كل أسفار မြန်မာကျမ်းစာ

ရှင်မာကုခရစ်ဝင်။ 4

မြန်မာကျမ်းစာ · الأصحاح 4

16 أصحاحات

1 ¶ နောက်တစ်ဖန် အိုင် နား မှာ ဆုံးမ ဩဝါဒပေးတော်မူစဉ်တွင်၊ များစွာ သောလူ အပေါင်းတို့သည် အထံ တော်၌ စုဝေး ကြသောကြောင့် ၊ အိုင် တွင် လှေ ထဲသို့ ဝင် ၍ ထိုင် တော်မူ၏။ ပရိသတ် အပေါင်း တို့သည် အိုင် နား ကုန်း ပေါ်မှာ နေ ကြ၏။

2 ထိုအခါ ဥပမာ စကားအားဖြင့် များစွာ သောဆုံးမ ဩဝါဒကို ပေး၍ မြွက်ဆို တော်မူသည်မှာ၊

3 နားထောင် ကြလော့။ မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲခြင်းငှာထွက်သွား ၏။”

4 အစေ့ကို ကြဲ သည်တွင် အချို့ သောအစေ့တို့သည် လမ်း ၌ ကျ သဖြင့် ၊ မိုဃ်းကောင်းကင်ငှက် တို့သည် လာ ၍ ကောက်စား ကြ၏။”

5 အချို့ သောအစေ့တို့သည် မြေ နည်း ၍ ကျောက် ပေါများသောအရပ်၌ ကျ သဖြင့် ၊ မြေ တိမ် သောကြောင့် ချက်ခြင်း အပင်ပေါက် သော်လည်း ၊”

6 နေ ထွက် သောအခါ ပူလောင် သည်ဖြစ်၍ အမြစ် မ စွဲ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။”

7 အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ၊ ဆူးပင် တို့သည် ကြီးပွား ၍ ညှဉ်းဆဲ သောကြောင့် အသီး မ သီး ကြ။”

8 အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့် ၊ အပင်ပေါက် ၍ ကြီးပွား လျက် အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ ၍ အသီး သီး ကြ၏။”

9 ကြား စရာ နား ရှိ သောသူ မည်သည်ကားကြား ပါစေ ဟု မိန့် တော်မူ၏။

10 ¶ ဆိတ်ကွယ် ရာအရပ်၌ ရှိ တော်မူသောအခါ တစ်ကျိပ် နှစ်ပါးသောသူ တို့နှင့် အခြံအရံ တော်တို့သည် ထို ဥပမာ ကို မေးမြန်း ကြလျှင် ၊

11 ကိုယ်တော်က၊ သင် တို့သည် ဘုရားသခင့် နိုင်ငံ တော်၏နက်နဲ သောအရာကို သိရသောအခွင့်ရှိ ကြ၏။”

12 ပြင်၌ရှိသော ထိုသူတို့မူကား၊ မြင် လျက်ပင် အာရုံ မ ပြုဘဲမြင်၍၊ ကြား လျက်ပင်အနက် ကို နားမ လည် ဘဲ ကြား သဖြင့် ၊ သူ တို့အကျင့် မ ပြောင်းလဲ၊ အပြစ်မလွှတ် ရသည်တိုင်အောင်သူ တို့အား ဟောသမျှကို ဥပမာ အားဖြင့် ဟောရ၏။”

13 သင်တို့သည် ဤ ဥပမာ ကိုမျှ နား မလည်လျှင်၊ ဥပမာ ရှိသမျှ တို့ကို အဘယ်သို့ နားလည် ကြမည်နည်း။”

14 မျိုးစေ့ ကြဲသောသူ သည် တရားစကား ကိုကြဲ ၏။”

