TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 3:34

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုသို့ အာရုန် နှင့် သူ ၏သား တို့သည်၊ ထာဝရဘုရား ရှေ့တော်မှာ ယဇ် ပုရောဟိတ်အမှုကို ဆောင်ရွက် မည်အကြောင်း၊ သူတို့ကို ခန့် ထားသောနေ့ ၌ ၊ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာများထဲက ၊ သူတို့ခံရသောအဘို့ ဖြစ်၏။

မြစ် တဘက် သို့ ရောက်သောအခါ ၊ ဧလိယ က၊ သင် နှင့် ငါမ ကွာ မှီ ငါ ၌တစုံတခုသောဆုကို တောင်း လော့ဟု ဧလိရှဲ အား ဆို လျှင်၊ ဧလိရှဲ က၊ ကိုယ်တော် ဝိညာဉ် နှစ်ဆ သောအဘို့ ကို အကျွန်ုပ် အပေါ် မှာ ရှိ ပါစေသောဟု တောင်း သော်၊ “

ထာဝရဘုရား ၏ ဝိညာဉ် တော်တည်းဟူသောဉာဏ် ပညာ ကို ပေးသောဝိညာဉ် ၊ ကြံစည် တတ်စွမ်း နိုင် သော သတ္တိ ကိုပေးသောဝိညာဉ် ၊ ထာဝရဘုရား ကိုသိ ၍ ကြောက်ရွံ့ သောသဘောကို ပေးသောဝိညာဉ် တော်သည် ထိုသူ အပေါ် မှာ ကျိန်းဝပ် တော်မူလိမ့်မည်။

¶ ဇိအုန် မြို့တည်းဟူသောယေရုရှလင် မြို့၏ ဖြောင့်မတ် ခြင်းသည် ရောင်ခြည် ကဲ့သို့ ၎င်း၊ သူ ၏ ကယ်တင် ခြင်းသည် ထွန်းတောက် သော ဆီမီးခွက် ကဲ့သို့ ၎င်း မ ထင်ရှား မှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ်ဆိတ် ငြိမ်သက်စွာ မ နေရ။

လောကီသား တို့အားအပြစ် စီရင်ခြင်းငှာ ၊ ဘုရားသခင် သည်သား တော်ကို ဤ လောက သို့ စေလွှတ် တော်မူသည်မ ဟုတ်။ လောကီသား တို့သည် ကိုယ်တော် အားဖြင့် ကယ်တင် ခြင်းသို့ရောက်မည်အကြောင်း စေလွှတ် တော်မူ၏။

¶ ယေရှု ကလည်း၊ ငါ ဟောသောဒေသနာ သည် ငါ ၏ဒေသနာမ ဟုတ်။ ငါ့ ကိုစေလွှတ် တော်မူသောသူ ၏ ဒေသနာဖြစ်၏။

သင် တို့အမှု ၌ ငါပြောဆို စီရင် စရာများစွာ ရှိ၏ ။ သို့သော်လည်း ငါ့ ကိုစေလွှတ် သောသူ သည်သစ္စာ နှင့် ပြည့်စုံ တော်မူ၏။ သူ ၏အထံ တော်၌ ငါ ကြား သမျှကိုသာ ဤလောက ၌ ငါဟောပြော သည် ဟု မိန့် တော်မူ၏။

ဘုရားသခင် နှင့်စပ်ဆိုင် သောသူ သည်ဘုရားသခင် ၏စကား တော်ကို နားထောင် တတ်၏။ သင် တို့ သည် ဘုရားသခင် နှင့်မ စပ်ဆိုင်သောကြောင့် နား မ ထောင်ကြ ဟု မိန့် တော်မူ၏။

ငါ အမှန်အကန် ဆို သည်ကား၊ ငါ သွား လျှင် သင် တို့အကျိုး ရှိလိမ့်မည်။ အကြောင်းမူကား ၊ ငါမ သွား လျှင် ဥပဇ္ဈာယ် ဆရာသည် သင် တို့ဆီသို့ မ လာ ။ ငါသွား လျှင် ထိုသူ ကို သင် တို့ဆီသို့ ငါစေလွှတ် မည်။

ယေရှု ခရစ် ၌ တည်၍ အသက် ရှင်စေသော ဝိညာဉ် တော်၏တရား သည် အပြစ် တရား ၏ လက်မှ ၎င်း၊ သေ ခြင်းတရား၏လက်မှ၎င်း၊ ငါ့ ကိုကယ်လွှတ် ပြီ။

သို့သော်လည်း ခရစ်တော် သည် ဆု ပေး တော်မူသည်အတိုင်း ငါ တို့သည်ကျေးဇူး တော်ကို အသီးသီး ကိုယ် စီခံရကြပြီ။

အကြောင်းမူကား ၊ ဘုရားသခင် ၏ ဇာတိအဖြစ်တော်၏ ပြည့်စုံ ခြင်းအပေါင်း သည် ခရစ်တော် ၌ ကိုယ် ထင်ရှား၍ ကျိန်းဝပ် တော်မူ၏။။

¶ တဖန် ၊ ကျောက် သလင်းကဲ့သို့ ကြည်လင် ၍၊ ဘုရားသခင် နှင့် သိုးသူငယ် ၏ ပလ္လင် တော်ထဲက ထွက် သော၊ အသက် ရေစီး ရာမြစ် ကို ကောင်းကင်တမန်သည် ငါ့ အား ပြ လေ၏။