ယခု ဤပြည် ၌ တည်းခို ၍နေလော့။ သင့် ဘက် မှာ ငါနေ ၍ ကောင်းကြီး ပေးမည်။ အကြောင်းမူကား ၊ သင် နှင့် သင် ၏အမျိုးအနွယ် အား ဤ ပြည် ရှိသမျှ တို့ကို ငါပေး မည်။ သင် ၏အဘ အာဗြဟံ အား ငါကျိန်ဆို သော စကားရှိသည်အတိုင်း ငါပြု မည်။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 14:21
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သင် တို့ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် ၍ အမှုတော် ကို ဆောင်ရွက်မည် အကြောင်း ၊ ယနေ့ ငါ မှာ ထားသမျှသော ပညတ် တို့ကို စေ့စေ့နားထောင် လျှင်၊
ထာဝရဘုရား ၌ ဆည်းကပ် ၍ နောက် တော်သို့ အစဉ်အမြဲ လိုက်သဖြင့် မောရှေ ၌ထာဝရဘုရား ထား တော်မူသော ပညတ် တော်တို့ကို စောင့်ရှောက် လေ၏
အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့် ဘို့ရာ ၊ ကိုယ်တော် သည် ဩဝါဒ ပေး တော်မူပြီ။
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည် ဤလူမျိုး ၏ဘိုးဘေး တို့ကိုလက်ဆွဲ ၍ အဲဂုတ္တု ပြည် မှ ဆောင်သွား သောအခါ၊ သူတို့၌ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသောပဋိညာဉ်တရား သစ် ကို ဣသရေလ အမျိုးသား ၊ ယုဒ အမျိုးသား တို့၌ ငါပေး သောအချိန် ကာလရောက် လိမ့်မည်။
သင် တို့အပေါ်မှာ သန့်ရှင်း သော ရေ ကို ဖြန်း သဖြင့် ၊ သင် တို့ကို ခပ်သိမ်း သော အညစ်အကြေး မှစ၍ ခပ်သိမ်း သော ရုပ်တု တို့နှင့် ကင်းစင် စေမည်။
¶ ကိုယ်တော် က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နာ ၍ ကျင့်စောင့် သောသူ သည်မြတ်စွာ သော မင်္ဂလာ ရှိသည် ဟု မိန့် တော်မူ၏။
ငါသည် သင် တို့ကို မိဘမဲ့ ဖြစ်စေခြင်းငှာစွန့်ပစ် မည်မ ဟုတ်။ သင် တို့ဆီသို့ လာ ဦးမည်။
ခမည်းတော် သည် ငါ့ ကိုချစ် တော်မူသကဲ့သို့ ငါ သည်သင် တို့ကိုချစ် ၏။ ငါ ၏ချစ် ခြင်းမေတ္တာ၌ တည်နေ ကြလော့။
ထိုသူ သည် ငါ့ ဘုန်း ကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား ၊ ငါ နှင့်စပ်ဆိုင် သောအရာကိုယူ ၍ သင် တို့အား ဖော်ပြ လိမ့်မည်။
ကိုယ်တော် သည်လည်း၊ အကျွန်ုပ် ၌ ရှိတော်မူသောအားဖြင့်သူတို့သည်တလုံးတဝတည်း ဖြစ်၍၊ တလုံးတဝတည်း ၌ စုံလင် စေခြင်းငှာ ၎င်း၊ ကိုယ်တော် သည် အကျွန်ုပ် ကိုစေလွှတ် တော်မူကြောင်း နှင့် အကျွန်ုပ် ကို ချစ် တော်မူသကဲ့သို့ သူ တို့ကိုလည်းချစ် တော်မူကြောင်း ကို လောကီသား တို့သည် သိ စေခြင်းငှာ၎င်း၊ ကိုယ်တော်သည် အကျွန်ုပ် အားပေး တော်မူသောဘုန်း အသရေကို အကျွန်ုပ်သည်သူ တို့အား ပေးပါ ပြီ။
