TSK

TSK · ယောဘဝတ္ထု။ 21:22

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ဘုရားသခင်သည် မိမိ သန့်ရှင်း သူတို့ကိုပင် ယုံ တော်မ မူ။ ကောင်းကင် ဘုံသော်လည်း ရှေ့ တော်၌ မ စင်ကြယ်။

မြေ တိရစ္ဆာန် နားလည်သည်ထက် သာ၍နားလည်သောဉာဏ်နှင့်၎င်း၊ မိုဃ်း ကောင်းကင်ငှက် မရ၊ ထူးဆန်းသောပညာ နှင့်၎င်း၊ ငါ တို့ကို ပြည့်စုံစေတော်မူသောဘုရား သခင်သည် အဘယ်မှာ ရှိတော်မူသနည်းဟု အဘယ်သူမျှမ မေးမြန်း တတ်။

ကြွတော်မူရသောလမ်း ကို အဘယ်သူ စီရင် သနည်း။ ကိုယ်တော်သည် မ တရားသောအမှုကို ပြု မိပြီဟု အဘယ်သူ ဆို ရာသနည်း။

ဘုရားသခင်ကို အပြစ်တင်သောသူသည် ပြန်ပြော စေတော့ဟု ယောဘ အား မိန့် တော်မူလျှင်၊

ကိုယ်ကို ချီးမြှင့် ၍ ကျိန်းဝပ် တော်မူသော်လည်း၊ကိုယ်ကိုနှိမ့်ချ ၍

ထာဝရဘုရား ၏ ဝိညာဉ် ကို အဘယ်သူ စစ်ကြော သနည်း။ ထိုဘုရား နှင့် တိုင်ပင် ၍၊ အဘယ်သူသည် အကြံပေး သနည်း။

အကြင်သူသည် မိမိကို ဖန်ဆင်း သော သူနှင့် ဆန့်ကျင် ဘက်ပြု၏၊ ထိုသူ သည် အမင်္ဂလာ ရှိ၏။ မြေ အိုးခြမ်း တို့တွင် အိုးခြမ်း ပါတကား။ အိုးမြေ က၊ သင်သည် အဘယ်သို့ သော အရာကို လုပ် သနည်းဟု အိုးထိန်း သမားကို ဆို ရမည်လော။ ငါ့ကို လုပ်သောသူ ၌ လက် မ ရှိ ဟု သင် လုပ် သော အရာကဆိုရမည်လော။

ထာဝရ ဘုရား၏စိတ် တော်ကို အဘယ်သူ သိ သနည်း။ ထာဝရ ဘုရားနှင့်အဘယ်သူ သည် တိုင်ပင် ဘက်ပြု သနည်း။

ငါတို့သည်ကောင်းကင်တမန် တို့ကို တရား စီရင်မည်ဟု မ သိ ကြသလော။ သို့ဖြစ်၍ လောကီ အမှုကို စီရင် ထိုက်သည်မ ဟုတ်လော။

ထိုမှတပါး၊ မိမိ တို့အခွင့် အရာကိုမ စောင့် ၊ မိမိ တို့ နေရာ အရပ်ကို စွန့်ပစ် သော ကောင်းကင်တမန် တို့ကို၊ ကြီးစွာ သောနေ့ ၌ စစ်ကြော စီရင်ခြင်းအလိုငှာ ၊ ထာဝရ ချည်နှောင် ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော်မူ၏။

သေ လွန်သောသူ အကြီး အငယ် တို့သည် ပလ္လင် တော်ရှေ့ မှာ ရပ် နေကြသည်ကို ငါမြင် ၏။ စာစောင် များ ကို ဖွင့် ထား၏ အသက် စာစောင်တည်းဟူသော အခြား တစ်ပါးသောစာစောင် ကိုလည်း ဖွင့် လေ၏။ သေ လွန်သောသူ တို့သည် မိမိ တို့အကျင့် အတိုင်း ၊ စာစောင် တို့၌ ရေး ထားချက်များနှင့်အညီတရား စီရင်ခြင်းကို ခံရကြ၏။