15 တရား စကားကို လမ်း ၌ ကြဲ ခြင်း၊ အကြောင်းအရာကား၊ တရားစကားကို ကြား သည်ရှိသော်၊ စာတန် သည် ချက်ခြင်း လာ ၍ နှလုံး ၌ ကြဲ သော တရားစကား ကို နှုတ်ယူ တတ်သည်ဟု ဆိုလိုသတည်း။”

16 ကျောက် ပေါသောအရပ် ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သော စိတ်နှင့် ချက်ခြင်း ခံယူ သော်လည်း ၊”

17 စိတ် နှလုံး၌ အမြစ် မ စွဲ ခဏ သာတည် သဖြင့် တရား စကားကြောင့် အမှုအခင်း နှင့် ညှဉ်းဆဲ ခြင်းကို ခံရ သောအခါ ချက်ခြင်း ဖောက်ပြန် တတ်သည်ဟု ဆိုလိုသတည်း။”

18 ဆူးပင် တို့တွင် ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကိုကြား ၍၊”

19 လောကီ အမှု၌စိုးရိမ် ခြင်း၊ စည်းစိမ် ဥစ္စာ၏ လှည့်စား ခြင်း၊ ကြွင်း သောအရာ ကို တပ်မက် ခြင်းစိတ် တို့ သည် တရားစကား ကို လွှမ်းမိုး ညှဉ်းဆဲ တတ်သောကြောင့် အသီး မသီးနိုင် ဟု ဆိုလို သတည်း။”

20 ကောင်း သောမြေ ၌ ကြဲ ခြင်းအကြောင်းအရာကား၊ တရားစကား ကို ကြား ၍ခံယူ သဖြင့် ၊ အဆသုံးဆယ် ၊ အဆခြောက်ဆယ် ၊ အဆတရာ ပွားများ၍ အသီးသီး တတ်သည်ဟု ဆိုလို သတည်း။”

21 ထိုမှတစ်ပါးဆီမီး ကို ဆီမီးခုံ ပေါ်မှာ မ တင် ၊ တောင်း ဇလားအောက် ၊ ခုတင် အောက် ၌ ဖုံးထား ခြင်းငှာ ယူခဲ့ သလော။”

22 ဆိတ်ကွယ် ရာ၌ရှိ သမျှတို့သည် ထင်ရှား လိမ့်မည်။ ဝှက်ထား လျက်ရှိသမျှတို့သည်လည်း ပွင့်လင်း လိမ့်မည်။”

23 ကြား စရာနား ရှိ သောသူ မည်သည်ကားကြား ပါစေ။”

24 ထိုမှတပါးသင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြင်ချိန်၊ တင်း ပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး ၏။ ထိုပမာဏ အတိုင်း ကိုယ်တိုင်ခံရ ကြမည်။”

25 အကြင်သူ သည် ရ တတ်၏၊ ထိုသူ အား ပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏၊ ထိုသူ ၌ ရှိ သမျှ ကိုပင် နှုတ် လိမ့်မည်။”

26 ထိုမှတစ်ပါး လူ သည် လယ် ၌ မျိုးစေ့ ကြဲ ပြီးမှ နောက်တစ်ဖန်မိမိမကြည့်မမှတ်၊”

27 ညဉ့် ၊ နေ့ ၊ အိပ် လျက် ၊ နိုး လျက်နေသော်လည်း အပင်ပေါက် ၍ ကြီးပွား သည်နှင့်ဘုရားသခင် ၏နိုင်ငံ တော်တူ ၏။”

28 မြေကြီး သည် မိမိ အလိုအလျောက်အသီးကိုသီး စေ၍ ရှေးဦးစွာ အညှောက် ၊ ထိုနောက် အနှံ ၊ ထိုနောက် အနှံ ထဲမှာ အောင်မာ သောအဆန် ကို ဖြစ်စေတတ်၏။”

29 အသီး မှည့် ၍ ရိတ် ချိန်ရောက် သောအခါ ၊ လယ်ရှင်သည် မဆိုင်းမလင့် ၊ တံစဉ် နှင့် ရိတ် စေတတ် သည်” ဟု မိန့် တော်မူ၏။

