ထိုသို့ အဲဂုတ္တု လူတို့၌ ထာဝရဘုရား ပြု တော်မူသော အမှု ကြီး ကို၊ ဣသရေလ လူတို့သည် မြင် ၍ ၊ ထာဝရဘုရား ကို ကြောက်ရွံ့ ကြ၏။ ထာဝရဘုရား နှင့် ကိုယ်တော် ၏ ကျွန် မောရှေ ကို ယုံကြည် ကြ၏။
TSK
TSK · သုတ္တံကျမ်း။ 24:21
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ကိုယ်တော် သည် အသက် ကြီးပါ၏။ ကိုယ်တော် ၏သား တို့သည် ကိုယ်တော် လမ်း သို့ မ လိုက် ကြပါ။ လူမျိုး အပေါင်း တို့၏ ထုံးစံရှိသည်အတိုင်း အကျွန်ုပ် တို့ကို အုပ်စိုး ရသောရှင် ဘုရင်ကို ချီးမြှောက် ပါ လော့ဟု လျှောက် ကြ၏။
ထာဝရဘုရား ပေးတော်မူသောဘိသိက် ကိုခံသောငါ အရှင် သည်၊ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသူဖြစ်သောကြောင့် ၊ ထိုအရှင်ကို ထိခိုက်ခြင်းငှါငါ လက် ဆန့် သော အမှု ကို ထာဝရဘုရား ဆီးတား တော်မူပါစေသောဟု မိမိ လူ တို့အား ဆို သဖြင့်၊
မြေ တပြင်လုံး အနှံ့အပြား တိုက် ကြသဖြင့် ထို နေ့၌ လူချင်းသတ်၍ သေသည်ထက် တော ၌ ဆုံးရှုံး သော သူသာ၍များ ကြ၏။
¶ ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှင်ဘုရင် နား မ ထောင်ကြောင်း ကို သိမြင် လျှင် ၊ ငါတို့သည် ဒါဝိဒ် နှင့်အဘယ်သို့ ဆက်ဆံသနည်း။ ယေရှဲ ၏သား နှင့် အဘယ်သို့အမွေခံရသေးသနည်း။ အိုဣသရေလ အမျိုး၊ သင် တို့နေရာ သို့ သွားကြ။ အိုဒါဝိဒ် ၊ သင် ၏ အိမ် ကို ကြည့်ရှု လော့ဟု ရှင်ဘုရင် အားပြန်ပြော လျက် ၊ ဣသရေလ လူတို့သည် မိမိ တို့နေရာ သို့ ပြန် သွားကြ၏။
အပြစ် ထင်ရှားသောသူတို့ ကို ငြူစူ သောစိတ် မ ရှိစေနှင့်။ တနေ့လုံး ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘော ရှိစေလော့။
သမ္မာ သတိလစ်၍ အထံ တော်မှမ ထွက် နှင့်။ မ ကောင်းသောအမှု ကို မဆွဲမကိုင်နှင့်။ အလိုတော် ရှိသည် အတိုင်း စီရင် တော်မူမည်။
¶ အစိုးရသော မင်းအာဏာစက် ၏ အုပ်စိုး ခြင်းကို လူ တိုင်း ဝန်ခံ စေ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ အခွင့် မ ရှိ လျှင် ၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှ သည် ဘုရားသခင် ခန့်ထား တော်မူရာ ဖြစ် သတည်း။
သခင် ဘုရား၏မျက်နှာတော်ကို ထောက်လျက်၊ အထွဋ်အမြတ်တည်းဟူသောရှင်ဘုရင် ဖြစ်စေ ၊ လူဆိုး တို့ကို ဒဏ်စီရင် စေခြင်းငှာ၎င်း၊ လူကောင်း တို့ကို ချီးမွမ်းစေခြင်းငှာ၎င်း၊