TSK

TSK · ရှင်မာကုခရစ်ဝင်။ 5:7

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

¶ ရှင် ဘုရင်ကလည်း ၊ မှန် သောစကားမှတပါး အခြားသောစကားကို ထာဝရဘုရား အခွင့်နှင့် သင်သည် ငါ့ အား မ ဟော မည်အကြောင်း ၊ ငါ သည် ဘယ်နှစ်ကြိမ် တိုင်အောင်သင့် အား အကျိန် ပေးရမည်နည်းဟုမေး သော်၊

ထိုအခါ စုံစမ်း သွေးဆောင်သောသူ သည် ချဉ်းကပ် ၍၊ ကိုယ်တော်သည် ဘုရားသခင် ၏သား တော်မှန် လျှင် ၊ ဤ ကျောက်ခဲ တို့ကို မုန့် ဖြစ် စေခြင်းငှာ အမိန့် ရှိတော်မူပါဟု လျှောက် လေ၏။

ရှိမုန် ပေတရု က၊ ကိုယ်တော် သည် ခရစ်တော် တည်းဟူသောအသက် ရှင်တော်မူသော ဘုရားသခင် ၏ သား တော်ဖြစ် တော်မူသည်ဟု လျှောက် လေ၏။

ဪ နာဇရက် မြို့သားယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီး ခြင်းငှာလာ သလော။ ကိုယ်တော် သည် အဘယ်သူ ဖြစ် သည်ကို အကျွန်ုပ်သိ ပါ၏။ ဘုရားသခင် ၏ သန့်ရှင်း တော်မူသောသူ ဖြစ်ပါသည်ဟု ဟစ်ကြော် လေ၏။

ကိုယ်တော်သည် တခွန်းမျှ ပြန်ပြော တော်မ မူဘဲတိတ်ဆိတ်စွာ နေ၏။ တစ်ဖန် ယဇ်ပုရောဟိတ် မင်းက၊ သင် သည် ခရစ်တော် တည်းဟူသောမင်္ဂလာ ရှိသောဘုရားသခင်၏သား တော် မှန် သလောဟု မေး ပြန်လျှင် ၊

ဪ နာဇရက် မြို့သားယေရှု ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီး ခြင်းငှာလာ သလော။ ကိုယ်တော် သည် အဘယ်သူ ဖြစ် သည်ကို အကျွန်ုပ်သိ ပါ၏၊ ဘုရားသခင် ၏ သန့်ရှင်း တော်မူသောသူ ဖြစ်ပါသည်ဟု ကြီး သောအသံ နှင့် ဟစ်ကြော် လေ၏။

ကိုယ်တော် ကိုမြင် လျှင် ပြပ်ဝပ် ၍ ၊ အမြင့်ဆုံး သောဘုရားသခင် ၏ သား တော်ယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ တော်မ မူမည်အကြောင်း အကျွန်ုပ်တောင်းပန် ပါ သည်ဟု ကြီး သောအသံ နှင့်အော်ဟစ် ၍ လျှောက် လေ၏။

ထိုသို့ လမ်း ၌သွား ကြစဉ် ရေ ရှိရာသို့ ရောက် ၍၊ အမတ် ကလည်း ဤအရပ်တွင်ရေ ရှိပါ၏။ အကျွန်ုပ် ကို ဗတ္တိဇံ မခံစေခြင်းငှာမည်သည့် အကြောင်းဆီးတား ပါသနည်းဟု ပြောဆို လျှင် ၊

ထိုအခါအရပ်ရပ်သို့လှည့်လည် ၍ ဓိဋ္ဌာန်သစ္စာ ပေးတတ်သော ယုဒ လူအချို့ တို့က၊ ပေါလု ဟောပြော သော ယေရှု ကို ငါတိုင်တည်၍ သင် တို့ကို ဓိဋ္ဌာန်သစ္စာ ပေး ၏ဟုဆိုလျက်၊ နတ် ဆိုး စွဲ သော သူ တို့၏အပေါ် ၌သခင် ယေရှု ၏နာမ တော်ကို မြွက် စမ်းကြ၏။

ထိုသူငယ် တို့သည် အသွေး အသား နှင့် ဆက်ဆံ ကြသောကြောင့် ၊ ခရစ်တော်သည် အသေခံ တော်မူသောအားဖြင့် ၊ သေ ခြင်းတရားကို အစိုးရ သော သူတည်းဟူသောမာရ်နတ် ၏ တန်ခိုးကိုချိုးဖဲ့ ဖျက်ဆီးခြင်းငှာ ၎င်း

အကြောင်းမူကား ၊ ပြစ်မှား သော ကောင်းကင်တမန် တို့ကို ဘုရားသခင် သည်နှမြော တော်မ မူ၊ ငရဲ ထဲသို့ချလိုက်ပြီးမှစစ်ကြော စီရင်ခြင်း အလို့ငှာ ချုပ် ထား၍၊ မှောင်မိုက် သံကြိုး နှင့်ချည်နှောင် တော်မူ၏။

ထိုမှတပါး၊ မိမိ တို့အခွင့် အရာကိုမ စောင့် ၊ မိမိ တို့ နေရာ အရပ်ကို စွန့်ပစ် သော ကောင်းကင်တမန် တို့ကို၊ ကြီးစွာ သောနေ့ ၌ စစ်ကြော စီရင်ခြင်းအလိုငှာ ၊ ထာဝရ ချည်နှောင် ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော်မူ၏။

¶ တဖန် ကောင်းကင်တမန် သည် အနက်ဆုံး သောတွင်း၏ သော့ နှင့် သံကြိုး ကြီး ကိုကိုင် လျက် ကောင်းကင် က ဆင်းသက် သည်ကို ငါမြင် ၏။