TSK

TSK · ရှင်မာကုခရစ်ဝင်။ 14:6

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုသို့ ထာဝရဘုရား သည် ယောဘ အား မိန့် တော်မူပြီးမှ ၊ တေမန် အမျိုးသားဧလိဖတ် အား လည်း သင် နှင့် သင် ၏ အဆွေ ခင်ပွန်းနှစ် ယောက် ကို ငါ အမျက် ထွက် ၏။ အကြောင်း မူကား၊ ငါ့ ကျွန် ယောဘ သည် ငါ့ အကြောင်း အရာတို့ကို ဟုတ်မှန် စွာ ပြောသကဲ့သို့သင်တို့သည် မ ပြော။

¶ ယေရှု သည် သိ တော်မူလျှင် ထိုမိန်းမ ကိုအဘယ်ကြောင့် နှောင့်ရှက် ကြသနည်း။ သူသည် ငါ ၌ ကောင်း သောအမှု ကိုပြု ပြီ။

ယုပွေ မြို့၌ ဒေါ်ကာ ဟုဆိုလို သော တဗိသ အမည် ရှိသော တပည့် တော်မ တစ် ယောက်ရှိ ၏။ ထို မိန်းမသည် ကောင်း သောအကျင့် ၊ စွန့်ကြဲ ခြင်းအကျင့်နှင့် ပြည့်စုံ လျက်၊

အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ချီးမွမ်း သောသူ သည် ဝန်ခံတော်မူသော သူဖြစ်သည်မ ဟုတ်။ သခင် ဘုရားချီးမွမ်း တော်မူခြင်းကို ခံရသော သူသာလျှင် ဝန်ခံ တော်မူသောသူ ဖြစ် သတည်း။

ဆုတောင်းသောအချက်ဟူမူကား၊ သင်တို့သည် ကောင်း သော အကျင့် အမျိုးမျိုး တည်းဟူသောအသီးကိုသီး ခြင်း၊ ဘုရားသခင် ကိုသိသော ဉာဏ် တိုးပွား ခြင်း ရှိသဖြင့် ၎င်း၊ ဝမ်းမြောက် သောစိတ်နှင့် အရာရာ ၌ သည်းခံ ခြင်း၊ စိတ်ရှည် ခြင်းအလိုငှာ၊ ဘုန်းကြီး သော တန်ခိုး တော်အတိုင်း ခွန်အား နှင့် ပြည့်စုံ သဖြင့်၎င်း၊

ကောင်း သောအကျင့် ကိုကျင့်၍ အသရေ ရှိသောသူ၊ သူငယ် တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည် ဝတ်ပြုခြင်း၊ သန့်ရှင်းသူ တို့၏ခြေ ကိုဆေး ခြင်း၊ ဆင်းရဲ သောသူတို့ကို လုပ်ကျွေး ခြင်း၊ ကောင်း သောအမှု ရှိသမျှ တို့၌ ကြိုးစားအားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင် ၊ စာရင်းအင်းဝင်စေ။

သို့ဖြစ်၍ ၊ အထက်ဆိုခဲ့ပြီးသောအကျင့်တို့ကို ပယ်၍၊ မိမိ ကို စင်ကြယ် စေသောသူမည်သည်ကား၊ အသရေ ရှိသောတန်ဆာ ၊ သန့်ရှင်း ၍ အိမ်ရှင် သုံး စရာ ကောင်းသောတန်ဆာ၊ ကောင်း သော အမှု များအဘို့ အလိုငှာ ပြင်ဆင် သောတန်ဆာဖြစ်လိမ့်မည်။

အရာရာ ၌ ကောင်း သောအကျင့် တို့၏ ပုံ သက်သေကိုကိုယ်တိုင် ပြ လော့။ ဆုံးမ ဩဝါဒပေးသောအခါ ၊ မိစ္ဆာ ဒိဋ္ဌိနှင့်ကင်းခြင်း၊ တည်ကြည် ခြင်း

ဤစကား သည် သစ္စာ စကားဖြစ် ၏။ ဘုရားသခင် ကို ယုံကြည် သောသူ တို့သည် ကောင်း သောအကျင့် တို့ကို အမြဲကျင့်အံ့သောငှာသတိပြု ရကြမည်အကြောင်း ၊ သင် သည် ဤ အရာများကို ကြိုးစား၍ ဟောပြောစေခြင်းငှာငါအလိုရှိ ၏။ ထို အကျင့်တို့သည် ကောင်း သည်သာမက၊ လူ တို့၏အကျိုး ကို ပြုစုတတ်သော အကျင့်ဖြစ် ကြ၏။

ထိုမှတစ်ပါး မေတ္တာ စိတ် ရှိစေခြင်းငှာ၎င်း၊ ကောင်း သောအကျင့် ကို ကျင့်စေခြင်းငှာ၎င်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်း တစ်ယောက်ကို တစ်ယောက် ထောက်စာ ကြည့်ရှုကြကုန်အံ့

သာသနာပ လူတို့သည် သင် တို့ကိုကဲ့ရဲ့ ပြစ်တင်ကြသည်အမှု မှာ၊ ဘုရားသခင် ကြည့်ရှု စီရင်တော်မူသော နေ့ရက် ၌ ၊ သင်တို့၏ ကောင်း သောအကျင့် ကို သူ တို့သည် ထောက်ရှု ၍ ဘုရားသခင်ကိုချီးမွမ်း မည်အကြောင်း၊ သူတို့ ရှေ့၌တင့်တယ် လျောက်ပတ်စွာ ကျင့် နေကြလော့။