TSK

TSK · ရှင်မာကုခရစ်ဝင်။ 4:39

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ဣသရေလ အမျိုးသား တို့သည် ပင်လယ် အလယ် ၌ မြေ ပေါ် မှာ ရှောက်သွား ကြ၍ ၊ ရေ သည် သူ တို့ လက်ျာ ဘက်၊ လက်ဝဲ ဘက်မှာ ကျောက်ထရံ ကဲ့သို့ရှိနေ၏။

တိုး ၍မ လွန်ရ၊ ဤ အရပ်၌သင် ၏ ထောင်လွှား သောလှိုင်း တံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင် ၍၊ တံခါး ပိတ်နှင့် ကန့်လန့်ကျင် တို့ကို ထား သည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီသနည်း။

သမုဒ္ဒရာ မြည် သံ၊ လှိုင်း တံပိုးဟုန်း သံ၊ လူ တို့ ရုန်း ရင်းခတ်သံများကိုလည်း ငြိမ်း စေတော်မူ၏။

အို ထာဝရဘုရား ၊ မြစ် တို့သည် ထ ကြပါ၏။ မြစ် တို့သည် ဟုန်းသံ ကိုပေး ကြပါ၏။ မြစ် တို့သည် လှိုင်း တံပိုးခတ် ကြပါ၏။

လေပြင်း ကို ပျောက် စေတော်မူ၍ ၊ လှိုင်း တံပိုးများလည်း ငြိမ်ဝပ် ကြ၏။

သမုဒ္ဒရာ ၌ ကန့် ကွက်သောအပိုင်းအခြားကို ရေ မ လွှမ်း ရမည်အကြောင်းစီရင် သောအမှု၊ မြေကြီး တိုက်မြစ် တည်သော အမှု တို့ကို ပြီးစီး စေတော်မူသောအခါ ၊

ထိုအခါ လူ များတို့သည် စုဝေး လျက် ပြေးလာကြသည်ကို ယေရှု သည်မြင် လျှင်၊ နားပင်း ၍ စကား အ သောနတ် ၊ သူငယ် မှ ထွက် လော့၊ နောက်တစ်ဖန် မဝင် နှင့် ငါ အမိန့် ရှိ၏ ဟု ထိုညစ်ညူး သောနတ် ကို ဆုံးမ ၍ မိန့် တော်မူသဖြင့် ၊