TSK

TSK · ရှင်ယောဟန်ခရစ်ဝင်။ 9:22

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

¶ ထာဝရဘုရား သည် ငါ ၏အလင်း ၊ ငါ့ ကို ကယ်တင် သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက် ရအံ့နည်း။ ထာဝရဘုရား သည် ငါ ၏ အသက် ခိုလှုံ ရာဖြစ်တော်မူ၏။ ငါသည် အဘယ် သူကိုမျှ ကြောက်လန့် ရအံ့နည်း။

ဖြောင့်မတ်ခြင်းတရားကိုသိ၍၊ ငါ ၏တရား ကို နှလုံး သွင်းမိသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ လူ တို့သည် အပြစ် တင်မည်ဟု မ စိုးရိမ် ကြနှင့်။ လူ တို့ကဲ့ရဲ့ ခြင်းကို မ ကြောက် ကြနှင့်။

သင်သည် သစ္စာပျက် သည်တိုင်အောင် ၎င်း၊ ငါ့ ကို မေ့လျော့ ၍ သတိ မ ပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူ ကို ကြောက်ရွံ့ သနည်း။ ငါသည် ရှေး ကာလမှ စ၍တိတ်ဆိတ် စွာနေသောကြောင့် ၊ သင်သည် ငါ့ ကို မ ကြောက် ဘဲနေသည်မဟုတ်လော။

ငါ့ အဆွေ တို့၊ သင် တို့အား ငါဆို သည်ကား၊ ကိုယ်ခန္ဓာ ကိုသတ် ၍ နောက်တစ်ဖန်အလျှင်း မ ပြု နိုင်သော သူတို့ ကို မ ကြောက် ကြနှင့်။

¶ ထိုသူ တို့ကလည်း ၊ သင် သည် မွေး စကပင်တစ်ကိုယ်လုံး ၌ ဒုစရိုက် အပြစ်စွဲသောသူဖြစ်လျက် နှင့် ငါ တို့ကို ဆုံးမ ပါသည်တကားဟု ပြောဆို ကြပြီးလျှင် ၊ ထိုသူ ကို တရားစရပ်မှနှင်ထုတ် ကြ၏။

လောကီသားတို့သည် သင် တို့ကိုတရားစရပ် မှ နှင်ထုတ်လိမ့်မည်။ သင် တို့ကိုသတ် သောသူ မည်သည်ကား ၊ ဘုရား ဝတ် ကို ငါပြု ပြီဟု မိမိထင်မှတ်သောအချိန် ကာလရောက် လိမ့်မည်။

¶ ခုနစ် ရက်တွင် ပဌမ နေ့ရက် ဖြစ်သော ထို နေ့၌ ည အချိန်ရောက် သောအခါ၊ ယုဒ လူတို့ကိုကြောက် ၍ တံခါး များကိုပိတ် ထားလျက်၊ တပည့် တော်တို့သည် စည်းဝေးကြသောအရပ် သို့ ယေရှု သည်ကြွလာ ၍ အလယ် မှာ ရပ် တော်မူလျက်၊ သင် တို့၌ ငြိမ်သက် ခြင်းရှိစေသတည်း ဟု မိန့် တော်မူ၏။

ကြွင်း သော သူတစ်စုံတစ်ယောက် မျှ မပေါင်းဖော် ဝံ့ သော်လည်း ၊ လူ များတို့သည် ကောင်းကြီး ပေးကြ၏။

ထိုနောက် ပေတရု သည် အန္တိအုတ် မြို့သို့ ရောက်လာ သောအခါ ၊ သူ၌အပြစ်တင် စရာ အခွင့်ရှိ သောကြောင့် သူ့ ကိုယ်တိုင်ကို ငါငြင်း၍ ဆီးတား ရ၏။