TSK

TSK · တောလည်ရာကျမ်း 13:22

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

တဖန် အာဗြံ သည် တဲ ကိုပြောင်း၍ ၊ ဟေဗြုန် မြို့၊ မံရေ သပိတ်တော သို့ ရောက် မှ နေရာ ကျ၍ ထာဝရဘုရား အဘို့ ယဇ် ပလ္လင်ကို တည် လေ၏။

ခါနာန် ပြည် ကို စူးစမ်း စေခြင်းငှါ မောရှေ စေလွှတ် လျက် ၊ သင်တို့သည် တောင် မျက်နှာလမ်းဖြင့် သွား ၍ တောင်ရိုး ပေါ်သို့တက် ကြလော့။

ထို ကာလ အခါ ယောရှု သည် ချီသွား ၍ ၊ အာနက လူတို့ကို တောင် ပေါ်အရပ် ဟေဗြုန် မြို့၊ ဒေဗိရ မြို့၊ အာနပ် မြို့၊ ယုဒ တောင် ၊ ဣသရေလ တောင် ရှိသမျှ တို့မှ ပယ်ရှား ၍ ၊ သူ တို့မြို့ များနှင့်တကွ ရှင်းရှင်းဖျက်ဆီး လေ၏။

¶ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ယောရှု သည် ယုဒ အမျိုးသား တို့တွင် ယေဖုန္နာ ၏သား ကာလက် အဘို့ ဟေဗြုန် မြို့တည်းဟူသော အာနက အဘ အာဘ ၏မြို့ ကို ချပေး လေ၏။

လူအသက်ကိုသတ်မိသောသူ မှီခို ရာမြို့ ဖြစ်စေခြင်းငှါ၊ ဟေဗြုန် မြို့ကို မြို့နယ် နှင့်တကွ ယဇ်ပုရောဟိတ် အာရုန် ၏သား မြေးတို့အား ပေး ကြ၏။

¶ ထိုနောက် ဒါဝိဒ် က၊ အကျွန်ုပ်သည် ယုဒ မြို့ တစုံတမြို့သို့ သွား ရပါမည်လော ဟု ထာဝရဘုရား ထံတော်၌ မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့ဟုမိန့် တော်မူ၏။ ဒါဝိဒ် ကလည်း အဘယ် မြို့သို့ သွား ရပါမည်နည်းဟုမေးလျှောက် သော်၊ ဟေဗြုန် မြို့သို့ သွားလော့ဟု မိန့် တော်မူသည်အတိုင်း၊

အဲဂုတ္တု ပြည် ၊ ဇောန အရပ် တွင် သူ တို့အဘ များ မျက်မှောက် ၌ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူ၏။

အကယ်စင်စစ်ဇောန မင်း တို့သည် အရူး ဖြစ် ကြ၏။ ဖာရော ဘုရင်၏ တိုင်ပင် မှူးမတ် တို့သည် မိုက် သောအကြံ ကိုပေးကြ၏။ ကျွန်တော်သည် ပညာရှိ အမျိုး ၊ ရှေး ဘုရင် တို့ အနွှယ် ဖြစ်ပါသည်ဟု ဖာရော ဘုရင်အား အဘယ်ကြောင့် လျှောက် ကြသနည်း။