သခင်ဘုရားက၊ သင်သည်ကြိုးစား ၍ ယေရုရှလင် မြို့မှ အလျင်အမြန် ထွက်သွား လော့။ ငါ ၏ အကြောင်း ကို သင် သည်ပြော၍ သက်သေခံ သော စကား ကို ဤလူ တို့သည် မခံ ဘဲနေကြလိမ့်မည်ဟု မိန့် တော်မူလျက်ရှိသည်ကို အကျွန်ုပ် မြင် လေ၏။
မှောင်မိုက် ထဲက အလင်း ထွန်းလင်း မည်အကြောင်း မိန့် တော်မူသောဘုရားသခင် သည်၊ ယေရှု ခရစ် ၏ မျက်နှာ ၌ ထွန်းလင်းသော ဘုရားသခင် ၏ ဘုန်း တော်ကိုသိ သော ဉာဏ်၏အရောင် ကိုပေးလိုသောငှာ၊ ငါ တို့စိတ် နှလုံးထဲ၌ အလင်းကို ထွန်းလင်း စေတော်မူ၏။
ထို ဆင်းရဲခြင်းနှင့်ကင်းလွတ် မည်အကြောင်း သုံး ကြိမ်မြောက်အောင် သခင် ဘုရားကိုငါဆုတောင်း၍ အသနားတော်ခံပြီးလျှင်၊
သူ တို့၌ အပြစ်တင်တော်မ မူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော် ကို အကုန်အစင်ဟောပြော ၍၊ ခပ်သိမ်း သောလူမျိုး တို့သည် ကြားသိ စေခြင်းငှာ ၊ သခင် ဘုရားသည် ငါ့ ဘက်၌ နေ ၍ ငါ့ ကို ခွန်အား နှင့် ပြည့်စုံ စေတော်မူသောကြောင့် ၊ ခြင်္သေ့ ခံတွင်း မှ ကယ်နှုတ် ခြင်းချမ်းသာကို ငါ ရ၏။
အာဗြဟံ သည် ဘုရားသခင် ကို ယုံကြည် သည်ဖြစ်၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် တော်မူ၏ဟူသော ကျမ်း စကား ပြည့်စုံ လေ၏။ အာဗြဟံသည်လည်း ၊ ဘုရားသခင် ၏အဆွေ ဟူ၍ခေါ်ဝေါ် ခြင်းကိုခံရ၏။
ထိုသခင် ၏စကား တော်ကို နားထောင် သောသူ မည်သည်ကား၊ ဘုရားသခင် ကို ချစ် ခြင်းမေတ္တာနှင့် အမှန် ပြည့်စုံ ၏။ ငါတို့သည် သခင် ၌ ရှိကြောင်း ကို ထိုသို့ အားဖြင့် သိ ရကြ၏။
ချစ်သား တို့၊ ငါတို့သည် စကား ပြော ကာမျှအားဖြင့် သာ မ ချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ် ကြကုန်အံ့။
ပညတ် တော်တို့အတိုင်း ကျင့်စောင့် ခြင်းအရာ သည် ချစ် ရာရောက် ၏။ သင်တို့သည် ပညတ် တော်နှင့်အညီကျင့် မည်အကြောင်း ၊ ရှေ့ဦးစွာ ကပင် သင် တို့ ကြားရသည်အတိုင်း ၊ ပညတ် တော်သည်ထိုသို့သောသဘောရှိ ၏။
ငါ သည်တံခါး ရှေ့ မှာရပ်၍ ခေါက် လျက်နေ၏။ အကြင်သူ သည် ငါ ၏အသံ ကို ကြား ၍ တံခါး ကိုဖွင့် အံ့၊ ထိုသူ ရှိရာ သို့ငါဝင် ၍ သူ နှင့်အတူ စား သောက်မည်။ သူ သည်လည်း ငါ နှင့်အတူ စားသောက်ရလိမ့်မည်။