TSK

TSK · ဖိလိပ္ပိဩဝါဒစာ။ 1:21

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

¶ ဖြောင့်မတ် သောသူသည် ဆုံး ၍ ကျေးဇူး ပြုတတ် သောသူ တို့ သည် ပယ်ရှား ခြင်းကို ခံရသောအခါ၊ ဖြောင့်မတ် သောသူကို မကောင်း သော အမှုအရာထဲက ရုပ်သိမ်း ပြီဟု အဘယ်သူ မျှမဆင်ခြင် ၊ အဘယ်သူမျှမအောက်မေ့ကြ။

ထိုဘုရားသခင် အားဖြင့် သင် တို့သည် ယေရှု ခရစ် ၌ တည်နေကြ၏။ ထိုသခင် မူကား ၊ ဘုရားသခင်စီရင် တော်မူသည်အတိုင်း၊ ငါ တို့၌ ပညာ မှစ၍ဖြောင့်မတ် ခြင်း၊ သန့်ရှင်း ခြင်း၊ ရွေးနှုတ် ခြင်းဖြစ်တော်မူ၏။

¶ ယာယီတဲ ဖြစ်သော ငါ တို့မြေ အိမ် သည်ပျက် လျှင် ၊ ကောင်းကင် ဘုံ၌ လူလက် ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်း တော်မူသော နိစ္စ ထာဝရအိမ် ရှိ ကြောင်း ကို ငါတို့ သိ ကြ၏။

ကိုယ်ခန္ဓါ နှင့် ကွာဝေး ရာအရပ်သို့သွား၍ ၊ သခင်ဘုရား ထံတော်၌ နေမြဲ နေခြင်းငှာ အလိုရှိ လျက် ၊ ရဲရင့် သောစိတ်နှင့်ပြည့်စုံကြ၏။

ငါ ဖြစ်လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ၏ လက်ဝါးကပ်တိုင် တော်မှတပါး ဘယ်အရာ၌မျှ ဝါကြွား ခြင်းမ ရှိ ပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောက သည် ငါ့ အဘို့ ရိုက် ထားခြင်းကိုခံလျက်ရှိ၏။ ငါ သည် လည်း ဤလောက အဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။

ထိုအကျိုးနှစ် ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော် နှင့်အတူ နေ ခြင်းငှာတောင့်တ လိုချင်သော စိတ်ရှိ ၏။ သာ၍ အလွန် ထူးမြတ် သောအကျိုးဖြစ်၏။။

ငါ တို့အသက် တည်းဟူသောခရစ်တော် သည် ထင်ရှား တော်မူသောအခါ ၊ ငါ တို့သည်လည်း ထိုသခင် နှင့်အတူ ဘုန်းကြီး ၍ ထင်ရှား ကြလတံ့။

ဘုရားသခင် ၏ပညတ် တို့ကို၎င်း ၊ ယေရှု ၏ ယုံကြည် ခြင်းကို၎င်း၊ စောင့်ရှောက် သော သန့်ရှင်း သူတို့သည် ဤ အရာ၌ သည်းခံ စရာအကြောင်းရှိ ၏။