TSK

TSK · ရှင်မာကုခရစ်ဝင်။ 14:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သင် နှင့် မိန်းမ ကို၎င်း ၊ သင် ၏အမျိုးအနွယ် နှင့် မိန်းမ ၏ အမျိုးအနွယ် ကို၎င်း ၊ ငါသည်ရန်ငြိုး ဖွဲ့ စေမည်။ သူသည် သင် ၏ခေါင်း ကို ကြိတ် လိမ့်မည်၊ သင်သည် သူ ၏ဖနောင့် ကို ကြိတ် လိမ့်မည်ဟု မိန့်တော်မူ၏။

သူ တို့ကို သေမင်း ဘမ်းဆီး ပါစေ။ အသက် ရှင်လျက် မရဏာ နိုင်ငံသို့ ဆင်းသက် ကြပါစေ။ အကြောင်း မူကား၊ ဒုစရိုက် တို့သည် သူ တို့နေရာ တွင် သူ တို့အထဲ ၌ ရှိကြ ၏။

ထိုသို့သောသူ ၏အပေါ် မှာ မ တရားသောသူကို ခန့်ထား တော်မူပါ။ သူ ၏လက်ျာ နား မှာ ရန်သူ နေ ပါစေ။

¶ ငါ တို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ သနည်း။ ထာဝရဘုရား ၏ လက် တော် သည် အဘယ် သူအား ထင်ရှား တော်မူသနည်း။

ထိုသိတင်းခြောက် ဆယ်နှစ် သိတင်း လွန် ပြီးမှ၊ ခရစ်တော်သည် အခွင့်မ ရဘဲအသေ သတ်ခြင်းကိုခံရလိမ့်မည်။ ထိုနောက်မှလာသော သခင် ၏ လူ တို့သည် မြို့ တော်ကို၎င်း ၊ သန့်ရှင်း ရာဌာနကို၎င်း ဖြိုဖျက် ကြ လိမ့်မည်။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံး တိုင်အောင် စစ်တိုက် ခြင်း၊ ပျက်စီး ရာနှင့်ဆိုင်သော စီရင် ဆုံးဖြတ်ခြင်းရှိလိမ့်မည်။

ငါ့ ကိုယုံကြည် သော ဤ သူငယ် တစ်စုံတစ်ယောက် ကို အကြင်သူ သည်မှားယွင်း စေ၏၊ ထိုသူ သည် လည်ပင်း ၌ ကြိတ်ဆုံ ကျောက်ကိုဆွဲ ၍ နက်နဲ သောပင်လယ် ၌ နှစ်မြှုပ် ခြင်းကို ခံရလျှင်အနေသာ၍ကောင်း ၏။

သို့ဖြစ်လျှင် ဤသို့သော အမူအရာ တို့သည်ဖြစ်ရ မည်ဟူသောကျမ်းစာ ချက်သည် အဘယ်သို့ ပြည့်စုံ အံ့နည်း ဟု မိန့် တော်မူ၏။

ထိုအခါ ကိုယ်တော် ကိုအပ်နှံ သော ယုဒ ရှကာရုတ်သည် ကိုယ်တော်၌ သေ ပြစ်ကို စီရင်ကြသည်ကို သိမြင် လျှင်၊ နောင်တရ ၍ ငွေ သုံးဆယ် ကိုယဇ်ပုရောဟိတ် အကြီး၊ လူ အကြီးအကဲတို့၌ ပြန်ပေး ၍၊

ခွဲခန့် မှတ်သားတော်မူသည်အတိုင်း လူ သား သည် သွား ရမည်။ သို့သော်လည်း လူ သားကို အပ်နှံ သော သူ သည် အမင်္ဂလာ ရှိ၏ ဟု မိန့် တော်မူ၏။

တဖန် မိန့် တော်မူသည်ကား ၊ မောရှေ ၏ပညတ္တိ ကျမ်းစာ၌ ၎င်း ၊ ပရောဖက် တို့၏ ကျမ်းစာ ၌၎င်း၊ ဆာလံ ကျမ်းစာ ၌၎င်း၊ ငါ့ ကို ရည်မှတ် ၍ ရေးထားသမျှ သောအချက် တို့သည် ပြည့်စုံ ရ မည်ဟု ငါ သည် သင် တို့နှင့်အတူ ရှိ စဉ်အခါ သင် တို့အား ဟောပြော သောအကြောင်းအရာတို့ကား ဤ အကြောင်းအရာပေတည်း ဟု မိန့် တော်မူ၏။

ထို အကြောင်းအရာကား၊ သူ ၏အရိုး ကို မ ချိုး ရဟု ကျမ်းစာ လာချက်ပြည့်စုံ မည်အကြောင်း တည်း။

လူအပေါင်း တို့၏ စိတ် နှလုံးကိုသိတော်မူသောသခင် ဘုရား၊ ယုဒ ရှကာရုတ်သည် မိမိ နေရာ အရပ်သို့ သွား အံ့သောငှာဓမ္မဆရာ ၏အရာ၊ တမန်တော် ၏အရာမှ ရွေ့လျော့ ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကိုခံ စေခြင်းငှာဤ သူနှစ် ယောက်တို့တွင် ရွေးကောက် တော်မူသောသူ ကို ပြညွှန် တော်မူပါဟု ဆုတောင်းပြီးမှ၊

ဟေရုဒ် မင်း၊ ပုန္တိ ပိလတ် မင်းမှစ၍ဣသရေလ အမျိုးသား ၊ တစ်ပါး အမျိုးသားတို့သည်၊