30 ¶ ထိုမှတပါး ဘုရားသခင် ၏နိုင်ငံ တော်ကို အဘယ်သို့ ပုံပြ ရအံ့နည်း။ အဘယ် ဥပမာ နှင့် ခိုင်းနှိုင်း ရအံ့နည်းဟူမူကား၊”

31 မုန်ညင်း စေ့ နှင့်တူ ၏။ မုန်ညင်းစေ့သည် မြေ ၌ စိုက် သောအခါ မြေ ၌ ရှိသော အစေ့ တကာ တို့ထက် ငယ် သော်လည်း ၊ စိုက် ပြီးမှ အပင်ပေါက် ၍၊”

32 မြက်ပင် တကာ တို့ထက် ကြီးပွား သဖြင့် ၊ မိုဃ်း ကောင်းကင်ငှက် တို့သည် အရိပ် ခို ၍ နားနေ လောက် သော အကိုင်းအခက် ကြီး တို့ကိုဖြစ် စေတတ်သည် ဟု မိန့် တော်မူ၏။”

33 ¶ ထိုသို့သော ဥပမာ စကားများ အားဖြင့်ကိုယ်တော်သည် ပရိသတ်များနားထောင် နိုင် သည်အတိုင်း တရား ဟော တော်မူ၏။

34 ဥပမာ ကင်း ၍ ဟောပြော တော်မ မူ။ ရှိသမျှ သောအရာတို့ကို ဆိတ်ကွယ် ရာအရပ်၌ တပည့် တော်တို့ အား ဖွင့်ပြ တော်မူ၏။

35 ထို နေ့ ည အချိန်၌ ကိုယ်တော်က၊ ကမ်း တစ်ဘက်သို့ ကူး ကြကုန်အံ့ ဟု မိန့် တော်မူလျှင် ၊

36 တပည့်တော်တို့သည် လူ စုဝေးရာမှထွက် ၍ လှေ ပေါ်၌ ရှိ နှင့်သောကိုယ်တော် ပါ လျက် သွား ကြ၏။ အခြား လှေ တို့လည်း ပါ သေး၏။

37 ထိုအခါ ပြင်းစွာ သောမိုဃ်းသက်မုန်တိုင်း ဖြစ် ၍ လှိုင်း တံပိုးခတ် သောကြောင့် လှေ သည် ရေနှင့် ပြည့် လေ၏။

38 ကိုယ်တော် သည် ပဲ့ ၌ ခေါင်းအုံး ပေါ်မှာ ကျိန်းစက် ၍နေ တော်မူ၏။ တပည့်တော်တို့သည် ကိုယ်တော် ကို နှိုး ပြီးမှ ၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည်ပျက်စီး ခြင်းသို့ ရောက်သည်ကို လျစ်လျူ သောစိတ်ရှိတော်မူသလောဟု လျှောက် ကြသော် ၊

39 ကိုယ်တော်သည် ထ ၍ တိတ်ဆိတ် ငြိမ်ဝပ် စွာ နေဟုလေ နှင့် ပင်လယ် ကို ဆုံးမ တော်မူသဖြင့် လေ သည် ငြိမ် ၍ အလွန် သာယာ လေ၏။

40 ကိုယ်တော်ကလည်း၊ သင်တို့သည် အဘယ်ကြောင့် ဤမျှလောက်ကြောက် တတ်သနည်း။ အဘယ်ကြောင့်ယုံကြည် ခြင်းစိတ်နှင့် ကင်း သနည်း ဟု မေး တော်မူလျှင် ၊

41 သူတို့သည် အလွန် ကြောက်ရွံ့ ၍ ဤ သူကား အဘယ်သို့ သောသူနည်း။ လေ နှင့် ပင်လယ် သည် သူ ၏ စကားကို နားထောင် ပါသည်တကားဟု အချင်းချင်း ပြောဆို ကြ၏။