TSK

TSK · သုတ္တံကျမ်း။ 18:14

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ထိုအခါ ယောဘ သည် ထ ၍ မိမိ ဝတ်လုံ ကို ဆုတ် လေ၏။ ဆံပင် ကိုလည်း ရိတ် ၍ မြေ ပေါ်မှာဝပ် လျက် ကိုးကွယ် ပြီးလျှင် ၊ ငါသည် အဝတ် မပါဘဲ အမိ ဝမ်း ထဲက ထွက် လာ၏။

အနန္တ တန်ခိုးရှင်ပစ်တော်မူသောမြှား တို့သည် ငါ ၌ စွဲ၍၊ အဆိပ် အတောက်ဖြင့် ငါ့ ဝိညာဉ် ကိုမွန်း စေ၏။ ဘုရား သခင်ပြတော်မူသောကြောက်မက် ဘွယ်အရာတို့သည် ငါ့ ရှေ့မှာ စီ လျက်ရှိကြ၏။

အကျွန်ုပ် သည်ဆိုးညစ် လျှင် အမင်္ဂလာ ရှိပါ၏။ ဖြောင့်မတ် သော်လည်း ကိုယ် မျက်နှာ ကိုမ ပြ ရ။ ကိုယ် ခံရသောဒုက္ခ ဆင်းရဲကို ဆင်ခြင် ၍ မိန်းမော တွေဝေလျက် နေရ ပါ၏။

ငါ သည် အပြစ်ကိုမဘော်မပြဘဲ နေစဉ်အခါ ၊ တနေ့လုံး ညည်းတွား သောအားဖြင့် ၊ ငါ့ အရိုး တို့သည် ဆွေးမြေ့ ခြင်းသို့ ရောက်ကြ၏။

ငါ့ ရန်သူ တို့က၊ သင် ၏ဘုရား သခင်သည် အဘယ် မှာရှိသနည်းဟု ငါ့ ကို အစဉ် ပြော ဆိုကြသဖြင့် ၊ ငါ့အရိုးတို့ကို ချိုး၍ကဲ့ရဲ့တတ်ကြ၏။

ကြောက်ရွံ့ တုန်လှုပ် ခြင်းသို့ ရောက် ၍ အလွန် ထိတ်လန့်ခြင်း၌ မွန်း လျက်ရှိရပါ၏။

အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ဝိညာဉ် ကို အဘယ် ကြောင့်ပယ် တော်မူသနည်း။ မျက်နှာ တော်ကို အကျွန်ုပ် မှ အဘယ်ကြောင့်လွှဲ တော်မူသနည်း။

စိတ် ကြေမွ သောသူတို့ကို နှစ်သိမ့် စေ၍ ၊ သူ တို့၏ အနာ ကို ကု တော်မူ၏။

စိတ် ရွှင်လန်း ခြင်းသည် ကျန်းမာ စေတတ်၏။ စိတ် ပျက် ခြင်းမူကား ၊ အရိုး တို့ကိုသွေ့ခြောက် စေတတ်၏။

ထိုမျှမက ၊ ဒုက္ခဆင်းရဲ ခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား ၊ ဒုက္ခ ဆင်းရဲ ခြင်းသည် သည်းခံ ခြင်းကို ပြုစု တတ်၏။

ငါ တို့ဝါကြွား ဝမ်းမြောက်ခြင်း အကြောင်း ဟူမူကား၊ လောကီ ပညာ ကိုအမှီမ ပြု ၊ ဘုရားသခင် ၏ ကျေးဇူး တော်ကို အမှီပြု၍ လျစ်လျူ သောစိတ်နှင့်၎င်း ၊ ဘုရားသခင် အလိုတော်ရှိသောကြည်ဖြူ ခြင်းနှင့်၎င်း၊ ငါ တို့သည်ဤလောက ၌ ကျင့်ကြံပြုမူ ၍ သင် တို့ဆီမှာ လည်း ထိုသို့အထူးသဖြင့်ကျင့်ကြံ ပြုမူသည်ဟု ကိုယ်ကိုကိုယ် သိသော စိတ်သည်သက်သေခံ သတည်း။

ငါ့ ကျေးဇူး သည် သင့် အဘို့လောက် ပေ၏။ ငါ့တန်ခိုး သည် အားနည်း ခြင်းအဖြစ်၌ စုံလင် တတ်သည် ဟု မိန့် တော်မူ၏။ ထိုကြောင့် ခရစ်တော် ၏ တန်ခိုး သည် ငါ့ အပေါ် ၌ကျိန်းဝပ် မည်အကြောင်း ငါ ကိုယ်၌ အားနည်း ခြင်းအဖြစ်ကို ဝမ်းမြောက် သောစိတ်နှင့် ဝါကြွား ခြင်းငှာသာ၍ ငါအလိုရှိ၏။

အရည် ကျို၍ စုံစမ်း ခြင်းကိုခံနိုင်သော်လည်း ၊ ပျက်စီး တတ်သော ရွှေ ကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင် တို့ယုံကြည် ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍မြတ် သည်နှင့်၊ ယေရှု ခရစ် ပေါ်ထွန်း တော်မူသောအခါအချီးအမွမ်း ၊ ဂုဏ်သရေ ၊ ဘုန်း အာနုဘော် အလိုငှာ ဖြစ် မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင် ၊