TSK

TSK · တောလည်ရာကျမ်း 13:27

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သူ တို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍ ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် ခြင်းငှါ ငါဆင်း လာပြီ။

သင် တို့အား ပေး ခြင်းငှာ ဘိုးဘေး များ၌ ထာဝရဘုရားကျိန်ဆို တော်မူသော ပြည်၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ တည်းဟူသောနို့ နှင့် ပျားရည် စီး သောပြည် သို့ ပို့ဆောင် တော်မူပြီးမှ ၊ ယခု လ တွင် သင်တို့သည် ဤ ဝတ် ကိုပြု ရကြမည်။

သူ တို့ပြည် တည်းဟူသောနို့ နှင့် ပျားရည် စီး သောပြည် ကို သင် တို့သည် အမွေခံ စေခြင်းငှါ ငါ အပိုင်ပေး မည်ဟု ငါ့အမိန့် တော်ရှိပြီ။ ငါသည် သင် တို့ကို အခြားသော အမျိုး နှင့် ခွဲ ထားသော သင် တို့ဘုရား သခင်ထာဝရဘုရား ဖြစ်၏။

ထာဝရဘုရား သည် ငါ တို့ကိုနှစ်သက် လျှင် ၊ နို့ နှင့် ပျားရည် စီး သော ထိုပြည် သို့ ငါ တို့ကို ဆောင် သွင်း၍ အပိုင်ပေး တော်မူလိမ့်မည်။

ထိုမှတပါး နို့ နှင့် ပျားရည် စီး သော ပြည် သို့ ငါ တို့ကို မ ဆောင် ၊ လယ်ယာ များ၊ စပျစ် ဥယျာဉ်များကို မပေး ဘဲ၊ ဤ လူ တို့၏မျက်စိ ကို ဖောက် ချင်သလော။ ငါတို့သည် သင့်ထံသို့မ လာ ဟု ပြန်ဆို၏။

အိုဣသရေလ အမျိုး၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ သင် သည် နို့ နှင့် ပျားရည် စီး သောပြည် ၌ ချမ်းသာ ရ၍ အလွန် ပွား များမည် အကြောင်း နားထောင် လော့။ သတိ နှင့် ကျင့် စောင့်လော့။

ဘိုးဘေး တို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား သည်၊ ဂတိ တော်ရှိသည်အတိုင်း သင့် အား ပေး တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် သို့ ဝင်စား အံ့သောငှာ ကူး သွားပြီးမှ ၊ ဤ တရား စကား တော် အလုံးစုံ တို့ကို ထို ကျောက်ပေါ် မှာ ရေးထား ရမည်။

အဲဂုတ္တု ပြည်မှ ထွက် လာသောစစ်သူရဲ အပေါင်းတို့သည် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်ဘဲ နေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလ အမျိုးသား တို့သည် အနှစ် လေးဆယ် ပတ်လုံးတော ၌ လှည့်လည် ရကြ၏။ ထာဝရဘုရား သည်၊ ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသောပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် ကို ထိုသူ တို့သည် မ မြင် ရကြဟု ကျိန်ဆို တော်မူ ၏။

ငါပေး မည်ဟု ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် တည်းဟူသော၊ နို့ နှင့် ပျားရည် စီးသော ဤ ပြည် ကိုပေး သနားတော်မူသဖြင့်၊

တဖန် ၊ ပြည် တကာ တို့၏ အထွဋ် ဖြစ်၍နို့ နှင့် ပျားရည် စီး သော ပြည်၊ သူ တို့အားငါပေး သောပြည် သို့ မ ပို့ဆောင် ခြင်းငှါ ၊ တော ၌ ငါ ကျိန်ဆို ၏။