TSK

TSK · ဝတ်ပြုရာကျမ်း 21:22

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ကျန် ကြွင်းသော ဘောဇဉ်ပူဇော်သက္ကာ မူကား ၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ဖြစ်ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက အလွန်သန့်ရှင်း သော အရာဖြစ်၏။

ကြွင်း သောအရာတို့ကို၊ အာရုန် နှင့် သူ ၏သား တို့သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်ဝင်း အတွင်း တွင် ၊ သန့်ရှင်း ရာဌာန ၌ တဆေး မပါဘဲ စား ရမည်။

¶ ဒုစရိုက် ဖြေသော ယဇ်ပူဇော်ခြင်းတရား ဟူမူကား ၊ အလွန်သန့်ရှင်း ပေ၏။

မောရှေ သည်လည်း ၊ အာရုန် နှင့် ကြွင်း သော သား ဧလာဇာ ၊ ဣသမာ တို့ကို ခေါ်၍၊ သင်တို့သည် ထာဝရဘုရား အား မီး ဖြင့်ပြုသောဘောဇဉ်ပူဇော်သက္ကာ အကြွင်း ကိုယူ ၍ တဆေး မပါဘဲ ယဇ် ပလ္လင်နား မှာ စား ကြလော့။ အလွန်သန့်ရှင်း ပေ၏။

ထိုသိုးသငယ် ကို အပြစ် ဖြေရာ ယဇ်ကောင်၊ မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၊ သန့်ရှင်း ရာဌာန ၌ သတ် ရမည်။ အကြောင်း မူကား၊ အပြစ် ဖြေရာ ယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့ ဒုစရိုက် ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်း ပေ၏။

တပါး အမျိုးသားသည် သန့်ရှင်း သောအရာကို မ စား ရ။ ယဇ်ပုရောဟိတ် ၌ တည်းနေသောဧည့်သည် မစားရ။ သူငှါး လည်း မ စား ရ။

ထာဝရဘုရား၏ပဠိညာဉ်နှင့်အညီ၊ ဣသရေလ အမျိုးသား တို့ လက်မှ ခံယူသောထိုမုန့်ကို၊ အာရုန်သည် ထာဝရဘုရား ရှေ့ တော်၌ ဥပုဃ် နေ့ တိုင်းအစဉ် အမြဲပြင်ဆင် ရမည်။

သို့ရာတွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ ကိုယ်ပိုင် ရင်းလယ် ဖြစ်စေ ၊ ထာဝရဘုရား အား ကျိန်ဆို ၍ ပူဇော် သမျှ ကို မ ရောင်း မ ရွေး ရ။ ကျိန်ဆို ၍ ပူဇော်သမျှ တို့သည် ထာဝရဘုရား အား အလွန်သန့်ရှင်း ရမည်။

ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း စေ၍ ထာဝရဘုရား အား ဆောင် ခဲ့သော ပူဇော်သက္ကာ ရှိသမျှ တို့ကို သင် နှင့် သင် ၏ သား သမီး တို့အား ထာဝရ ပညတ် တရားအားဖြင့် ငါပေး ပြီ။ သင် အစရှိသောသင် ၏အမျိုးအနွယ် နှင့်ဆို၍ ထာဝရဘုရား ရှေ့ တော်၌ ဆား နှင့်ယှဉ် သော ထာဝရ ပဋိညာဉ်ဖြစ်သတည်းဟု မိန့်တော်မူ၏။