TSK

TSK · သုတ္တံကျမ်း။ 13:17

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ပုံးရည် သည်သွား ၌ ၎င်း ၊ မီးခိုး သည် မျက်စိ ၌ ၎င်း ဖြစ်သကဲ့သို့ ၊ ပျင်းရိ သောသူသည် စေလွှတ် သောသူ ၌ ဖြစ် ၏။

မြောက် လေ သည် မိုဃ်း ရေကို ဆောင် တတ် သကဲ့သို့ ၊ ကုန်းတိုက် သောလျှာ သည် ဒေါသ မျက်နှာ ကို ဆောင်တတ်၏။

ရှမာရိ ပြည်သား ပရောဖက် တို့၌ လည်း ၊ မိုက် သောသဘောကို ငါမြင် ပြီ။ သူတို့သည် ဗာလ ဘုရားကို မှီဝဲ ၍ ပရောဖက် ပြုသဖြင့် ၊ ငါ ၏လူ ဣသရေလ အမျိုးသားတို့ကို မှားယွင်း စေကြပြီ။

သင်သည် အမှန်သေ လိမ့်မည်ဟု၊ လူဆိုး အား ငါ ပြော လျက် နှင့် သင်သည်သတိ မ ပေး၊ လူဆိုး ၏ အသက် ကို ချမ်းသာစေခြင်းငှါ ၊ လူဆိုး အား သတိ ပေးသောစကား ကို မ ပြော ဘဲနေလျှင် ထို လူဆိုး သည် မိမိ အပြစ် ၌ သေ လိမ့်မည်။ သူ ၏အသက် ကိုကား ၊ သင် ၌ ငါတောင်း မည်။

ထို့ကြောင့် ငါတို့သည်ခရစ်တော် ၏ သံတမန်ဖြစ် ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင် နှင့် မိဿဟာယ ဖွဲ့ကြလော့ဟု ဘုရားသခင် သည် ငါ တို့အားဖြင့် နှိုးဆော်သွေးဆောင် တော်မူသကဲ့သို့ ၊ ငါတို့သည် ခရစ်တော် ၏ ကိုယ်စားဖြစ်၍သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။

သက်သေခံ အများ ရှိသည်နှင့် ငါ့ ထံ၌ ကြား ရပြီးသော အရာ တို့ကို၊ သစ္စာ နှင့်ပြည့်စုံ၍ သူတစ်ပါး တို့ကို သွန်သင် ခြင်းငှာ၊ တတ်စွမ်းနိုင်သော သူ တို့၌ အပ်ပေး လော့။