ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် အဘယ်မျှ ကာလပတ်လုံးငါ့ ကို မရိုမသေ ပြုကြလိမ့်မည်နည်း။ သူ တို့၌ ငါပြ ခဲ့ပြီးသမျှ သော နိမိတ် လက္ခဏာတို့ကို မြင်ရ သော်လည်းအဘယ်မျှ ကာလပတ်လုံးငါ့ ကို မ ယုံ ဘဲနေကြလိမ့်မည်နည်း။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 4:48
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
မစ ကယ်တင် ခြင်း ကျေးဇူးကို ပြု တော်မူ၏။ ကောင်းကင် မြေကြီး ၌ နိမိတ် လက္ခဏာ၊ အံ့ဩဘွယ် တို့ကို ဖြစ်စေတော်မူ၏။ ဒံယေလ ကို ခြင်္သေ့ လက် မှ ကယ်လွှတ် တော်မူသော ဘုရားသခင်သည် ထိုသို့သော ဘုရားဖြစ် တော်မူ၏ဟု အမိန့်တော်ရှိ၏။
အကြောင်းမူကား ၊ ခရစ်တော် ၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာ ပရောဖက်တို့သည် ပေါ်လာ ၍ ရွေးချယ် သောသူ တို့ကိုပင် လှည့်ဖြားနိုင် လျှင် လှည့်ဖြား လောက်အောင် ကြီးစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြ ကြလိမ့်မည်။
အကြောင်းမူကား ၊ ခရစ်တော် ၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာ ပရောဖက်တို့သည် ပေါ်လာ ၍၊ ရွေးချယ် သောသူ တို့ကိုပင်လှည့်ဖြား နိုင် လျှင် လှည့်ဖြားနိုင်လောက်အောင်နိမိတ် လက္ခဏာအံ့ဘွယ် သောအမှုတို့ကိုပြ ကြလိမ့်မည်။”
အာဗြဟံက၊ သူတို့သည် မောရှေ ၏စကား၊ ပရောဖက် တို့၏စကားကို နား မ ထောင်လျှင် ၊ တစ်ယောက် သောသူသည် သေ ခြင်းမှ ထမြောက် သော်လည်း မ ယုံကြည် နိုင်ကြဟု အာဗြဟံဆိုသည် ဟု မိန့် တော်မူ၏။
အခြားသောသူအများ တို့သည် နှုတ်ကပတ် စကားတော်ကြောင့် ယုံကြည် ၍၊
ငါသည် အခြား သူမ ပြု ဘူးသောအမှု ကို ထိုသူ တို့ရှေ့ မှာမ ပြု လျှင် သူတို့၌အပြစ် မ ရှိ ။ ယခု မူကား ၊ သူတို့သည် ထိုအမှုကိုမြင် ရ၍ ငါ နှင့် ငါ့ ခမည်းတော် ကိုမုန်း ကြ၏။
အထက် မိုးကောင်းကင် ၌ အံ့ဘွယ် သောအရာတို့ကို၎င်း ၊ အောက် အရပ်မြေကြီး ပေါ်၌ သွေး ၊ မီးလျှံ ၊ မီးခိုး တည်းဟူသောပုပ္ပ နိမိတ်တို့ကို၎င်း ငါပြ မည်။
လူ အပေါင်း တို့သည်ကြောက်လန့် ခြင်းရှိသည်ဖြစ် ၍ တမန်တော် တို့သည် များစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြု ကြ၏။
တမန်တော် တို့သည်လည်း လူ များရှေ့ မှာ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သော အမှုအရာများ ကိုပြု ကြ၏။ ထိုသူအပေါင်း တို့သည် ရှောလမုန် ကနားပြင် ၌ တစ် ညီတစ်ညွတ်တည်း နေ ကြသဖြင့်၊
ထိုသူ သည် ဣသရေလ အမျိုးသားတို့ကို နှုတ်ဆောင် ၍ အနှစ် လေးဆယ် ပတ်လုံးအဲဂုတ္တု ပြည် ၌ ၎င်း၊ ဧဒုံ ပင်လယ် ၌ ၎င်း၊ တော ၌ ၎င်း၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကိုပြု လေ၏။
ထိုအခါ ဗာနဗ နှင့် ပေါလု တို့သည် မိမိ တို့အားဖြင့် တစ်ပါး အမျိုးသားတို့တွင် ဘုရားသခင် ပြု တော်မူသမျှ သော နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ကြားပြော သည်ကို စုဝေး သောသူအပေါင်း တို့သည် တိတ်ဆိတ် စွာ နေ၍ နားထောင် ကြ၏။
ယုဒ လူတို့သည် နိမိတ် လက္ခဏာကို တောင်း တတ်ကြ၏။ ဟေလသ လူတို့သည် ပညာ ကို ရှာ တတ် ကြ၏။
ထိုအဓမ္မ လူ၏ လာ ခြင်းအကြောင်း ဟူမူကား၊ စာတန် ပြုပြင် သောအားဖြင့် မုသာ နှင့် စပ်ဆိုင်သော ထူးဆန်း သောတန်ခိုး ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုအမျိုးမျိုး နှင့် ၎င်း ၊