ဥယျာဉ် အလယ် ၌ ရှိသောအပင် ၏အသီး ကိုကား၊ သင်တို့သည် မ ကိုင် မ စား ပဲ နေကြလော့၊ သို့မဟုတ် သေ မည်ဟု ဘုရား သခင်အမိန့် တော်ရှိသည်ဟု မြွေ အား ဆို ၏။
TSK
TSK · ရှင်ယောဟန်ခရစ်ဝင်။ 8:44
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ကာဣန ကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီ အာဗေလ ကို ခေါ် ၍ ၊ လယ် သို့ ရောက်သောအခါ၊ ညီ အာဗေလ ကိုရန် ဘက်ပြု၍ သတ် လေ၏။
¶ နောက် တဖန်စာတန် သည် ဣသရေလ အမျိုး တဘက် ၌ထ ၍ ဣသရေလ အမျိုးသားတို့ကို ရေတွက် စေခြင်းငှါ ဒါဝိဒ် ကို တိုက်တွန်း လေ၏။
ထာဝရဘုရား က၊ အဘယ်သို့ သွေးဆောင်မည်နည်း ဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး ၏ပရောဖက် အပေါင်း တို့အထဲ မှာ၊ မုသာစကား ကို ပြော တတ်သောစိတ်ဝိညာဉ် ဖြစ် ပါမည်ဟု ပြန်လျှောက် သော် သင်သည်သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့ သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။
စာတန် ကလည်း ၊ အရေ ဘို့ အရေ ဟုဆို သကဲ့သို့၊ လူ သည်မိမိ အသက် ဘို့ မိမိဥစ္စာရှိသမျှ ကိုပေး ပါလိမ့်မည်။
¶ ယေရှု ကလည်း၊ တစ်ကျိပ် နှစ်ပါးသောသင် တို့ကို ငါ ရွေးကောက် သည်မ ဟုတ်လော။ သို့သော်လည်း သင် တို့တွင် ရန်သူ တစ် ယောက်ပါ မည် ဟု မိန့် တော်မူ၏။
သင်တို့သည် သင် တို့အဘ ၏အကျင့် ကို ကျင့် ကြ၏ ဟု မိန့် တော်မူ၏။ ထိုသူတို့ကလည်း၊ ငါ တို့သည် မျောက်မထား သောအမျိုး မ ဟုတ်။ ဘုရားသခင် တည်းဟူသောငါတို့အဘ တစ်ပါးတည်း ရှိ တော်မူသည်ဟု ဆို ကြ၏။
လှည့်ဖြား ခြင်း၊ အကျိုး ကိုဖျက်ခြင်း အမျိုးမျိုး နှင့်ပြည့်စုံ သော မာရ်နတ် ၏သား ၊ ဖြောင့်မတ် ခြင်း တရား၏ ရန်သူ ၊ သင်သည်ထာဝရ ဘုရား၏ ဖြောင့်မတ် သော လမ်း ခရီးတို့ကို မ ဖျက်ဆီးဘဲမနေနိုင်သလော။
မြွေ သည် မိမိ ပရိယာယ် အားဖြင့် ဧဝ ကိုလှည့်စား သကဲ့သို့ ၊ သင် တို့သည် စိတ် ဆွေးမြေ့ ယိုယွင်း၍၊ ခရစ်တော် ကို အကြွင်းမဲ့ချစ်သောစိတ် ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။
ထိုအဓမ္မ လူ၏ လာ ခြင်းအကြောင်း ဟူမူကား၊ စာတန် ပြုပြင် သောအားဖြင့် မုသာ နှင့် စပ်ဆိုင်သော ထူးဆန်း သောတန်ခိုး ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သောအမှုအမျိုးမျိုး နှင့် ၎င်း ၊
သမ္မာ သတိရှိလျက် မအိပ်ဘဲစောင့် နေကြလော့။ သင် တို့၏ ရန်သူ တည်းဟူသောမာရ်နတ် သည်၊ ဟောက် သောခြင်္သေ့ ကဲ့သို့ အဘယ်သူ ကို မျိုရ မည်နည်းဟူ၍လှည့်လည် ရှာဖွေ လျက်ရှိ၏။
ထိုသခင် ကို ငါသိ ၏ဟုပညတ် တော်တို့ကို မ စောင့် ဘဲလျက် ဆို သောသူ သည် မုသာ ကိုသုံးသောသူ ဖြစ်၍ထိုသူ ၌ သစ္စာ မ ရှိ ။
ကာဣနသည် မိမိ ညီကို အဘယ်ကြောင့် သတ် သနည်းဟူမူကား ၊ မိမိ အကျင့် သည် ဆိုးယုတ် ၍၊ ညီ ၏အကျင့်သည် ဖြောင့်မတ် သတည်း။
ထိုမှတပါး၊ မိမိ တို့အခွင့် အရာကိုမ စောင့် ၊ မိမိ တို့ နေရာ အရပ်ကို စွန့်ပစ် သော ကောင်းကင်တမန် တို့ကို၊ ကြီးစွာ သောနေ့ ၌ စစ်ကြော စီရင်ခြင်းအလိုငှာ ၊ ထာဝရ ချည်နှောင် ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော်မူ၏။
သူ တို့၏ ရှင်ဘုရင် မူကား ၊ ဟေဗြဲ ဘာသာအားဖြင့်အဗဒ္ဒုန် ဟူ၍၎င်း၊ ဟေလသ ဘာသာအားဖြင့် အပေါလျုန် ဟူ၍၎င်း ခေါ်ဝေါ် သော အနက်ဆုံး သောတွင်း တမန် ဖြစ် ၏။
ထိုသားရဲသည်လည်း ကြီးစွာသော စကားကို၎င်း၊ ဘုရားသခင် ကို ပြစ်မှားသောစကားကို၎င်း၊ ပြော တတ်သော နှုတ် နှင့်ပြည့်စုံ ၍၊ လ လေးဆယ် နှစ် လပတ်လုံးစီရင် ရသောအခွင့် ကိုရ ၏။
ရှေး မြွေ ဟောင်း၊ မာရ်နတ် စာတန် တည်းဟူသော နဂါး ကို ကိုင်ဖမ်း ၍ ၊ အနှစ် တစ်ထောင် ဘို့ ချည်နှောင် လေ၏။
ကြောက် တတ်သောသူ၊ မယုံကြည် သောသူ၊ စက်ဆုပ် ရွံ့ရှာဘွယ်သောသူ၊ လူ အသက်ကိုသတ်သောသူ၊ မတရား သောမေထုန်၌မှီဝဲသောသူ၊ ပြုစား တတ်သောသူ၊ ရုပ်တု ကိုးကွယ်သောသူ၊ သစ္စာ ပျက်သောသူ အပေါင်း တို့မူကား၊ ဒုတိယ သေ ခြင်းတည်းဟူသောကန့် နှင့်လောင် သောမီး အိုင် ထဲ၌ မိမိ တို့အဘို့ကို ရကြလိမ့်မည်ဟူ၍၎င်း ငါ့ အား မိန့် တော်မူ၏။