TSK

TSK · ယေရမိအနာဂတ္တိကျမ်း။ 32:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

¶ ထာဝရဘုရား ကလည်း ၊ ငါသည် ဖါရော မင်း၌ အဘယ်သို့ ပြု မည်ကို သင်သည် ယခု သိ လိမ့်မည်။ သူသည် ကြီးစွာ သောတန်ခိုး ကို တွေ့မြင်၍၊ ငါ၏လူ တို့ကို လွှတ် ရလိမ့်မည်။ ကြီးစွာ သော တန်ခိုး ကို တွေ့မြင်၍ သူ တို့ကို မိမိ ပြည် မှ နှင် ရလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။

ထာဝရဘုရား ၏ တရား သည်၊ သင် ၏နှုတ် ၌ တည် မည်အကြောင်း ၊ ဤအရာသည် သင် ၏လက် ၌ လက္ခဏာ သက်သေ၊ သင် ၏မျက်စိ ကြား မှာ အောက်မေ့ ဘို့ရာဖြစ် ရမည်။ အားကြီး သောလက် တော်ဖြင့် ထာဝရဘုရား သည်၊ သင့် ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူပြီ။

သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည်မှာ သင် တို့မျက်မှောက် ၌ ပြု တော်မူသကဲ့သို့ ၊ စုံစမ်း ခြင်းနိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြခြင်း၊ စစ်မှု ကိုရောက်စေခြင်း၊ အားကြီး သော လက်ရုံး တော်ကို ဆန့် ခြင်း၊ ကြောက်မက် ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြား တပါးသော ဘုရား သည် သွား ၍ လူ တမျိုးထဲက တမျိုးကို မိမိ အဘို့ နှုတ်ယူ ဘူးသလော။

ထိုအခါ ထာဝရဘုရား သည် တန်ခိုး ကြီးသော လက်ရုံး တော်ကို ဆန့် ၍ ကြောက်မက် ဘွယ်သော နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှုတို့ဖြင့် အကျွန်ုပ် တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ပြီးလျှင်၊

¶ ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။ ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော် ကို ကြောက်ရွံ့ သကဲ့သို့ မြေကြီး သား အပေါင်း တို့သည် ကြောက်ရွံ့လျက်၊ နာမ တော် ကို သိ စေခြင်းငှါ ၎င်း၊ အကျွန်ုပ်တည်ဆောက် သော ဤ အိမ် တော်ကို နာမ တော်ဖြင့် သမုတ် ကြောင်း ကို သိ စေခြင်းငှါ ၎င်း ၊ ထိုတပါး အမျိုးသားတို့သည် ဆုတောင်း သမျှ အတိုင်း ကျေးဇူးပြု တော်မူပါ။

ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် နှင့် အဘယ်သူ တူပါသနည်း။ ထာဝရ ဘုရား သည် ခွန်အား ကြီးတော်မူ၏။ သစ္စာ တော်လည်း ကိုယ်တော် ကို ပတ် ဝန်းလျက်ရှိပါ၏။

ရွေးကောက် တော်မူသောမိမိ လူ တို့ကို ဝမ်းမြောက် ရွှင်လန်း ခြင်းနှင့်တကွ ထုတ် ဆောင်တော်မူ၏။

ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အားကြီးသော လက်၊ ဆန့်သော လက်ရုံးတော်ကို လက်နက်ပြုတော်မူထသော၊