TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 5:3

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

¶ ထိုသို့ ဘုရားသခင် ၏ လူ သည် ဗေသလ မြို့ ယဇ် ပလ္လင်တဘက် ၌ ကြွေးကြော် သော စကား ကို ယေရောဗောင်မင်းကြီး သည် ကြား လျှင် ၊ ယဇ် ပလ္လင်ပေါ် မှာရှိသော မိမိ လက် ကိုဆန့် ၍ ထိုသူ ကို ဘမ်းဆီး ကြဟုဆို လျက်၊ ဆန့် သော လက် သည် သွေ့ခြောက် ၍ နောက် တဖန် မ ရုပ်နိုင်။။

အနာ ရောဂါများကို ငြိမ်းစေတော်မူသဖြင့် ၊ အ သောသူသည် စကား ပြောသည်ကို၎င်း ၊ ချို့တဲ့ သောသူ သည် ပကတိ ဖြစ်သည်ကို၎င်း၊ ခြေမစွမ်း သောသူသည် လှမ်းသွား သည်ကို၎င်း ၊ မျက်စိကန်း သောသူသည် မြင် ရ သည်ကို၎င်း၊ လူ အစုအဝေးတို့သည်မြင် လျှင် အံ့ဩ ခြင်းသို့ရောက် ၍ ဣသရေလ အမျိုး၏ ဘုရားသခင် ဂုဏ် တော်ကို ချီးမွမ်းကြ၏။

ထိုအခါ ယေရှုက၊ သင်တို့သည်ကြား ရသမျှ၊ မြင် ရသမျှ တို့ကိုသွား ၍ ယောဟန် အား ကြားလျှောက် ကြ လော့။ မျက်စိ ကန်းသောသူတို့သည်မျက်စိမြင် ရကြ၏ ။ ခြေမစွမ်း သောသူတို့သည် လှမ်းသွား ရကြ၏။ နူနာစွဲ သော သူတို့သည် သန့်ရှင်း ခြင်းသို့ရောက်ရကြ၏။ နားပင်း သောသူတို့သည် နားကြား ရကြ၏။ သေ သောသူတို့သည် ထမြောက် ခြင်းသို့ ရောက်ရကြ၏။

ထိုကြောင့် ၊ ညီအစ်ကို တို့၊ သခင် ဘုရားကြွလာ တော်မူသည်တိုင်အောင် သည်းခံ လျက် စောင့် နေကြ လော့။ အကယ်၍လယ် လုပ်သော သူသည်အရင် မိုဃ်း၊ နောက် မိုဃ်းကိုရ သည်တိုင်အောင် ၊ အဘိုး ထိုက်သော မြေ အသီး ကို သည်းခံ လျက် စောင့် နေ၍ မြော်လင့် တတ်၏။