¶ နိုင်ငံ တော်ကို ဒါဝိဒ် မင်းမျိုး လက်မှ နှုတ် ၍ သင့် အား ပေး သော်လည်း ၊ သင်သည် ငါ့ ကျွန် ဒါဝိဒ် ကဲ့သို့ မ ဟုတ်။ သူသည် ငါ့ ပညတ် တို့ကို စောင့်ရှောက် ၏။ ငါ့ ရှေ့ မှာ ကောင်း သောအကျင့်ကိုသာ ကျင့် မည်ဟု စိတ် နှလုံးအကြွင်းမဲ့ ငါ့ ကို ဆည်းကပ် ၏။
TSK
TSK · ရှင်မာကုခရစ်ဝင်။ 8:34
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ကျဉ်း သောတံခါး ကိုဝင် ကြလော့။ ပျက်စီး ခြင်းသို့ ရောက် သောလမ်း နှင့် တံခါး သည် ကျယ်ဝန်း သည် ဖြစ်၍ဝင် သောသူ တို့သည်များ ကြ၏။
¶ ထိုအခါ ယေရှု က၊ ငါ ၌ဆည်းကပ် လို သောသူ ဖြစ် လျှင်ကိုယ်ကိုကိုယ် ငြင်းပယ် ရမည်။ ကိုယ် လက်ဝါးကပ်တိုင် ကိုထမ်း ၍ ငါ့ နောက်သို့လိုက် ရမည်။
¶ ထိုအခါ လူ အစုအဝေးအပေါင်းကို အထံတော်သို့ခေါ် ၍၊ သင်တို့ရှိသမျှ သည်နားထောင် နားလည် ကြလော့။”
¶ ယေရှု သည်၊ ထိုသူ ကိုကြည့်ရှု လျက် ချစ် သောစိတ်ရှိ၍ ၊ သင် သည်တခု လို သေး၏။ သွား လော့။ ကိုယ် ဥစ္စာ ရှိသမျှ ကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်၊ ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကို ရ လိမ့်မည်။ သို့ပြီးမှလာ ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
¶ ကျဉ်းမြောင်း သောတံခါးဝ ကို ဝင် ခြင်းငှာကြိုးစားအားထုတ် ကြလော့။ အကြောင်းမူကား ၊ အများ သော သူတို့သည် ဝင် ခြင်းငှာအလိုရှိ သော်လည်း မ စွမ်းနိုင် ကြဟု ငါဆို ၏။
ထိုနည်းတူ ၊ သင် တို့တွင် အကြင်သူ သည် မိမိ ၌ရှိသမျှ ကို မ စွန့် ဘဲနေ၏။ ထိုသူသည် ငါ့ တပည့် မ ဖြစ် နိုင် ရာ။
¶ ပရိသတ် များ နားထောင် စဉ်တွင်တပည့် တော်တို့အား တဖန်မိန့် တော်မူသည်ကား၊
¶ ရှိမုန် ပေတရု က၊ သခင် ၊ ကိုယ်တော်သည် အဘယ် အရပ်သို့ ကြွ တော်မူမည်နည်းဟု မေးလျှောက် လျှင်၊ ယေရှု က၊ ငါသွား ရာအရပ် သို့ သင်သည်ယခု မ လိုက် နိုင် ။ နောက်မှ လိုက် ရလိမ့်မည် ဟု မိန့် တော်မူ၏။
ထိုသို့ မိန့် တော်မူသော်၊ အဘယ်သို့ သောသေ ခြင်းအားဖြင့်ပေတရုသည် ဘုရားသခင် ၏ဘုန်း တော်ကို ထင်ရှားစေမည်အရိပ် ကို ပေးတော်မူ၏။ ထိုသို့ မိန့် တော်မူပြီးမှ ၊ ငါ့ နောက် သို့လိုက်လော့ ဟု ပေတရု အား မိန့် တော်မူပြန်၏။
