¶ တနေ့ တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခါ ဟူမူကား၊ ဂျုံမုန့်ညက် ကောရ သုံး ဆယ်၊ မုယောမုန့်ညက် ကောရ ခြောက် ဆယ်၊
TSK
TSK · သုတ္တံကျမ်း။ 24:4
مراجع Treasury of Scripture Knowledge في မြန်မာကျမ်းစာ.
ငါ ၏ဘုရားသခင် အိမ် တော်အဘို့ ရွှေ တန်ဆာလုပ်စရာဘို့ ရွှေ ကို၎င်း၊ ငွေ တန်ဆာလုပ်စရာဘို့ ငွေ ကို ၎င်း၊ ကြေးဝါ တန်ဆာလုပ်စရာဘို့ ကြေးဝါ ကို၎င်း၊ သံ တန်ဆာလုပ်စရာဘို့ သံ ကို၎င်း၊ သစ်သား တန်ဆာလုပ်စရာဘို့ သစ်သား ကို၎င်း၊ ရှဟံ ကျောက် နှင့် အရောင် မျိုးထွက်၍ စီ စရာဘို့ ကောင်း သောကျောက် ၊ အဘိုး ထိုက် သော ကျောက် မျိုး ၊ များစွာ သော ကျောက်ဖြူ တို့ကို၎င်း၊ တတ်နိုင်သမျှ အတိုင်းငါပြင်ဆင် ပြီ။
ထိုမင်း သည် ခမည်းတော် အာမဇိ ပြု သမျှ အတိုင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို ပြု ၏။
ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာ ပေါင်း၊ တန်ဆာ မျိုးကို၎င်း ၊ ပညတ် တော်အတိုင်း လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်တို့အားပေး ရသောဆန် စပါး၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တဘို့ကို၎င်း၊ ယဇ်ပုရောဟိတ် တို့အား လှူရ သော အလှူ တို့ကို၎င်း၊ သို ထားမြဲရှိသော အခန်း ကြီး ကို တောဘိ အဘို့ ပြင်ဆင် ၏။
ငါ ၌ စည်းစိမ် နှင့် ဂုဏ် အသရေရှိ၏။ မြဲ သော စည်းစိမ် နှင့် ဖြောင့်မတ် ခြင်းပါရမီရှိ၏။
ဖြောင့်မတ် သောသူ၏ အိမ် ၌များစွာ သော စည်းစိမ် ရှိ၏။ မ တရားသော သူခံရသောအခွန် မူကား ၊ များစွာသော နှောင့်ရှက် ခြင်းနှင့်ယှဉ်၏။
ပညာရှိ သောသူ၏အိမ် ၌ နှစ်သက်ဘွယ် သော ဘဏ္ဍာ နှင့် ဆီ ရှိတတ်၏။ မိုက် သောသူ မူကား ၊ ကုန် စေ တတ်၏။
¶ ကိုယ်တော် ကလည်း ၊ သို့ဖြစ်၍ ကောင်းကင် နိုင်ငံ တော်၏ အကြောင်းအရာကို သင် ပြီးသောကျမ်း ဆရာ မည်သည်ကား၊ မိမိဘဏ္ဍာ ထဲက အထူးထူးအပြားပြားသော အသစ် ဟောင်း တို့ကို ထုတ်ဘော် သောအိမ်ရှင် နှင့်တူ သည် ဟု မိန့် တော်မူ၏။