TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 3:19

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ဤ လူမျိုး သည် ပုန်ကန် တတ်၏။ ဖောက်ပြန် သောအမျိုးသား ၊ ထာဝရဘုရား ၏ တရား တော်ကို နာယူ ခြင်းငှါအလို မ ရှိသော အမျိုးသား ဖြစ်ကြ၏။

ထိုအခါ များစွာ သောတန်ခိုး တော်ကို ပြ တော်မူသောမြို့ရွာတို့သည် နောင်တ မ ရသောကြောင့် ၊ ထိုမြို့ တို့ကို ဤသို့ကဲ့ရဲ့ ပြစ်တင်တော်မူ၏။

အကြင် ကျွန် သည် မိမိ သခင် ၏ အလို ကိုသိ လျက်နှင့် အသင့် မ နေ၊ သခင် ၏အလို ကိုမဆောင် ၊ ထိုကျွန် သည် များစွာ သောဒဏ် ကိုခံရ၏။

အချင်းချင်း ပေးသော ဘုန်း အသရေကိုသာခံ ၍ ၊ ဘုရားသခင် သာလျှင် ပေးတော်မူတတ်သော ဘုန်း အသရေကို အလို မရှိသောသင် တို့သည် အဘယ်သို့ ယုံကြည် နိုင် မည်နည်း။

ထိုသူ ၏အလို တော်သို့ လိုက် ချင်သောသူ မည်သည်ကား၊ ဤဒေသနာ သည်ဘုရားသခင် ၏ ဒေသနာ တော်ဖြစ် သလော၊ ငါ သည် ကိုယ် အလိုအလျောက် ဟောပြော သလောဟု ပိုင်းခြား၍သိ လိမ့်မည်။

သင်တို့သည် သင် တို့အဘ တည်းဟူသောမာရ်နတ် မှ ဆင်းသက်ကြ၏။ သင် တို့အဘ ၏ အလို သို့လည်း လိုက် တတ်ကြ၏။ မာရ်နတ် သည် ရှေးဦးစွာ မှ ၍ လူ အသက်ကိုသတ်သောသူဖြစ် ၏။ သူ၌ သစ္စာ တရား မ ရှိ သောကြောင့် သစ္စာ တရား၌ မ တည် မနေ။ သူသည် မုသား စကားကိုပြော သောအခါ မိမိ ပကတိအတိုင်းပြော ၏။ မုသား စကား၌ ကျင်လည်သောသူဖြစ်၏။ မုသား ၏အဘ လည်း ဖြစ် ၏။

သို့သော်လည်း သင် တို့သည် မ ယုံ ကြ။ အဘယ်ကြောင့်မယုံသနည်းဟူမူကား ၊ သင်တို့သည် ငါ့ သိုး တို့ အဝင် မ ဟုတ် ။ အထက်က ငါပြောသည်အတိုင်း၊

ငါ သည် လာ၍ ထိုသူ တို့အား မ ဟော မပြောလျှင် သူတို့၌အပြစ် မ ရှိ ။ ယခု မူကား ၊ မိမိ တို့အပြစ် ကို ဝှက် မ ထား နိုင်ကြ။

ထိုသို့ ကျင့် သောသူ တို့သည် သေ ပြစ်ကိုခံထိုက် သည်ဟု ဘုရားသခင် စီရင် တော်မူကြောင်းကို ထိုသူ တို့ သည် သိ လျက်ပင်ကိုယ်တိုင် ကျင့် သည်သာမက ၊ ထိုသို့ ကျင့် သောသူ တို့၌ အားရ ဝမ်းမြောက်ကြ၏။

အဘယ်သို့ နည်းဟူမူကား၊ ငါတို့သည် ကယ်တင် သောသူ တို့၌ ၎င်း ၊ ဆုံးရှုံး သောသူ တို့၌ ၎င်း၊ ဘုရားသခင် အား ခရစ်တော် ၏ အမွှေးအကြိုင် ဖြစ် ကြ၏။

ညီအစ်ကို တို့၊ သင် တို့သည် အသက် ရှင်တော်မူသော ဘုရားသခင် ထံ တော်မှ ထွက်သွား သောအားဖြင့် မယုံကြည် တတ်၊ ဆိုးညစ် သော စိတ် နှလုံးမ ရှိ စေခြင်းငှာသတိပြု ကြလော့

ရှေ့ဦးစွာ သိမှတ် အပ်သောအရာ ဟူမူကား၊ နောက်ဆုံး သော ကာလ ၌ ပြက်ယယ်ပြု တတ်သော သူတို့သည်၊ မိမိ တို့တပ်မက် ခြင်းအတိုင်း ကျင့် နေ၍ ၊