ထိုမှတပါး၊ ငါ တို့၏လူ ဟောင်း သည် ထို သခင်နှင့်အတူလက်ဝါးကပ်တိုင် မှာ အသေသတ်ခြင်းကို ခံပြီဟု ငါတို့သိ ကြ၏။ အကြောင်းမူကား၊ ငါ တို့သည် နောက်မှအပြစ် တရား၏အစေ ကို မ ခံစေခြင်းငှာ၊ အပြစ် တရား၏ ကိုယ် ကို ဖျက်ဆီး မည်အကြောင်း တည်း။
¶ သို့ဖြစ်၍ ၊ အားရှိ သောငါ တို့သည် ကိုယ် အလို သို့မ လိုက်၊ အားနည်း သောသူ တို့၏ အားနည်း ခြင်းကို သည်းခံ ရကြမည်။
သို့ဖြစ်၍ ၊ ငါ၏အစား အသောက်သည် ငါ့ ညီအစ်ကို ကို မှားယွင်း စေလျှင် ၊ ငါ့ ညီအစ်ကို ၌ မှားယွင်း စရာအကြောင်းမ ရှိစေခြင်းငှာ ၊ အမဲသား ကို အစဉ်မပြတ် ရှောင် မည်။
ငါသည် နေ့တိုင်း အသေခံ ရ၏ဟု ငါ တို့သခင် ယေရှု ခရစ် ၌ သင် တို့အကြောင်းကြောင့် ငါဝါကြွား ဝမ်းမြောက်ခြင်းကို တိုင်တည်၍ ငါဆိုဝံ့၏။
ခရစ်တော် နှင့်စပ်ဆိုင်သောသူ တို့သည် ဇာတိ ပကတိကို၎င်း၊ ဇာတိ ပကတိစိတ်များနှင့် အလိုဆန္ဒ များ ကို၎င်း၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြပြီ။
သို့သော်လည်း ငါ ၏ အကျိုး စီးပွားကို ပြုစုသောအရာ ရှိသမျှတို့ကို ရှုံး စေသောအရာကဲ့သို့ခရစ်တော် ကြောင့် ငါထင်မှတ် ၏။
ငါ ပေါလု သည်ထိုတရား ကို ဟောသောဆရာ ဖြစ်သည်နှင့် သင် တို့အဘို့ အလိုငှာ ဆင်းရဲ ခံခြင်း၌ ယခု ဝမ်းမြောက် ၍၊ ခရစ်တော် ၏ ဆင်းရဲ ဒုက္ခအကြွင်း အကျန်ကို အသင်းတော် တည်းဟူသောကိုယ်တော် အဘို့ အလိုငှာ ငါ့ ကိုယ်ခန္ဓာ ၌ ပြည့်စုံ စေ၏။။
မတရား စွာပြု၍ အဘယ် အလုပ် ကိုမျှ မလုပ်ဘဲ၊ ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှော သော သူအချို့ တို့သည် သင် တို့တွင် ရှိ ကြောင်းကို ငါတို့ကြား ရကြ၏။
သို့ဖြစ်၍ ၊ ငါတို့သည် ထိုသခင် နှင့်အတူကဲ့ရဲ့ ခြင်းကိုခံ ၍၊ တပ် ပြင် ၊ အထံ တော်သို့ ထွက်သွား ကြ ကုန်အံ့
သင်တို့သည် ခရစ်တော် ၏ဆင်းရဲ ကိုဆက်ဆံ ကြသည်ဖြစ်၍ ၊ ဘုန်း တော်ပေါ်ထွန်း သောအခါအလွန်ဝမ်းမြောက် ရွှင်လန်း မည်အကြောင်း ၊ ယခုပင်ဝမ်းမြောက် ကြလော့။
ခရစ်တော် သည် ငါ တို့အဘို့ အလိုငှာ အသက် တော်ကို စွန့် တော်မူသည်အရာကို ငါတို့သည် ထောက်၍ ၊ မေတ္တာ တော်ကို သိ ရကြပြီ။ ငါ တို့သည်လည်း ညီအစ်ကို ချင်းတို့အဘို့ အလိုငှာ အသက် ကိုစွန့် ရကြ၏။