TSK

TSK · ရှင်မဿဲခရစ်ဝင်။ 21:11

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ခရစ်တော်ကို နာဇရက် လူဟုခေါ်ဝေါ် ကြလတံ့ဟူသော ပရောဖက် တို့၏နှုတ်ထွက် နှင့်အညီ၊ နာဇရက် အမည် ရှိသောမြို့ သို့ ရောက် ၍ အမြဲနေ လေ၏။

လူအချို့ က၊ ဤသူသည် ဧလိယ ဖြစ် သည်ဟု ဆို ကြ၏။ အချို့ က၊ ရှေးပရောဖက် ကဲ့သို့ ပရောဖက် ဖြစ်သည်ဟု ဆို ကြ၏။

ကိုယ်တော် ကို ခေါ်ပင့် သော ဖာရိရှဲ သည်မြင် လေသော်၊ ဤသူ သည်ပရောဖက် မှန် လျှင် ခြေ တော်ကို ကိုင် သော ဤ မိန်းမ သည်အဘယ်သို့ သောသူဖြစ်သည်ကို သိ လိမ့်မည်။ ဤမိန်းမသည်ဆိုး သောသူဖြစ် ၏ဟု ထင်မှတ်၏။

¶ ကိုယ်တော် ကလည်း ၊ အဘယ် အကြောင်း အရာနည်း ဟု မေး တော်မူလျှင် ၊ ထိုသူတို့က၊ နာဇရက် မြို့သားယေရှု ၏ အကြောင်း အရာ ပေတည်း။ ထိုသူ သည် ဘုရားသခင် ရှေ့ ၊ လူ အပေါင်း တို့ရှေ့မှာ၊ နှုတ် သတ္တိ၊ လက် သတ္တိ နှင့် ပြည့်စုံ သော ပရောဖက် ဖြစ် ၏။

ထိုသူတို့ကလည်း ၊ သင် သည် ခရစ်တော် မ ဟုတ် ၊ ဧလိယ မ ဟုတ်၊ ဤမည်သောပရောဖက် မ ဟုတ်သည် မှန်လျှင် အဘယ်ကြောင့် ဗတ္တိဇံ ကိုပေးသနည်းဟု မေး ပြန်ကြ၏။

စကား တော်ကို ကြား သောလူ အများတို့က၊ ဤ သူသည်လာလတံ့သော ပရောဖက် အမှန် ဖြစ် သည်ဟု ဆို ကြ၏။

ငါတို့ဘိုးဘေးများတို့အားလည်း မောရှေ က၊ သင် တို့၏ဘုရားသခင် ထာဝရ ဘုရားသည်၊ သင် တို့ အမျိုးသား ချင်းတို့အထဲ ၌ ငါ နှင့်တူ သော ပရောဖက် တစ်ပါးကို သင်တို့ အဘို့ပေါ်ထွန်း တော်မူမည်။ ထိုပရောဖက် ဟောပြော သောအရာ တို့ကို သင် တို့သည် နားထောင် ရကြမည်။