TSK

TSK · ရှင်လုကာခရစ်ဝင်။ 19:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

မောရှေ ကို လည်း ၊ အကျွန်ုပ် တို့အား ကိုယ်တော် မိန့် တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင် ပါမည်။ အကျွန်ုပ် တို့အား ဘုရား သခင်မိန့် တော်မ မူပါစေနှင့်။ အကျွန်ုပ်တို့သည် သေ မည်ကို စိုးရိမ်ပါသည်ဟု လျှောက် ဆိုကြ၏။

ရှမွေလ ကလည်း မ စိုးရိမ် ကြနှင့်။ ဤ ဒုစရိုက် အပေါင်း ကို ပြု မိသော်လည်း ၊ ထာဝရဘုရား နောက် တော်သို့ လိုက်ရာမှ မ လွှဲ ကြနှင့်။ ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ဝတ်ပြု ကြလော့။

ဘုရား သခင်အား လည်း ၊ ငါ တို့ထံမှ ထွက်သွား လော့။ ကိုယ်တော် ၏တရား ကို ငါတို့မ သိ လို ဟူ၍၎င်း၊

ထာဝရဘုရား ၏အမှု ကို ဆောင်ရွက်သော်လည်း အကျိုး မရှိ။ စီရင် ထုံးဖွဲ့တော်မူချက်ကိုစောင့် ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ရှေ့ မှာ ညှိုးငယ် စွာ ကျင့်ကြံ ပြုမူခြင်းအားဖြင့် အဘယ် ကျေးဇူး ရှိသနည်း။

အဘယ်ကြောင့် နည်းဟူမူကား ၊ ဇာတိ ပကတိ စိတ် သဘောသည် ဘုရားသခင် နှင့်ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင် ၏ တရား တော်အလို သို့ မ လိုက် တတ်။ ထိုမျှမကမ လိုက်နိုင်

အကြောင်းမူကား ၊ ဘုရားသခင် သည် ကြောက် တတ်သော စိတ် သဘောကို ငါ တို့အား ပေး တော်မူသည်မ ဟုတ်၊ တန်ခိုး ပါသောစိတ်၊ ချစ် တတ်သောစိတ်၊ ရှင်းလင်း သောစိတ်သဘောကို ပေးတော်မူ၏။

ချစ် ခြင်းမေတ္တာသည် ကြောက် ခြင်းသံဝေဂနှင့် မ ပေါင်းနိုင်ရာ။ သံဝေဂသည် ပူပန် ခြင်းဝေဒနာကို ဖြစ် စေသောကြောင့် ၊ စုံလင် သောမေတ္တာ သည် သံဝေဂ ကိုပယ်ရှား တတ်၏။ သံဝေဂ ရှိသောသူ သည် မေတ္တာ နှင့် မ ပြည့်စုံ သေး။