အိမ်နီးချင်း တို့သည် တ ဦးကိုတဦးမုသာ သုံး၍ ချော့မော့ သော နှုတ်ခမ်း ၊ နှစ်ခွ သောစိတ် နှင့် ပြော တတ် ကြပါ၏။
TSK
TSK · သုတ္တံကျမ်း။ 12:5
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ငါ့ကို ကြည့် လာ သောသူသည် မုသာ စကားကို ပြော တတ်၏။ သူ ၏နှလုံး သည်လည်း မ ကောင်းသော အကြံကို ဆည်းဖူး သည်နှင့် ၊ ထွက်သွား သောအခါ ထုတ် ဘော်ပြော တတ်၏။
အိုဘုရား သခင်၊ အကျွန်ုပ် ကို စစ်ကြော ၍ ၊ အကျွန်ုပ် ၏နှလုံး ကို သိမှတ် တော်မူပါ။ စုံစမ်း ၍ စိတ် အထင်များကိုလည်း သိမှတ် တော်မူပါ။
ဖြောင့်မတ် သောသူသည် မြတ် သောအရာကို သာ တောင့်တ တတ်၏။ မ တရားသောသူမြော်လင့် သော အရာမူကား၊ ဒေါသ အမျက်နှင့် ဆိုင်သတည်း။
မိုက် သောအကြံ အစည်၌ အပြစ် ပါ၏။ မထီမဲ့မြင် ပြုသောသူသည် လည်း ၊ လူ စက်ဆုပ် ရွံရှာဘွယ်ဖြစ် ၏။
အို ယေရုရှလင် မြို့၊ သင်သည် ကယ်တင် ခြင်းသို့ ရောက်ခြင်းငှါ ၊ သင် ၏စိတ်နှလုံး ကို ဒုစရိုက် အပြစ်နှင့် ကင်းစင် စေလော့။ သင် ၏အဓမ္မ အကြံ အစည်တို့သည် အဘယ်မျှ ကာလပတ်လုံး သင်၏ အထဲ ၌တည် နေရမည်နည်း။
အပေါင်း အဘော်ရှိသမျှတို့သည် တယောက်ကို တယောက် လှည့်စား ကြလိမ့်မည်။ သစ္စာ စကားကို မ ပြော ဘဲ မုသာ စကားကိုပြော ခြင်းငှါမိမိ တို့လျှာ ကို သွန်သင် ကြပြီ။ မတရား သောအမှုကို ပြုသောအားဖြင့် ကိုယ်ကို ကိုယ် ပင်ပန်း စေကြပြီ။
ထိုအခါ ဟေရုဒ် မင်းကြီးသည် မာဂု ပညာရှိတို့ လှည့်ဖြား သည် ကိုသိ လျှင်၊ ပြင်းစွာ အမျက်ထွက် ၍ လူ ကို စေလွှတ်သဖြင့်၊ မာဂု ပညာရှိတို့၌ စေ့စေ့မေးမြန်း ပြီးသောကြယ်၏အချိန် ကာလကို ထောက် ၍၊ ဗက်လင် မြို့မှစသော ကျေးလက် ရှိသမျှ တို့၌ နှစ် နှစ်အရွယ်မှစ၍ ထိုအရွယ်အောက် ယုတ်သော သူငယ် ယောက်ျားအပေါင်း တို့ကို သတ် စေ၏။
ထိုသို့ဖြစ်လျှင်မှောင်မိုက် ၌ ဝှက်ထား သော အရာတို့ကို ပွင့်လင်း စေ၍ စိတ် နှလုံးအကြံအစည် များကို ထင်ရှား စေလတံ့သော သခင် ဘုရားကြွလာ တော်မ မူမှီ တိုင်အောင် အဘယ် အမှုကိုမျှ အဆုံးအဖြတ်မ စီရင် ကြနှင့်။ ကြွလာတော်မူသောအခါ၊ အသီးသီး တို့သည် ဘုရားသခင် ချီးမွမ်း တော်မူခြင်းကျေးဇူးကို ခံရ ကြလတံ့။