TSK

TSK · ရှင်မာကုခရစ်ဝင်။ 13:34

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး တွင် ကင်း စောင့်အရာ၌ ငါခန့်ထား သောကြောင့် ၊ ငါ သတိ ပေးသောစကား ကို နားထောင် ၍ သူ တို့အား ဆင့်ဆိုလော့။

ကောင်းကင် နိုင်ငံ တော်၏ သော့ တို့ကိုလည်း သင့် အားငါပေး မည်။ သင်သည်မြေကြီး ပေါ်မှာ ချည်နှောင် သမျှ သည် ကောင်းကင် ဘုံ၌ ချည်နှောင် လျက်ရှိ လိမ့်မည်။ မြေကြီး ပေါ်မှာ ဖြည်လွှတ် သမျှ သည် ကောင်းကင် ဘုံ၌ ဖြည်လွှတ် လျက်ရှိ လိမ့်မည် ဟု မိန့် တော်မူပြီးလျှင် ၊

¶ ဥပမာ ကား၊ လူ တစ်ဦးသည် အခြားသောပြည်သို့သွား မည်ဟု အကြံရှိလျက်၊ မိမိ ငယ်သား တို့ကိုခေါ် ၍ မိမိ ဥစ္စာ များကို အပ်ပေး ၏။ သူတို့သည် အသီးအသီး အစွမ်း သတ္တိရှိသည်အတိုင်း ၊ တစ်ဦး ၌ ငွေ အခွက်ငါးဆယ် ၊

အမတ် တစ် ယောက်သည် မင်းကြီး အရာကို ခံ လို၍ မိမိ ပြည် သို့ ပြန်လာ မည်ဟု အကြံရှိလျက် ဝေး သော ပြည် သို့ သွား ၏။

အကြောင်းမူကား ၊ ငါ မ ရှိသည်နောက် ၊ ကြမ်းတမ်း သော တောခွေး တို့သည် သိုး များကို မ သနား ဘဲ သင် တို့အထဲ သို့ဝင် မည်ကို၎င်း၊

ထို အကြောင်း ကြောင့် အခွန်အတုတ် ကို ပေး ကြလော့။ မင်းတို့သည် ဘုရားသခင် ၏ အမှု စောင့်ဖြစ် ၍၊ အမှုတော်ကို အမြဲ ထမ်းကြ၏။

သင်တို့သည် သခင် ခရစ်တော် ၏ အစေ ကို ခံကြသည်ဖြစ်၍၊ အမွေ တော်တည်းဟူသောအကျိုး ကို၊ ထို သခင်ဘုရား၏ လက်တော်မှ ခံရ လိမ့်မည်ဟု သိမှတ် ကြလော့။။

ဖိလဒေလဖိ မြို့၌ ရှိသော အသင်းတော် ၏ တမန် ကိုဤသို့ ရေး ၍ မှာလိုက်လော့။ သန့်ရှင်း သောသူ ၊ ဟုတ်မှန် သောသူ ၊ ဒါဝိဒ် မင်း၏ တံခါးသော့ ကို ကိုင် သော သူ ၊ အဘယ်သူ မျှ မပိတ် နိုင်အောင် ဖွင့် ၍၊ အဘယ်သူ မျှ မဖွင့် နိုင်အောင် ပိတ် သောသူ ၏ အမိန့် တော်ကား။