍ ၊ ငါ ၏ကျော့ကွင်း နှင့် ကျော့ ပြီးလျှင် ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားမည်။ ငါ့ ကို ပြစ်မှား သောအပြစ် ကြောင့် ထို မြို့ ၌ ငါစစ်ကြော စီရင် မည်။
ပြင်းထန် လျင်မြန် သော ခါလဒဲ အမျိုး ကို ငါ နှိုးဆော် ၏။ ကိုယ် မ ပိုင်သော နေရာ အရပ်တို့ကို သိမ်း ယူ ခြင်းငှါ မြေ တပြင်လုံး ၌ ချီ သွားကြလိမ့်မည်။