အိမ်နီးချင်း ၏ မြေ မှတ်တိုင်ကို ရွှေ့ သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
TSK
TSK · သုတ္တံကျမ်း။ 23:10
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
သင်သည် မုတ်ဆိုးမ တို့ကို လက်ချည်း လွှတ် လိုက်၍ ၊ မိဘ မရှိသော သူငယ်တို့၏လက် ကိုချိုး ပြီ။
အဘ မရှိသောသူငယ်သည် အမိနို့ နှင့် ကွာ ရ၏။ ဆင်းရဲ သားသည် မိမိဥစ္စာကို ပေါင် ထားရ၏။
မုတ်ဆိုးမ နှင့် ဧည့်သည် ကို၎င်း၊ မိဘ မရှိသော သူငယ်ကို၎င်း သတ် ကြပါ၏။
သင် တို့ဘာသာ ဓလေ့နှင့် သင် တို့အကျင့် များ တို့ကို စုံလင်စွာ ပြုပြင် လျှင် ၎င်း ၊ အမှုသည်ချင်း တို့ကို သေချာစွာ တရား သဖြင့် စီရင် လျှင် ၎င်း ၊
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တရား သဖြင့် စီရင် ၍ ဖြောင့်မတ် စွာ ဆုံးဖြတ်ကြလော့။ လုယူ ခြင်းခံရသောသူကို ညှဉ်းဆဲ သောသူ ၏လက် မှ ကယ်နှုတ် ကြလော့။ ဧည့်သည် ဖြစ်သောသူ၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့ကို မတရား သဖြင့်မ ပြု၊ မ ညှဉ်းဆဲ ကြနှင့်။ အပြစ် မရှိသောသူတို့ ကို ဤ အရပ် ၌ မ ကွပ်မျက် ကြနှင့်။
သင် တို့ကို စစ်ကြော စီရင်ခြင်းငှါ ငါချဉ်း မည်။ ပြုစား တတ် သောသူ၊ သူ့ မယားကို ပြစ်မှားသောသူ၊ မ မှန် သော ကျိန်ဆို ခြင်းကို ပြုသောသူ၊ သူငှါး ကို အခ မပေး ညှဉ်းဆဲ သောသူ၊ မိဘ မရှိသောသူငယ်နှင့် မုတ်ဆိုးမ ကို ညှဉ်းဆဲ သောသူ၊ ဧည့်သည် ကို မ တရားသဖြင့် စီရင်သောသူ ၊ ငါ့ ကိုမ ကြောက်ရွံ့ သောသူတို့တဘက်၌ ငါသည် လျင်မြန် သော သက်သေ ဖြစ် မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။