သင် တို့သည် သွား၍ ဝင်စား သောပြည် ၌ ကျင့် စရာဘို့ ၊ ငါ ၏ဘုရား သခင်ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ စီရင် ထုံးဖွဲ့ တော်မူချက်တို့ကို သင် တို့အား ငါသွန်သင် ပြီ။
TSK
TSK · သုတ္တံကျမ်း။ 1:2
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သုတ္တံကျမ်း။ 2:9
TSK
ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ် စွာကျင့် ခြင်း၊ တရား သဖြင့်စီရင်ခြင်း၊ လျစ်လျူ စွာ ဆုံးဖြတ်ခြင်းမှစ၍ ၊ ကောင်း သောလမ်း ရှိသမျှ တို့ကို သိ နားလည်လိမ့်မည်။
သုတ္တံကျမ်း။ 4:5
TSK
ပညာ ကိုဆည်းဖူး လော့။ ဉာဏ် ကို ဆည်းဖူး လော့။ သတိ မ လစ်စေနှင့်။ ငါ ၏နှုတ်ထွက် စကား ကို မ လွှဲ မရှောင်နှင့်။
သုတ္တံကျမ်း။ 8:5
TSK
ဉာဏ် တိမ်သောသူတို့၊ ပညာ တရားကို နားလည် ကြလော့။ လူမိုက် တို့၊ ထိုးထွင်းသော ဉာဏ် ရှိ ကြလော့။
ရွှေ ကိုရတတ်ခြင်းထက် ပညာ ကို ရ တတ်ခြင်း သည် အလွန် ကောင်း ၏။ ငွေ ကိုအမြတ် မထား၊ ဉာဏ် နှင့် ပြည့်စုံခြင်းကို အမြတ် ထားစရာအလွန်ကောင်း၏။
နောက်ဆုံး ကာလ၌ ပညာရှိ ဖြစ်လိုသောငှါ ၊ ဆုံးမ သော စကားကို နားထောင် ၍ နည်းဥပဒေသ ကို ခံယူ လော့။