ထိုအသေ ကောင်ကို ဆောင် သွားသောသူသည် မိမိ အဝတ် ကိုလျှော် ရမည်။ ညဦး တိုင်အောင် လည်း မ စင်ကြယ်။
TSK
TSK · ဝတ်ပြုရာကျမ်း 13:6
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ထိုအသေ ကောင်ကို စား သောသူသည်၊ မိမိ အဝတ် ကို လျှော် ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်။ ထိုအသေ ကောင်ကို ဆောင် သွားသောသူသည်လည်း မိမိ အဝတ် ကို လျှော် ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်။
စင်ကြယ် စေရသောသူသည် မိမိ အဝတ် ကို လျှော် ၍ ၊ မိမိ ဆံပင် ကို အကုန် အစင်ရိတ် ပြီးမှ ၊ စင်ကြယ် စေခြင်းငှါ ရေချိုး ရမည်။ ထိုနောက် ၊ တပ် ထဲ သို့ ဝင် ၍ ၊ မိမိ တဲ ပြင် ၌ ခုနစ် ရက် နေ ရမည်။
¶ ကျိန်းဝပ် တော်မူရာ ကောင်းကင် ဘုံ၌ နားထောင် တော်မူပါ။
မိမိမှားယွင်း ခြင်းကို အဘယ်သူ သည် နားလည် နိုင်သနည်း။ မ ထင်ရှားသော ဒုစရိုက်အပြစ်နှင့် အကျွန်ုပ် ကို ကင်းစင် စေ၍၊
အပြစ် မ ပါဘဲ ကောင်း သောအကျင့်ကို ကျင့် သောသူ တော်ကောင်းတစုံ တယောက်မျှ မြေကြီး ပေါ် မှာ မ ရှိ။
နင်းနယ် လျက်ရှိသောကျူပင် ကို မ ချိုး။ အတောက် သေးသော မီးစာ ကို မ သတ်။ တရား သည် မြဲမြံ ခြင်းသို့ ရောက်မည်အကြောင်းစီရင် လိမ့်မည်။
¶ ယုံကြည် အားနည်း သောသူ တို့ကို လက်ခံ ကြလော့။ သို့ရာတွင်ယုံမှားဘွယ်သော ပြဿနာတို့ကို ထိုသူနှင့်မ ဆွေးနွေး ကြနှင့်။ အစာအမျိုးမျိုး ကို စား အပ်သည်ဟု လူ အချို့ ယုံ ၏။
စားစရာ ၊ သောက် စရာ၊ အမျိုးမျိုး သော နှစ် စရာတည်းဟူသော၊ ကိုယ်ခန္ဓာ နှင့်ဆိုင်သော အထုံးအဖွဲ့ များ နှင့်တကွအသစ် ပြုပြင် ခြင်း ကာလ တိုင် ရုံမျှသာ တည် ရကြ၏
ငါတို့ရှိသမျှ သည် အများ သောအားဖြင့် မှား တတ်ကြ၏။ စကား အားဖြင့် မှား ခြင်းမရှိ သောသူ မည်သည်ကား ၊ စုံလင် သောသူ ဖြစ်၏။ မိမိကိုယ်ကို တကိုယ် လုံး ကို ချုပ်တည်း နိုင် သောသူဖြစ်၏။
ပိုင်းခြား ၍သိတတ်သော ဥာဏ်ရှိ၍ အချို့ တို့ကို သနား ကြလော့။