ထိုရှင်ဘုရင်သည် သားစဉ်မြေးဆက်နှင့်တကွ၊ ဣသရေလအမျိုး၌ အသက်တာရှည်စွာ စိုးစံခြင်းအလိုငှာ၊
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 5:39
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သူ တို့အမျိုးသား ချင်းတို့အထဲ ၌ သင် နှင့် တူသော ပရောဖက် တပါးကို သူ တို့အဘို့ ငါပေါ်ထွန်း စေ၍ ၊ ထို ပရောဖက်နှုတ် ၌ ငါ့ စကား ကို ငါအပ် သဖြင့် ငါမှာထား သမျှ တို့ကို သူ တို့အား ဆင့်ဆို ရလိမ့်မည်။
ထိုပညတ္တိ ကျမ်းစာ ၌ ရေး ထားသမျှ အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ၊ နေ့ ညဉ့် မပြတ် ကြည့်ရှုဘတ်ရွတ် ရမည်။ သို့ပြုလျှင်သင်သည် အကြံထမြောက်၍ အောင်မြင် လိမ့်မည်။
အသက် ရှင်ခြင်း လမ်း ကို ပြ ညွှန်တော်မူလိမ့် မည်။ အထံ တော်၌ စုံလင် သော ဝမ်းမြောက် ခြင်းအခွင့် နှင့် လက်ျာ တော်နား မှာ အစဉ် အမြဲပျော်မွေ့ ခြင်းအခွင့် ရှိပါ၏။
အကြောင်း မူကား၊ ကိုယ်တော် ထံ မှာအသက် စမ်းရေ တွင်းရှိပါ၏။ အလင်း တော်ထဲ မှာ အကျွန်ုပ်တို့ သည် အလင်း ကို ရ ကြပါ၏။
ကိုယ်တော် ၏တရား ကို အကျွန်ုပ်သည် အလွန် နှစ်သက် ပါ၏။ တနေ့လုံး ဆင်ခြင် အောက်မေ့လျက် နေပါ၏။
အကြောင်း မူကား၊ ပညတ် တော်သည် မီးခွက် ဖြစ်၏။ တရား တော်သည် အလင်း ဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒ စကားသည် အသက် လမ်း ဖြစ်၏။
တရား တော်ကို၎င်း၊ သက်သေခံ တော်မူချက်ကို ၎င်း နားထောင် ကြကုန်။ သူတို့ ပြော သော စကားသည် နှုတ်ကပတ် တော်နှင့် မ ညီ လျှင် ၊ သူ တို့၌ အာရုဏ် မ တက် သေး။
ပညာရှိ တို့သည် အရှက် ကွဲကြ၏။ ထိတ်လန့် ၍ ကျော့ကွင်း ထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပယ် ကြပြီ။ သူ တို့၌ ပညာ မည် မျှရှိသနည်း။
ထိုနောက် လူတစ် ယောက်သည် ချဉ်းကပ် ၍၊ ကောင်းမြတ်သောဆရာ ၊ ထာဝရ အသက် ကို ရ အံ့သောငှာ အကျွန်ုပ်သည် အဘယ် ကောင်းမှု ကို ပြု ရပါမည်နည်းဟု မေးလျှောက် သော်၊
ယေရှုက၊ မောရှေ သည်သင် တို့အား အဘယ်သို့ စီရင် သနည်း ဟုလှန် ၍ မေး တော်မူလျှင်၊
¶ တရံရောအခါကျမ်းတတ် တစ် ယောက်သည်ထ ၍ ၊ အရှင် ဘုရား၊ ထာဝရ အသက် ကို အမွေ ခံရအံ့သောငှာအကျွန်ုပ်သည် အဘယ် အမှုကို ပြု ရပါမည်နည်းဟု ကိုယ်တော် ကို စုံစမ်းနှောင့်ရှက် ခြင်းငှာမေးလျှောက် သော်၊
အာဗြဟံက၊ သူတို့သည် မောရှေ ၏စကား၊ ပရောဖက် တို့၏စကားကို နား မ ထောင်လျှင် ၊ တစ်ယောက် သောသူသည် သေ ခြင်းမှ ထမြောက် သော်လည်း မ ယုံကြည် နိုင်ကြဟု အာဗြဟံဆိုသည် ဟု မိန့် တော်မူ၏။
