TSK

TSK · သုတ္တံကျမ်း။ 18:7

مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.

العودة إلى المقطع

ယေဖသသည် သူ့ ကို မြင် လျှင် ၊ မိမိ အဝတ် ကို ဆုတ် ၍ ၊ အို ငါ့ သမီး ၊ သင် သည် ငါ့ ကို အလွန်နှိမ့်ချ ပြီ တကား။ ငါ့ ကို နှောင့်ရှက် သော သူတယောက်ဖြစ် ပါသည်တကား။ ထာဝရဘုရား အား ငါ လျှောက် ထားပြီ။ နှုတ် ရသောအခွင့်မ ရှိ ဟု ဆို သော်၊

သို့ဖြစ်၍ မိမိ တို့ လျှာ သည် မိမိ တို့ကို တိုက် စေ၍၊ မြင် သောသူ အပေါင်း တို့သည် ပြေး သွားကြလိမ့်မည်။

အဓမ္မ လူသည် မိမိ ပြုသော ဒုစရိုက်အပြစ် ဖြင့် ဘမ်းမိ ခြင်း၊ မိမိ အပြစ် ကြိုး တို့ဖြင့် ချည်နှောင် ခြင်းကို ခံရလိမ့်မည်။

စကား လွန်ကျူး ရာတွင် ဆိုး သောကျော့ကွင်း ရှိ၏။ ဖြောင့်မတ် သောသူမူကား ၊ အမှု ထဲက ထမြောက် တတ်၏။

မိုက် သောသူ၏ နှုတ် ၌ မာန ကြိမ်လုံး ရှိ၏။ ပညာရှိ သောသူ၏ နှုတ်ခမ်း တို့သည် ကယ်တင် သောအမှုကို ပြုတတ်၏။

မြွေ သည် ပြုစား ခြင်းကိုမ ခံ။ ကိုက် မိလျှင် အလမ္ပယ် သမား ကျေးဇူး မ ရှိ။

ထိုသူ တို့သည် ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အကြီးအကဲတို့ ထံသို့သွား ၍၊ အကျွန်ုပ် တို့သည် ပေါလု ကိုမ သတ်မှီတိုင်အောင်အလျှင်းမ စား မသောက်ရဟု ကိုယ် ကိုကျိန်ဆို ၍ ဓိဋ္ဌာန်ပြုကြပါပြီ။