TSK

TSK · သုတ္တံကျမ်း။ 11:9

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

¶ ပရောဖက်ကလည်း ၊ ငါ သည် သင် ကဲ့သို့ ပရောဖက် ဖြစ်၏။ သင်သည်မုန့် ကိုစား ၍ ရေ ကိုသောက် စေခြင်းငှါသင့် ကိုငါ့အိမ် သို့ ခေါ် ရမည်အကြောင်း၊ ကောင်းကင် တမန်သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော် အားဖြင့် မှာ ထားပြီဟု မုသာ သုံး၍ ပြောဆို ၏။

¶ ထာဝရဘုရား ကလည်း ၊ အာဟပ် သည် ဂိလဒ် ပြည်ရာမုတ်မြို့သို့ စစ်ချီ ၍ ဆုံး စေခြင်းငှါ အဘယ်သူ သွေးဆောင် မည်နည်းဟုမေး တော်မူလျှင် ၊ အခြံအရံတော်တို့သည် တယောက်တနည်းစီ ပြန်လျှောက် ကြ၏။

ထိုသို့ဆင်းရဲသားတို့ကို မမှားယွင်းစေမည်အကြောင်းအဓမ္မ မင်းတို့ကို နှိမ့်ချတော်မူ၏။

ထိုသို့သောသူသည် မိတ်ဆွေ ဖြစ်သောသူ ကို ပြစ်မှား၍ သစ္စာ ပျက် တတ်၏။

ပညာ ကိုဆည်းဖူး လော့။ ဉာဏ် ကို ဆည်းဖူး လော့။ သတိ မ လစ်စေနှင့်။ ငါ ၏နှုတ်ထွက် စကား ကို မ လွှဲ မရှောင်နှင့်။

အတွင်း ၌ကြမ်းတမ်း သော တောခွေး ဖြစ် လျက် သိုး ရေ ကိုခြုံ၍ သင် တို့ရှိရာ သို့လာ သော မိစ္ဆာ ပရောဖက် တို့ကို သတိ နှင့် ရှောင်ကြလော့။

ပရောဖက် ဒံယေလ ဟော သည် အတိုင်း၊ ဖျက်ဆီး တတ်သော ရွံရှာဘွယ် အရာသည် မ နေသင့် သောအရပ် ၌ စိုက်နေ သည်ကို သင်တို့မြင် ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူ သည် နားလည် ပါစေ။ ထိုသို့ မြင်ရလျှင် ယုဒ ပြည် ၌ ရှိသော သူ တို့သည်တောင် ပေါ်သို့ ပြေး ကြစေ။”

တပည့် တော်များကိုသွေးဆောင် ခြင်းငှာ၊ မှား သောစကားကို ပြော တတ်သောလူ တို့သည် သင် တို့အထဲ ၌လည်း ပေါ်လာ မည်ကို၎င်း ငါ သိ ၏။

ငါတို့ရှိသမျှ သည် ယုံကြည် ခြင်းသို့ ၎င်း၊ ဘုရားသခင် ၏သား တော်ကို သိကျွမ်း ခြင်းသို့ ၎င်း၊ တစ်ညီတစ်ညွတ် တည်းရောက်၍ ခရစ်တော် ၏ပြည့်စုံ ခြင်းပမာဏ အရပ် တည်းဟူသောကြီးရင့် သော လူ တို့၏ အဖြစ်သို့ ရောက် ကြသည်တိုင်အောင် ဖြစ်သတည်း။

¶ ဝိညာဉ် တော်သည် အတည့်အလင်း ဗျာဒိတ် ထားတော်မူသည်ကား ၊ နောင် ကာလ ၌ ဩတ္တပ္ပ စိတ်တွင် သံ ပူနှင့်ခတ်ခြင်းကိုခံပြီးလျှင်၊ မုသာ စကားကို ပြောတတ်သော သူတို့၏ လျှို့ဝှက် ခြင်းအားဖြင့် ၊ လူအချို့ တို့သည် ယုံကြည် ခြင်းကို စွန့်ပယ် ၍

ထို စာ တို့၌ ခက်ခဲ သောအရာအချို့ ရှိ ၏။ မတတ် သောသူ၊ တည်ကြည် ခြင်းမရှိသောသူ တို့သည်၊ ထို အရာမှစ၍ ကြွင်းသောကျမ်းစာ ၏ အနက်ကို မှောက်လှန်၍၊ ကိုယ်ကိုကိုယ် ဖျက်ဆီး တတ်ကြ၏။

သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား ၏လက်မှ သင် တို့ခံရ သောဘိသိတ် ကျေးဇူးတော်သည် သင် တို့၌ ရှိ သည်ဖြစ်၍၊ အဘယ်သူ မျှ သင် တို့ကို ဆုံးမ ဩဝါဒပေးစရာအကြောင်း မ ရှိ ။ ထိုဘိသိတ် ကျေးဇူးတော်သည် ဖြစ် ယောင်ဆောင် သည်မ ဟုတ်၊ အမှန် ဖြစ် လျက် ခပ်သိမ်း သောအရာတို့ကို သင် တို့အား သွန်သင် တော်မူသည်အတိုင်း ၊ သင်တို့သည် သား တော်၌ တည်နေ ကြလော့။