တဖန် မိန့် တော်မူသည်ကား ၊ မောရှေ ၏ပညတ္တိ ကျမ်းစာ၌ ၎င်း ၊ ပရောဖက် တို့၏ ကျမ်းစာ ၌၎င်း၊ ဆာလံ ကျမ်းစာ ၌၎င်း၊ ငါ့ ကို ရည်မှတ် ၍ ရေးထားသမျှ သောအချက် တို့သည် ပြည့်စုံ ရ မည်ဟု ငါ သည် သင် တို့နှင့်အတူ ရှိ စဉ်အခါ သင် တို့အား ဟောပြော သောအကြောင်းအရာတို့ကား ဤ အကြောင်းအရာပေတည်း ဟု မိန့် တော်မူ၏။
ငါ ၏အကြောင်း ကိုသက်သေခံ သော သူတစ်ပါး ရှိ သေး၏။ ထို သူ၏သက်သေ တည် ကြောင်းကို ငါသိ ၏။
သင်တို့သည် မောရှေ ၏စကားကို ယုံ လျှင် ငါ့ စကားကို မယုံ ဘဲမနေနိုင်ကြ။ အကြောင်းမူကား ၊ မောရှေ သည် ငါ့ အကြောင်းကို ရေး ထား၏။
ကျမ်းစာ ၌ ဘတ် သောအချက် ဟူမူကား၊ အသေ သတ် ခြင်းငှာ ဆောင်သွားသော သိုး ကဲ့သို့ သူ့ကို ဆောင်သွား ၍ ၊ သိုးသငယ် သည် အမွေးညှပ် သောသူ ရှေ့ မှာ မ မြည်ဘဲ နေသကဲ့သို့ သူ သည်နှုတ် ကိုမ ဖွင့် ဘဲနေ၏။
ဗေရိမြို့သားတို့သည် သက်သာလောနိတ် မြို့သားတို့ထက် ထူးမြတ်သဖြင့် ၊ အလွန်ကြည်ညိုသော စေတနာ စိတ်နှင့် နှုတ်ကပတ် တရားတော်ကိုခံယူ ၍ မှန် သည်မမှန်သည်ကိုသိခြင်းငှာ၊ ကျမ်းစာ ကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှု့ ကြ၏။
အိုအဂြိပ္ပ မင်းကြီး ၊ ကိုယ်တော်သည် အနာဂတ္တိ ကျမ်းစာကို ယုံ တော်မူသလော။ ယုံတော်မူသည် ကို အကျွန်ုပ်သိ ပါသည်ဟု လျှောက် ၏။
သင် သည် ယုဒ လူဟု သမုတ် ခြင်းကို ခံသောသူ၊ ပညတ် တရားတော်ကို ကိုးစား သောသူ၊ ဘုရားသခင် ကို အမှီပြု ၍ ဝါကြွား သောသူ၊
ခရစ်တော် ၏ နှုတ်ကပတ် တရားသည် ပညာ အမျိုးမျိုး နှင့် သင် တို့အထဲ ၌ ကြွယ်ဝ စွာ တည်နေ ၍ သင်တို့သည် ဆာလံ သီချင်းမှစသောဓမ္မ သီချင်းအမျိုးမျိုးအားဖြင့် ၊ အချင်းချင်း တို့ကို ဆုံးမ သွန်သင် ခြင်း၊ သတိပေးခြင်းကိုပြု၍၊ နူးညွတ် သောစိတ်နှလုံးနှင့် ဘုရားသခင် ရှေ့တော်၌ တင့်တယ် လျောက်ပတ်စွာ သီချင်း ဆို ကြလော့။။
ထိုပြည်ကိုမအောက်မေ့ဘဲ၊ ကောင်းကင် ပြည် တည်းဟူသောသာ၍ မြတ်သောပြည်ကို တောင့်တ ခြင်း ရှိကြ၏။ ထိုကြောင့် ၊ ဘုရားသခင် သည် သူ တို့၏ ဘုရား ဟူ၍ခေါ်ဝေါ် ခြင်းကိုရှက် တော်မ မူ၊ သူ တို့နေစရာဘို့ မြို့ ကို တည်ထောင် တော်မူပြီ
ထို ကယ်တင် ခြင်းအကြောင်း အရာကို ပရောဖက် တို့သည် စေ့စေ့ စစ်ကြောမေးမြန်းရှာဖွေ ၍၊ သင် တို့ ခံရသော ကျေးဇူး တော်အကြောင်း ကို ဟောပြော ကြပြီ။
ငါသည် ထိုသူ ကို ကိုးကွယ် ခြင်းငှာသူ ၏ခြေ ရင်း၌ ပြပ်ဝပ် ၏ သူကလည်း ၊ မ ပြုပါနှင့်၊ ငါကား သင် ၏ လုပ်ဘော် ဆောင်ဘက်ဖြစ် ၏။ ယေရှု ၏ သက်သေခံ တော်မူချက်ကို ဆောင် သော သင် ၏ ညီအစ်ကို တို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင် ကို ကိုးကွယ် လော့။ အကြောင်းမူကား ၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု ၏ သက်သေ ဖြစ် သတည်းဟု ငါ့ အားပြောဆို ၏။