TSK

TSK · သုတ္တံကျမ်း။ 13:16

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

သို့ဖြစ်၍ သခင်မသည် အဘယ်သို့ ပြု သင့်သည်ကို ကြည့်ရှု ဆင်ခြင် ပါတော့။ အကျွန်ုပ် တို့ သခင် နှင့် အိမ်သူ အိမ်သား အပေါင်း တို့၌ ဘေး ပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မ လူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြော မလျှောက်ဝံ့ပါဟု ဆို လေသော်၊

ကရုဏာ စိတ်ရှိ၍ ချေးငှါး တတ်သောသူ သည် ကောင်းစား တတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင် ခြင်းသို့ ရောက်လိမ့်မည်။

ပညာ သတိရှိသောသူ သည် မိမိသိ သောအရာ ကိုပင်ထိမ်ဝှက် တတ်၏။ မိုက် သောသူမူကား ၊ မိမိစိတ် အလိုအလျောက်မိုက် သောသဘောကို ထင်ရှား ပြတတ် ၏။

ပညာရှိ သောသူ ၏လျှာ သည်ပညာ အတတ်ကို တင့်တယ် စေတတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား ၊ မိုက် သောအရာကို သွန်းလောင်း တတ်၏။

မိုက် သောသူသည်လမ်း ၌ သွား စဉ်တွင်ပင် သတိ လစ် ၍ ၊ ငါသည် လူမိုက် ဖြစ်၏ဟု ခပ်သိမ်း သောသူတို့အား ပြော တတ်၏။

ကြည့် ရှုလော့။ ငါ့ ကျွန် သည် အမှုဆောင်၍ အောင် လိမ့်မည်။ ချီးမြှောက် ချီးမြှင့် ခြင်းသို့ ရောက်၍ ၊ အထွဋ်အမြတ်ဖြစ် လိမ့်မည်။

သင် တို့ ယုံကြည်နားထောင် ခြင်းအကြောင်း အရာသည် လူအပေါင်း တို့တွင် ကျော်စော သည်ဖြစ်၍ ၊ ငါဝမ်းမြောက် ခြင်းရှိ၏။ သို့သော်လည်း ၊ သင် တို့သည် ကောင်း သောအမှု၌ ကား၊ ပညာရှိ စေခြင်းငှာ၎င်း၊ ဆိုး သော အမှု၌ ကား ၊ အပြစ် ကင်းစေခြင်းငှာ၎င်း၊ ငါအလိုရှိ ၏။

ထိုကြောင့် သတိ မရှိသောသူမ ဖြစ် ၊ သခင် ဘုရား၏ အလို တော်ရှိရာကို ပိုင်းခြား၍ သိ သောသူ ဖြစ်ကြ လော့။