TSK

TSK · သုတ္တံကျမ်း။ 15:8

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

¶ အိုထာဝရဘုရား ၊ တရား သော ဘက်မှာနေ၍ အကျွန်ုပ် အော်ဟစ် ခြင်းကို မှတ် တော်မူပါ။ မ လှည့်စား တတ်သော နှုတ် နှင့် ဆုတောင်းသော ပဌနာ စကားကို နားထောင် တော်မူပါ။

ထာဝရဘုရား သည် မ တရားသောသူတို့ နှင့် ဝေး တော်မူ၏။ ဖြောင့်မတ် သောသူ၏ ပဌနာ စကားကို ကား နားထောင် တော်မူ၏။

တရား မနာ ၊ လွှဲ သွားသောသူသည် ဆုတောင်းသော်လည်း ၊ သူ ၏ပဌနာ စကားသည် စက်ဆုပ် ရွံရှာဘွယ်ဖြစ်၏။

တောင် ပေါ်၌ ခိုလှုံ ရာကျောက် ကြား တွင် ရှိသောငါ ၏ချိုးငှက် ၊ သင် ၏မျက်နှာ ကိုမြင် ပါရစေ။ သင် ၏စကား သံကို ကြား ပါရစေ။ သင် ၏စကား သံသည် ချို ၏။ သင် ၏ မျက်နှာ လည်း လှ ၏။

ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ပူဇော်သော ယဇ် များကို ငါ သည်အဘယ်သို့ ဆိုင်သနည်း။ မီးရှို့၍ ပူဇော် သောသိုး ကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန် တို့၏ ဆီဥ နှင့် ငါဝ ပြီ။ နွား နှင့် သိုးသငယ် ၊ ဆိတ် တို့၏အသွေး ကို ငါမ နှစ်သက်။

တဖန်မိန့်တော်မူသည်ကား၊ နွား ကိုသတ် သောသူသည် လူ ကို သတ် သောသူနှင့်တူ၏။ သိုးသငယ် ကို ယဇ် ပူဇော်သောသူသည် ခွေး လည်ပင်းကိုဖြတ် သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်း သောသူသည် ဝက် သွေး ကို လှူဒါန်း သောသူနှင့်တူ၏။ လောဗန် ကိုမီးရှို့ သောသူသည် ရုပ်တု ကိုကောင်းကြီး ပေး သော သူ နှင့် တ ူ၏။ အကယ်စင်စစ် ထိုသူ တို့သည် မိမိ အလိုရှိရာ လမ်း ကိုရွေး ကြ၏။ မိမိ ဆိုးညစ် သောအမှုတို့၌ မွေ့လျော် ကြ၏။

ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့မီးရှို့ ရာ ယဇ်များကို အခြားသော ယဇ် များနှင့် အတူ ထား၍ ၊ အမဲသား ကိုစား ကြလော့။

သင် တို့စောင့်သောပွဲ နေ့တို့ကို ငါမုန်း ၏။ စက်ဆုပ် ရွံရှာ၏။ ခြိုးခြံ စွာကျင့်သော နေ့ရက်တို့၌ ငါမ မွေ့လျော် ။

ငါသည် ထာဝရဘုရား ရှေ့တော်သို့ အဘယ် ပူဇော် သက္ကာပါ လျက် ချဉ်းကပ် ၍၊ အမြင့်ဆုံး သော ဘုရား သခင့်ရှေ့ တော်၌ ကိုးကွယ် ရမည်နည်း။ မီးရှို့ ရာယဇ်နှင့် အခါလည် သော နွားသငယ် တို့ကို ဆောင်လျက် ချဉ်းကပ် ရမည်လော။

ဘုရားသခင် သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင် ကို ကိုးကွယ် သောသူ တို့သည်၊ နံဝိညာဉ် နှင့် ၎င်း ၊ သစ္စာ နှင့်၎င်း ကိုးကွယ် ရမည် ဟု မိန့် တော်မူ၏။